ကိုဗစ် ရဲ့ နောက်ဆက်တွဲ ပြဿနာ

Posted on

ကာလရှည်ကြာလာတဲ့ ကိုဗစ်ကြောင့် စားဝတ်နေရေး အဆင်မပြေမှု အလုပ် အကိုင်အဆင်မပြေမှုကနေ လူတွေရဲ့ အကျင့်စရိုက်တွေ ဖောက်ပြန်လာတာ အတော်မြင်တွေ့လာရတယ်။အဓိက ကတော့ အခက်အခဲကို ရင်ဆိုင်မဖြေရှင်းချင်တာရယ် ဖြေရှင်းနည်းမတက်ကြတာရယ်။

ကိုယ့်ပန်းတိမ်ဆရာထဲကအချို့ကိုပဲ ရွှေရောင်းသုံး တိမ်းရှောင်လာတယ်။ သူတို့ကိုကြိုပြောထားတယ် အခက်အခဲရှိရင်ပြော ကိုယ်လုပ်တဲ့ရွှေကို ခိုးမရောင်းနဲ့လို့။ခက်တာက အသိဉာဏ်ပညာနည်းတော့ အလွယ်ဖြေရှင်းပလိုက်တယ်။ ကိုယ့်မှာတော့ ကိုယ့်ဟာဆုံးမှာထက် သူတို့ အကျင့်စာရိတ္တဖောက်ပြန်သွားမှာ လမ်းလွဲသွားမှာစိုးပြီး
NEW DELHI, INDIA – APRIL 13: Volunteers from Sant Nirankari, a charitable foundation, distribute free gloves, hand sanitizer and facemasks to those in need as India remains under an unprecedented lockdown over the highly contagious coronavirus (COVID-19) on April 13, 2020 in New Delhi, India. Indias Prime Minister Narendara Modi will make an announcement on Tuesday morning regarding extension of the 21-day lockdown that was imposed in the country on March 25 to curb the spread of coronavirus. Seven states have already extended the lockdown, which has severely affected the countrys poor, till April 30 as death toll in India due to the global pandemic rose to 308 and the number of confirmed cases to over 9,000 on Monday. (Photo by Yawar Nazir/Getty Images)

ဟေ့ လူ ပြန်လာ ဘာမှမဖြစ်ဘူး။ အလုပ်ကိုပြန်လုပ် အလုပ်လုပ်ရင် အကြွေး ကိုဆပ်သွား။ အကြွေးဆိုတာ ဖြည်းဖြည်းချင်းဆပ်သွားကျေတာပဲဆိုပြီး ပြန်ချော့ခေါ် တည့်မတ်ပေးရတယ်။မနေ့ကလည်း မိန်းကလေးတစ်ဦး အမြန်ချောပို့ (Express) လုပ်ငန်းလုပ်တာ။ အခြားမြို့မှာ သူခွဲပေးထားတဲ့ သူ့သူငယ်ချင်းက လိမ်သွားလို့ သိန်း ၄၀ လောက်ပါသွားတယ်တဲ့။

ဒီဘက်က သူ့ဆီအပ်ထားတဲ့ အွန်လိုင်းအရောင်းဆိုင်တွေကိုလည်း သူက စိုက်မလျော်နိုင်ဘူး ပြဿနာတက်နေပြီ။ နာမည်ပျက်သွားရင် သူ့လုပ်ငန်းလည်း ထပ်လုပ်မရ ထူထောင်ခါစ မိသားစုဘဝလေးကပျက်တော့မယ်။အဲ့ ဒါဘယ်လိုလုပ်ရမလဲတဲ့ . . .

အဲ့တော့ ညီမအနေနဲ့ လိမ်သွားတဲ့သူကို တရားစွဲမယ်ဆိုလည်း လိမ်သွားတဲ့ငွေနဲ့ တရားစွဲလို့ ကုန်မှာနဲ့ ဘာမှမထူးဘူး။ ကိုယ့်နိုင်ငံက တရားရေးကလည်း သိတဲ့အတိုင်း အဲ့တော့ လိမ်သွားတဲ့သူဆီက ရသလောက်လည်း ချော့တောင်းပါ။

ပီးရင် ညီမပေးစရာရှိတဲ့သူတွေဆီ တိုက်ရိုက်သွားတွေ့ပီး ဖြစ်စဉ်ကိုရှင်းပြပါ တောင်း ပန်ပါ။ သူတို့ကို ပေးစရာရှိတာကို လုံးဝမဆုံးစေရဘူး။ အသက်နဲ့ ရင်းပြန်ဆပ်ပါ့မယ်လို့ကတိပေး။ Black list လုပ် မကြေငြာဖို့ပြော။ အဲ့လိုလုပ်လိုက်ရင် ညီမအလုပ်လည်းလုပ်မရတော့ပဲ သူတို့အကြွေးလည်း ဆုံးသွားမယ်ဆိုတာ သေချာရှင်းပြပါဆိုပီး အားပေးအကြံပြုလိုက်တယ်။

ခုလိုမဖြေရှင်းပဲ ထွက်ပြေးရင် သူလည်း လူလိမ်အဖြစ်နဲ့ တစ်ဘဝလုံး လမ်းလွဲသွားမယ်။ သူပေးစရာရှိတဲ့သူတွေလည်း အကြွေးဆုံးဖြစ်မှာလေ။လူတစ်ယောက်က တစ်ခါလိမ်ဖူးရင် ထပ်လိမ်ဖို့မခဲယဉ်းတော့ဘူး။ အကျင့်ပျက်ဖူးရင် ထပ်ပျက်ဖို့မရှက်တော့ဘူး။ အစမလုပ်မိဖို့ အရေးကြီးတယ်။

စီးပွါးပျက်တာပြင်လို့လွယ်တယ် အကျင့်ပျက်တာက ပြင်ဖို့ခက်တယ်။ဒီလို လိမ်ညာ မတရားလုပ်တဲ့ ဖြစ်စဉ်တွေ အများကြီးကြားလာရတယ်။ အထူးသဖြင့် အွန်လိုင်းခေတ်မှာ အွန်လိုင်းကို အသုံးပြုလိမ်လည် အသုံးချလာတာတွေ အများကြီးတွေ့လာရတယ်။ မိန်းကလေးငယ်များပါ လိုက်လိမ်နေတာတွေ့ရတယ်။

တနေ့ကပဲ အမဆိုင်နာမည်ကို အသုံးပြုပြီး မိန်းကလေး တစ်ယောက်က လိုက်လိမ်နေတယ်။ ကိုယ့်အသိထဲကကိုခံလိုက်ရသေးတယ်။အဲ့တော့ ပြောချင်တာက အခက်အခဲတွေ့ရင် မှန်ကန်စွာရပ်တည်ဖြေရှင်းကြပါ။ ငါတစ်ယောက်တည်းဖြစ်နေတယ်လို့ မတွေးပါနဲ့ အားလုံးဖြစ်နေတာပါ။

လူတွေက မရှိလို့တောင်းစားရတာကို ရှက်တယ်။ လိမ်ရမှာကို မရှက်ကြဘူး။ အဲ့လိုတလွဲဖြစ်နေကြတာ။ အလွယ်ဖြေရှင်းလိုက်ချင်ကြတယ်။ အဲ့လိုမျိုးလုံးဝ မလုပ်ကြပါနဲ့။ စိတ်ထားကောင်းမှ ကံကောင်းတယ်ဆိုတာ မမေ့နဲ့။

အခက်အခဲဖြစ်ရင် ကိုယ့်မိသားစု ကိုယ့်မိတ်ဆွေ ကိုယ့် ဆရာတွေနဲ့ ဆွေးနွေးတိုင်ပင် အကူအညီရယူပါ။ အဲ့ ဒါ ရှက်စရာမဟုတ်ပါ။ ကလိမ်ကကျစ်ကျတာကမှ ရှက်စရာကောင်းတာပါ။ သံသရာတစ်လျောက်လုံးခံရမယ့် အလုပ်ကို မလုပ်ကြပါနဲ့။လူတစ်ယောက် အကျင့်စာရိတ္တပျက်စီးသွားရင် ဘာမှလုပ်မရတော့ပါဘူး။ အရာအားလုံးရှုံးသွားပါပီ။

ဘဝအတွက် တန်ဖိုးအရှိဆုံး အရှက်နဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားပါ။ ကိုဗစ်ကြောင့် ဒီထက်ပိုမိုခက်ခဲလာဖို့ပဲရှိပါတယ်။ ကြိုတင်ပြင်ဆင်ထားပါ။အားလုံးပဲ အခက်အခဲအကျပ်အတည်းများကို မှန်ကန်စွာရင်ဆိုင်ဖြေရှင်းနိုင်ပါစေ။

– ကျော်ကြီး(MDY)

Leave a Reply

Your email address will not be published. Required fields are marked *