အိုင်စီဂျေ အမှီ ရံပုံငွေမတည်ပြီး လျှို့ဝှက်သတင်းတွေ ဖွင့်ချ လိုက် တဲ့ ဗြိတိသျှနှင့် အီးယူနိုင်ငံများ
Posted on
စစ်ကောင်စီ ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို စီမံကိန်းချပြီး တိတ်တစိတ် လှုပ်ရှားနေခဲ့တဲ့ ဗြိတိသျှနဲ့ ဥရောပနိုင်ငံတွေဟာ ၊ စစ်ကောင်စီ ရင်ဆိုင်မယ့် အိုင်စီဂျေအမှု့ ရောက်ခါနီးမှာ ဖွင့်ချလိုက်တာကတော့ ၊ သံတမန်နည်းလမ်းနဲ့ ကြိုးပေးတော့မယ့် အနောက်နိုင်ငံတွေရဲ့ အပိုင်ချုပ်ကွက်လို့ပဲ မြင်ပါတယ် ။
ဆိုရရင် …၊
သံမဏိကြိုးမျှင်နဲ့ ထူးခတ်ခံထားရတဲ့ စစ်ကောင်စီဟာ လှုပ်လေ ၊ နစ်လေပါပဲ ။
ဘကြီးအောင် LA
unicode
စစ်ကောင်စီကို အမြစ်နှုတ်ဖို့ ဗြိတိသျှက စီမံကိန်းတစ်ခု အကောင်အထည်ဖော်လိုက်တယ် ။ ဒီစီမံကိန်းဟာ အခုမှ ထုတ်ပြောလာပေမယ့် တိတ်တဆိတ် လှုပ်ရှားနေခဲ့တာကတော့ စစ်ကောင်စီ အာဏာသိမ်းစကတည်းကပါ ။ ဒီစီမံကိန်းဟာ သံတမန်နည်းလမ်းနဲ့ အပိုင်ချုပ်လိုက်တဲ့ စီမံကိန်းဆိုလည်း မမှားပါဘူး ။
ဗြိတိသျှအစိုးရက ဒီစီမံကိန်းက ရာထားတဲ့ သက်သေတွေကို စစ်ကောင်စီ ရင်ဆိုင်ရမယ့် အိုင်စီဂျေအမှု့အမှီ ထုတ်ဖော်လိုက်ခြင်းလို့ ပြောထားပါတယ် ။
” မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ရာဇဝတ်မှု့များကို မှတ်တမ်းတင် စစ်ဆေးနေသော လွတ်လပ်သည့် စုံးစမ်း စစ်ဆေးရေး ယန္တရား အဖွဲ့ ” တဲ့ ။
ဗြိတိသျှအစိုးရက ရံပုံငွေမတည်ပြီး စီမံကိန်းနဲ့ လှုပ်ရှားနေတာပါ ။ ဒီစီမံကိန်းကို ဥရောပနိုင်ငံ အတော်များများက ငွေကြေး ထည့်ဝင်ထားတယ် ။ ကုလသမ္မဂ အဖွဲ့ကြီးနဲ့လည်း သတင်းပေးပို့မှု့တွေ ဆက်သွယ်ထားပါတယ် ။ ဒီသတင်းတွေကိုတော့ ခိုင်လုံတဲ့ ပြည်တွင်းသတင်း ၊ ဓာတ်ပုံ ၊ ဗွီဒီယိုတွေ ၊ ဆိုရှယ်မီဒီယာပေါ်က သတင်း ၊ ဓာတ်ပုံ ၊ ဗွီဒိယိုတွေ ၊ နိုင်ငံခြားသတင်းဌာန ၊ ဂြိုလ်တုကရရှိတဲ့ သတင်းတွေနဲ့ အီမေလ်းနဲ့ရောက်လာတဲ့ သက်သေတွေပါ ။ ဒါတွေအားလုံးဟာ ခိုင်လုံသထက် ခိုင်လုံနေပြီး နောက်ကျနေပြီလို့တောင် နိုင်ငံတကာက ဝေဖန်နေကြပါပြီ ။
လူ့အခွင့်အရေး ချိူးဖောက်မှု့တွေအတွက် စစ်ကောင်စီကို အနောက်နိုင်ငံတွေက ဖိအားပေးနေတဲ့အပြင် ပြည်သူ့အစိုးရအတွက်လည်း ရံပုံငွေ ရှာနေကြတယ်လို့ သုံးသပ်ပါတယ် ။ ဘာ့ကြောင့်လည်းဆိုတော့ ၊ စစ်ကောင်စီကျူးလွန်ထားတဲ့ ရာဇဝတ်မှု့ သတင်း ၊ ဓာတ်ပုံ ၊ ဗွီဒီယို တွေဟာ နည်းလမ်းအမျိူးမျိူးနဲ့ ဒီအဖွဲ့နဲ့ ကုလဆီကို ရောက်နေခဲ့တာပါ ။ ဆိုတော့ ၊ ရံပုံငွေဟာ ဘယ်အတွက် သုံးမလဲလို့ တွေးတောစရာပါ ။
ဗြိတိသျှအစိုးရက မတည်ပြီး ဥရောပနိုင်ငံ တော်တော်များများ ထည့်ဝင်ကြတဲ့ ရံပုံငွေဟာ
NUG အစိုးရ ပုံဖော်နေတဲ့ PDF ရဲ့ D-Day အတွက်လား ….?
အိုင်စီဂျေအမှု့မှာ လတ်တလော ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို ကြားဖြတ်ကြားနာဖို့ ရှေ့နေစားရိတ်လား … ?
ဆိုတာကို စဉ်းစားရပါလိမ့်မယ် ။
စစ်ကောင်စီ ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို စီမံကိန်းချပြီး တိတ်တစိတ် လှုပ်ရှားနေခဲ့တဲ့ ဗြိတိသျှနဲ့ ဥရောပနိုင်ငံတွေဟာ ၊ စစ်ကောင်စီ ရင်ဆိုင်မယ့် အိုင်စီဂျေအမှု့ ရောက်ခါနီးမှာ ဖွင့်ချလိုက်တာကတော့ ၊ သံတမန်နည်းလမ်းနဲ့ ကြိူးပေးတော့မယ့် အနောက်နိုင်ငံတွေရဲ့ အပိုင်ချုပ်ကွက်လို့ပဲ မြင်ပါတယ် ။
မှတ်မိကြဦးမှာပါ ။ ဧပြီလတုန်းက မြန်မာ့ကမ်းလွန်အနီးမှာ လေယာဉ်တင်သင်္ဘောြင်္ကီးတွေ ရောက်လာတော့ ၊ မူဆယ် ဟိုဘက်ကမ်းမှာ တရုပ်တပ်တွေ အသင့်ပြင်လာတယ် ။ ဒါဟာ ကမ္ဘာ့စစ်ရေးကစားကွက် သဘောပါ ။ စာရေးသူရဲ့ သုံးသပ်ချက်ကတော့ မြန်မာကို မနာစေချင်တဲ့ စေတနာလို့ပဲ မြင်ပါတယ် ။ သို့ပေမယ့် မဟာမိတ် နိုင်ငံတွေဘက်ကတော့ အလျှော့မပေးပါဘူး ။ သံတမန်နည်းလမ်းနဲ့ ကြိူးစားလာကြတာပါ ။ သံတမန်နည်းလမ်းနဲ့ အောင်မြင်လာတဲ့အခါ ၊ စစ်ရေးမှာ သိပ်ပြီး မခက်ခဲတော့ပါဘူး ။ ( သံတမန်နည်းနဲ့ ထောက်ခံထားမှတော့ ၊ အခြားအကူအညီအတွက် ကိုယ့်ဟာကိုယ်သာ တွေးယူပါ )။
ဆိုရရင် …၊
” အိုင်စီဂျေမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သက်သေအခိုင်အလုံနဲ့ ကြားဖြတ်တင်သွင်းမလား …. ?
ဆိုတဲ့မေးခွန်းကို စဉ်းစားရပါလိမ့်မယ် ။ စာရေးသူကတော့ ယတိပြတ်မပြောနိုင်သေးပါဘူး ။ သို့ပေမယ့်
” ဗြိတိသျှနဲ့ ဥရောပနိုင်ငံတွေဟာ စစ်ကောင်စီ လတ်တလော ကျူးလွန်ထားတဲ့ သက်သေတွေကို ဘာ့ကြောင့် အိုင်စီဂျေအမှီမှာ ထုတ်ပြောလိုက်တာလဲ … ?
ဒါက ထူးခြားချက်ပါ ။ အများညီနေတဲ့ ကိစ္စမှာ ကမ္ဘာ့ခုံရုံးက လက်ခံလိမ့်မယ်လို့လည်း ယူဆရပါတယ် ။
ဒီတော့ ….၊ NUG နဲ့ အနောက်နိုင်ငံတွေ မောင်းသွင်းနေတဲ့ ကျူံးထဲကို စစ်ကောင်စီ ဝင်လာပါပြီ ။ လှည့်လို့မရတော့ပါဘူး ။
ခြောက်ပြပါလိမ့်မယ် ။ ပြည်တွင်းက တက်နေတဲ့ သတင်းတွေအရ ယူအက်စ်သံရုံးပိတ်တယ် ၊ ဂျပန်သံရုံးကို ဝင်တယ်လို့ ကြားရပေမယ့် ၊ နိုင်ငံတကာသတင်းမှာ မတွေ့ရသေးပါဘူး ။
ဗြိတိသျှ ဦးဆောင်ပြီး ရံပုံငွေမတည်ထားတဲ့ ” လွတ်လပ်သော စုံးစမ်း စစ်ဆေးရေး ယန္တရား အဖွဲ့ ” ဟာ ဦးခေါင်းကို သေသေချာချာ ချိန်ပစ်ခံရတဲ့ နှင်းသွဲ့သွဲ့ခိုင် ၊ ဝေယံထွန်း ၊ ကြယ်စင် တို့နဲ့ များစွာသော အသက်ပေးခဲ့ရသူ သူရဲကောင်းတွေရဲ့ မှတ်တမ်းတွေလည်း ရရှိထားပါတယ် ။ မင်းတပ် ၊ မတူပီ ၊ဒီမောဆိုး ၊ ကလေးမြို့ တွေမှာ သေနတ်ချင်း ယှဉ်ပစ်ရုံတင်မကပဲ လောင်ချာနဲ့ ဖြိူခွင်းတဲ့ မှတ်တမ်းတွေ ။ ကရင်ပြည်နယ် ၊ ကချင်ပြည်နယ်တွေမှာ ရွာတွေကို လေယာဉ် ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေ ။ ထားဝယ် ၊ မန္တလေး ၊ မြင်းခြံ ၊ ပင်းတယ ၊ မြိူင် ၊ ရန်ကုန် ၊ လှိုင်သာယာ ၊ မိုးမောက် ၊ မိုးကုတ် ၊ မြောက်ဥက္ကလာ အကြမ်းဖက်ဖြိူခွင်းမှု့တွေနဲ့ အခုနောက်ဆုံး ဒီပဲယင်းအထိ သက်သေအခိုင်အလုံ ရထားတယ်လို့ ပြောပါတယ် ။ စစ်ကောင်စီရဲ့ စစ်ကြောရေးဌာနမှာ သေသည်အထိ လက်လွန်တာ ၊ အက်စစ်နဲ့ပက်တာ ၊ လိင်မတူသူ ၊ လိင်တူသူကအစ ကာမကို ခြိမ်းခြောက်ပြီး သတင်းနှိုက်တာတွေ ။ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဖမ်းဆီး ၊ သတ်ဖြတ်တာတွေ နဲ့ မိုးမောက်မြို က အဒေါ်ရဲ့ ကြက်ခြံမှာ ကြက်စာကြွေးနေတဲ့ ” အောင်ဒီ ” ဆိုတဲ့ လူငယ်တစ်ယောက် သေဆုံးပုံကိုလည်း ပြောပြထားပါတယ် ။ ဒါ့အပြင် အမျိူးသမီးငယ်တစ်ယောက်ကို လမ်းပေါ်မှာ လေးဘက်ထောက်ခိုင်းပြီး တင်ပါးကို အားကုန် ကန်နေတဲ့ စစ်ကောင်စီ လက်နက်ကိုင်တစ်ဦးရဲ့ ဓာတ်ပုံကလည်း ” လူတွေမှ ဟုတ်ရဲ့လား ” လို့ အချင်းချင်းပြန်မေးပြီး ၊ ကြည့်သူတွေ မျက်ရည်လည်ခဲ့ရတယ်လို့ ဒီသတင်းက ဖော်ပြထားပါတယ် ။
ပြည်သူတွေကတော့ အဆမတန် ပေးဆပ်ထားပြီးပါပြီ ။ ဒီ့ထက် ပေးဆပ်ရရင်တော့ သွေးချောင်းစီးဖို့သာ ရှိပါတော့တယ် ။ သို့ပေမယ့် ၊ ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေပါဘူး ။ အစွမ်းကုန် ကြိူးစားကူညီနေတယ်ဆိုတာ မမေ့ပါနဲ့ ။
သံမဏိကြိူးမျှင်နဲ့ ထူးခတ်ခံထားရတဲ့ စစ်ကောင်စီဟာ လှုပ်လေ ၊ နစ်လေပါပဲ ။
ဘကြီးအောင် LA
Leave a Reply
Your email address will not be published. Required fields are marked *