ကိုဗစ်ကို အနိုင်ယူ ခဲ့တဲ့ မြန်မာ့ အသက်အကြီးဆုံး ကိုဗစ်လူနာ အသက် (၁၀၀) အဖွား
Posted on
ဝေဖြိုးဟန်
၈-၁၀-၂၀၂၀
unicode
မြန်မာနိုင်ငံ ရဲ့ အသက်အကြီးဆုံး Positive လူနာ အင်းစိန်သူ အသက် ၁၀၀ အဖွား ဆေးရုံက ကျန်းမာစွာ ပြန်ဆင်းနိုင်ခဲ့ပြီ
မြေးဖြ စ်သူ Positive လူနာ၏ Contact person အဖြစ် ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ ရရှာသော အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ရဲဘော် ၁လမ်းမှ အသက် ၁၀၀ အရွယ် ရှိ အ ဖွားဒေါ် သိန်းခင် ကျန်းမာစွာဖြင့် ဆေးရုံက ပြန်ဆင်းလာနိုင်ခဲ့ပြီဖြစ်ပါသည်။
အင်းစိန် GTI Quarantine Center 1 သို့ Quarantine ဝင်ရန် ရောက်ရှိလာသူ အဖွား ဒေါ်သိန်းခင်သည် Swab test စစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့က MO HS ကြေညာ ချက်တွင် Positive လူနာအဖြစ် ပါဝင်သွားခဲ့ပါသည်။
ထို့‌နောက် အင်းစိန်မှ ရိုးမရိပ်သာ ကုသရေးစင်တာသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ရာ ယနေ့ ၈-၁၀-၂၀၂၀ ရက်နေ့တွင် Negative ပြန်ဖြစ်ပြီး ကျန်းမာရွှင်လန်းစွာ အင်းစိန်ရှိ ဖော့ ကန် ရဲေ ဘာ် ၁လမ်း နေအိမ်သို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်ပါသည်။
အဖွားဒေါ် သိန်းခင်သည် အသက် ၁၀၀ ဖြစ် ၍ မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး Positive လူနာအဖြစ် မှတ်တမ်းဝင်ခဲ့သလို၊ ကုသရေးစင်တာမှ ပိုးကင်းစင်သက်သာပြီး အောင်မြ င်စွာ ပြန် လည်ဆင်းလာနိုင်သည့် အသက်အကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါကြောင်း ဝမ်းသာဂုဏ်ယူစွာ အသိပေးအပ်ပါသည်။
အား လုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်း သာနိုင်ကြပါစေ။ ဝေဒနာခံစားနေကြရသူအပေါင်း၊ ကူညီဆောင်ရွက်ပေးနေကြသူအပေါင်း ဘေးဘယာဝေးကွာနိုင်ကြပါစေ။ (အဖွား၏ ဓါတ်ပုံနှင့် ေ ဆးေ ထာက်ခံချက်ကို မိသားစုဝင်၏ သဘောတူညီချက်ဖြင့် တင်ပြပေးလိုက်ရပါသည်။)
ဝေဖြိုးဟန်
၈-၁၀-၂၀၂၀
Leave a Reply
Your email address will not be published. Required fields are marked *