ကို႐ိုနာဗိုင္းရပ္စ္က ဦးေႏွာက္ထဲ ကို ဝင္ေရာက္ႏိုင္စြမ္း ရွိေၾကာင္း ေလ့လာမႈ တစ္ရပ္ကဆို

Posted on

ကိုဗစ္လူနာအခ်ိဳ႕မွာ ေခါင္းကိုက္ျခင္း၊ ထိတ္လန႔္တၾကားျဖစ္ျခင္းနဲ႔ ကေယာင္ကတမ္း ျဖစ္ျခင္းတို႔ ေတြ႕ႀကဳံရပါတယ္။ COVID-19 လူနာအခ်ိဳ႕မွာ ေခါင္းကိုက္ျခင္း၊ ထိတ္လန႔္တၾကားျဖစ္ျခင္းနဲ႔ ကေယာင္ကတမ္းျဖစ္ျခင္းတို႔ ေတြ႕ရၿပီး ထိုအေျခအေနဟာ ကို႐ိုနာဗိုင္းရပ္စ္က ဦးေႏွာက္ထဲကို တိုက္႐ိုက္ ဝင္ေရာက္သြားျခင္းေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ စက္တင္ဘာ ၉ ရက္ေန႔မွာ ထုတ္ျပန္ေ ဖာ္ျပတဲ့ ေလ့လာမႈ တစ္ရပ္က ေျပာပါတယ္။

ထိုသုေတသနျပဳ ေလ့လာမႈဟာ ပဏာမ အဆင့္သာျဖစ္ေသးေပမဲ့ ယခင္က က်ယ္က်ယ္ျပန႔္ျပန႔္ စစ္ေဆးခဲ့ျခင္းမရွိတဲ့ အယူအဆတစ္ရပ္ကို ေထာက္ခံရန္ အေထာက္အထားေတြ ေတြ႕ရွိရ တယ္ လို႔ ဆိုပါတယ္။ အေမရိကန္ႏိုင္ငံရွိ Yale တကၠသိုလ္မွ ကိုယ္ခံအားစနစ္ဆိုင္ရာ ကြၽမ္းက်င္သူ အကီကိုအိုင္ဝါဆာကီ ဦးေဆာင္ တဲ့ ယခု ေလ့လာမႈစာတမ္းအရ ကို႐ိုနာဗိုင္းရပ္စ္ဟာ ဦးေႏွာက္ထဲမွာ ပြားမ်ားလာႏိုင္ၿပီး ဦးေႏွာက္ဆဲလ္မ်ား အနီးအနားမွာ ရွိေနႏိုင္တယ္လို႔ သိရပါတယ္။ သို႔ေသာ္ ဦးေႏွာက္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈအေျခအေနကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသး ပါဘူး။

Human brain, illustration.

ကယ္လီဖိုးနီးယားတကၠသိုလ္မွ အာ႐ုံေၾကာဌာန အႀကီးအကဲ ေဒါက္အက္စ္အင္ဒ႐ူးဂ်ိဳးဇက္ပ္ဆန္က ယခု သုေတသနျပဳ ေလ့လာမႈမွာ အသုံးျပဳခဲ့တဲ့ နည္းပညာကို ခ်ီးက်ဴး ခဲ့ၿပီး ဗိုင္းရပ္စ္ဟာ ဦးေႏွာက္ကို တိုက္႐ိုက္ ကူးစက္ေရာက္ရွိႏိုင္ျခင္းရွိ မရွိအေပၚ သိနားလည္ျခင္းက အထူးအေရးႀကီးတယ္လို႔ ေျပာခဲ့ပါတယ္။ သို႔ေသာ္ ေလ့လာမႈရလဒ္ စာတမ္းကို အျပန္အလွန္ သုံးသပ္မႈျပဳ လုပ္ၿပီးခ်ိန္ အထိ ၎အေနနဲ႔ သတိထား ေနေၾကာင္း ၎ကဆိုပါတယ္။

unicode

ကိုဗစ်လူနာအချို့မှာ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်းနဲ့ ကယောင်ကတမ်း ဖြစ်ခြင်းတို့ တွေ့ကြုံရပါတယ်။ COVID-19 လူနာအချို့မှာ ခေါင်းကိုက်ခြင်း၊ ထိတ်လန့်တကြားဖြစ်ခြင်းနဲ့ ကယောင်ကတမ်းဖြစ်ခြင်းတို့ တွေ့ရပြီး ထိုအခြေအနေဟာ ကိုရိုနာဗိုင်းရပ်စ်က ဦးနှောက်ထဲကို တိုက်ရိုက် ဝင်ရောက်သွားခြင်းကြောင့် ဖြစ်နိုင်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ေ ဖာ်ပြတဲ့ လေ့လာမှု တစ်ရပ်က ပြောပါတယ်။

ထိုသုတေသနပြု လေ့လာမှုဟာ ပဏာမ အဆင့်သာဖြစ်သေးပေမဲ့ ယခင်က ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးခဲ့ခြင်းမရှိတဲ့ အယူအဆတစ်ရပ်ကို ထောက်ခံရန် အထောက်အထားတွေ တွေ့ရှိရ တယ် လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရှိ Yale တက္ကသိုလ်မှ ကိုယ်ခံအားစနစ်ဆိုင်ရာ ကျွမ်းကျင်သူ အကီကိုအိုင်ဝါဆာကီ ဦးဆောင် တဲ့ ယခု လေ့လာမှုစာတမ်းအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ဦးနှောက်ထဲမှာ ပွားများလာနိုင်ပြီး ဦးနှောက်ဆဲလ်များ အနီးအနားမှာ ရှိနေနိုင်တယ်လို့ သိရပါတယ်။ သို့သော် ဦးနှောက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

Human brain, illustration.

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အာရုံကြောဌာန အကြီးအကဲ ဒေါက်အက်စ်အင်ဒရူးဂျိုးဇက်ပ်ဆန်က ယခု သုတေသနပြု လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ နည်းပညာကို ချီးကျူး ခဲ့ပြီး ဗိုင်းရပ်စ်ဟာ ဦးနှောက်ကို တိုက်ရိုက် ကူးစက်ရောက်ရှိနိုင်ခြင်းရှိ မရှိအပေါ် သိနားလည်ခြင်းက အထူးအရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။ သို့သော် လေ့လာမှုရလဒ် စာတမ်းကို အပြန်အလှန် သုံးသပ်မှုပြု လုပ်ပြီးချိန် အထိ ၎င်းအနေနဲ့ သတိထား နေကြောင်း ၎င်းကဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *