ဒူဘိုင်းက သန့်ရှင်းရေးသမားလေး လမ်းပေါ် မှာ အသည်းပုံ ရေးဆွဲရခြင်းနောက်ကွယ် က အကြောင်းအရင်း

မိသားစုကို ထားရစ်ကာ မွေးရပ်မြေကနေ စွန့်ခွာပြီး အခြားမြို့၊ အခြားနိုင်ငံမှာ အလုပ်သွား လုပ်ကြရတဲ့လူတွေဟာ တစ်ခါတလေ အ ထီးကျန်သလို၊ အိမ်ကို လွမ်းသလို ခံစားရတတ်ပါတယ်။ အဲဒီလိုခံစားချက်ကို အခြားမြို့၊နိုင်ငံမှာ အလုပ်သွားလုပ်တဲ့သူတိုင်း ခံစား မိကြ မ ယ်ထင်ပါ တယ်။

ဒီအိန္ ဒိယလူမျိုးသန့်ရှင်းရေးသမား ကလည်း မိသားစုကို လွမ်းတဲ့ခံစားချက်ကို ချစ်စရာကောင်းတဲ့ပုံစံနဲ့ ထုတ်ပြထားပါတယ်။ ဘယ် လိုမျိုးလဲဆိုရင် သူဟာ သန့်ရှင်းရေး လုပ်ရင်း တံမြက်စည်း၊ သစ်ခက်၊ သစ်ရွက်ခြောက်တွေကို အသုံးပြုပြီး လမ်းမထက်မှာ အ သည်း ပုံရေးဆွဲ ခဲ့တာ ပါပဲ။

အသည်းပုံ ရေးဆွဲနေတဲ့သူ့ရဲ့ ပုံကို သတင်းဌာနတစ်ခုက ဒူဘိုင်းမြို့လ ယ်ခေါင်မှာ အလှတရားကို ပုံဖော်နေတဲ့ အမည် မသိ အမျိုးသားနဲ့ပတ်သက်ပြီး အရမ်းကဗျာဆန်တဲ့အရာတစ်ခုခုရှိပါတယ်ဆိုတဲ့စာသားနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အဲဒီပုံရဲ့ နောက် ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။

Khaleej Times ရဲ့သတင်း အရ အဲဒီအမျိုးသားက အသက် (၃၀) အရွယ် ရာမက်ချ် ဂန်ဂါရာဂျန် ဂန်ဒီ ဖြစ်ပြီး ဒူဘိုင်းကုမ္ပဏီမှာ သန့်ရှင်း ရေးဝန်ထမ်း လုပ်ကိုင်နေတယ်ဆိုတာပါပဲ။ သူက သစ်ရွက်ခြောက်တွေကို လှည်းကျင်းတဲ့ တစ်နေ့တာအလုပ်ကို လုပ်နေရ င်း မြေပြင်မှာ အသည်းပုံရေးဆွဲဖြစ်ခဲ့တာပါ။ ရာမက်ချ်က ပြီးခဲ့ တဲ့နှစ် သြဂုတ်လမှာ လက်ထပ်ပြီး စက်တင်ဘာလမှာ အလုပ် လုပ် ဖို့အတွက် UAE ကို ရောက်လာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဇနီးနဲ့မိသားစုကို လွမ်းတဲ့အတွက် အသည်းပုံရေးဆွဲခဲ့တာလို့ သိရ ပါတယ်။ “ကျွန်တော် ရဲ့ဇနီး၊ မိသားစုကို လွမ်းနေတယ်။

အခြားသူတွေ ကျွန်တော့်ကို ကြည့်နေတာ ကျွန် တော်မသိခဲ့ဘူး။ အွန်လိုင်းမှာ ပုံမြင်တော့ ကျွန်တော်အရမ်း အံ့အားသင့်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ခံရတဲ့နေ့က ကျွန်တော် အိမ်အကြောင်း တွေး နေတာ။ မိသားစုတွေ ဘာလုပ်နေလဲ။ ဘယ်လိုနေကြလဲ ဆိုပြီး ကျွန်တော် တွေး တောမိနေတာပါ။ ကျွန်တော့်ဇနီးကိုလည်း ပိုလွမ်းမိ ပါတယ်။ ကျွန်တော့်ဇနီးနဲ့ (၁) လပဲ အတူနေခဲ့ရတာပါ။ အခု သူက ကျွ န်တော့်မိဘ တွေနဲ့အတူ နေပါတ ယ်။ ကျွန်တော် ဒူဘိုင်း ကနေ အလုပ်ကမ်းလှမ်းချက်ရတော့

ချက်ချင်းပဲ အိမ်ကနေ ထွက်သွားခဲ့ရပါတယ်။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို အရမ်းအကြာကြီး မပျော်ရွှင်ခဲ့ရဘူး”လို့ ရာမက်ချ်က ပြောပါတ ယ်။ သူ့အဖေက လူကြီးရောဂါကြောင့် နေမကောင်း ဖြစ်နေသလို အသက်ကြီးနေပြီဖြစ်တဲ့ သူ့မိဘတွေအတွက် စိတ်မအေး ကြောင်းနဲ့ သူတို့ဆီ အလ ည်သွား နိုင်ဖို့ မျှော်လင့်နေကြော င်းလည်း ရာမက်ချ်က ထုတ်ပြောခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရ ပ်စ်ကပ် ရောဂါ ရဲ့ရို က်ခတ်မှုကို လူတိုင်းကြုံ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ လွ တ်လွတ်လပ်လပ်ခရီး ထွက်လို့မရတော့ဘူး။

မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတိုင်းစိ တ်ပူကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်မိသား စုဝင်တွေ တစ်ယောက်မှ COVID-19 ကူးစက်မခံရပေမယ့် ကျွန်တော့် အဖေက အတော်လေးနေမကောင်းဖြစ်နေပါတယ်။ အခုတော့ ခရီးသွား ဖို့က နည်းနည်းတော့ လွယ်ကူ လာပါပြီ။ ဒါကြောင့် ကျွန်တော့်မိသားစု၊ ကျွန်တော့်ဇနီးတို့နဲ့ အတူတူနေနိုင်ဖို့အတွက် ကျွန် တော် အိန္ဒိယကို သွား တော့မှာပါ။ မကြာခင် ကျွန်တော့် မိသားစုကို မြင်တွေ့ ရတော့မှာကို သိရဖို့အတွက်

ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ရာမက်ချ်က ပြောပါတယ်။ ရာမက်ချ်က အသည်းပုံကို ဝမ်းနည်းပြီး ရေးဆွဲခဲ့တာမဟုတ်ဘဲ သူ့ဇ နီးနဲ့မိသားစုတို့ကို တွေ့ရတော့မှာကို စိတ်လှုပ်ရှားပြီး စိတ်မအေးနိုင်ဖြစ်ကာ ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရာမက်ချ် အသ ည်းပုံဆွဲနေတဲ့ ပုံက လူမှုကွန်ယက်မှာ တော်တော် ပျံ့နှံ့သွားခဲ့တာပါ။ ရာမက်ချ်အ ကြောင်းကို သိသွားခဲ့တဲ့ ဒူဘိုင်းရဲ့ လူမှုဖွံ့ဖြိုး တိုးတက် ရေးဝန်ကြီးဌာန က သူ့ကို ပံ့ပိုးထောက်ပံ့တဲ့ အနေနဲ့ လက်ဆောင် ပေးပို့ခဲ့တယ် လို့လည်းသိရပါတယ်။

Crd

Add a Comment

Your email address will not be published. Required fields are marked *