ေရဆြမ္း ဆရာေတာ္ ဦးသီဟ မိန႔္ၾကား တဲ့ ေဒၚေအာင္ဆန္းစုၾကည္ အေၾကာင္း

အရင္က ေဒၚေအာင္ဆန္းစုၾကည္ ကို အႏွစ္ (၂၀) ေလာက္ ပိတ္ေလွာင္ထား ခဲ့ၾက တယ္ ။

ဒီေတာ့ … ပညာဉာဏ္ အခံရွိသူ ရဲ႕ သဘာဝအရ ဒီအတိုင္း မေနဘူး ။ တန္ဖိုး ရွိတဲ့ အခ်ိန္ေတြ ကို ဒူးေထာက္ၿပီး အရႈံး မေပးဘူး ။ သမထ ဝိပႆနာ တရားေတြ ကို ေလ့လာ တယ္။ အားထုတ္တယ္ ။ ပုထုဇဥ္ သဘာဝအရ ႏိုင္ငံေရးကို ေတြးတာ လုပ္တာက တစ္ပိုင္းေပါ့။ အဲဒီလို ပိတ္ေလွာင္ ထား တဲ့ အခ်ိန္ေတြ အတြင္းမွာ သူ႔ကို စကားပါ ေျပာခြင့္မေပး ဘူး ။

သူ႔ကို သြားေျပာတဲ့ သူ အဖမ္းခံ ရမယ္။ သူက လာေျပာ လို႔ လက္ခံေျပာရင္ အဖမ္းခံ ရမယ္။ ဆိုေတာ့ ဘယ္သူ မွ စကားလာ မေျပာ ရဲေတာ့ဘူး ။ အဲဒီလို ေျပာခြင့္မေပးေတာ့ ဝစီပိတ္ အက်င့္ပါ တြဲၿပီး က်င့္ၿပီးသား ျဖစ္သြား တယ္ ။ အဲဒီကာလ အတြင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ၈ ပါးသီလ ယူၿပီး တရားအား ထုတ္ေနခဲ့တဲ့ ရက္ေတြလည္း ရွိမယ္။ ဒီလိုနဲ႔ ျဖတ္သန္းလာ ခဲ့ တဲ့ ကာလက နည္းနည္းေနာေနာ မဟုတ္ ။

ဒီေတာ့လည္း အက်င့္ နဲ႔ သီလ တြဲရင္ သမာဓိ အားေကါင္းလာမွာ ေသခ်ာတယ္။ အတိုင္းအတာ တစ္ခုအထိ ခရီးေရာက္လာမယ္။ သမထ ဝိပႆနာ တရားအားထုတ္မႈက သူ႔အတြက္ ဝသီေဖၚ ျဖစ္လာမယ္။ ဝသီေဖၚ ႏိုင္လာ မယ္ ။ အခ်ိန္ ကို အတိအက် ေလးစားလိုက္နာသူ ျဖစ္လို႔ အားထုတ္ခ်ိန္ က စၿပီး ေလးစားလိုက္နာ မွာ ေသခ်ာတယ္။

ဒီအေနအထားအတိုင္း အက်င့္ သီလ သမာဓိပိုင္းမွာ ခိုင္မာလာျခင္း ရဲ႕ အက်ိဳး ဆက္ေတြကေတာ့ သူမအေပၚ အမ်ိဳးမ်ိဳးေသာ လုပ္ႀကံခံရမႈေတြ၊ အသက္ေဘး နဲ႔ ရင္ဆိုင္ရမႈေတြ ၊ အမ်ိဳးမ်ိဳးေသာ ေဗဒင္ ယၾတာ အစီအရင္ေတြကို ေက်ာ္ျဖတ္ခဲ့ၿပီး … ဒီလို ဒီလိုနဲ႔ အက်ယ္ခ်ဳပ္ဘဝ အက်ဥ္းစံဘဝက လြတ္တာနဲ႔ မၾကာခင္မွာပဲ့ … လက္နက္ဆိုလို႔ အပ္တိုတစ္ေခ်ာင္းေတာင္ မကိုင္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ျမန္မာျပည္ ရဲ႕ ေခါင္းေဆာင္ တစ္ေယာက္ ၊ ကမာၻေက်ာ္ အမ်ိဳးသမီးႀကီး တစ္ေယာက္ ၊ ကမာၻ႔ႏိုင္ငံႀကီးေတြက ေခါင္းေဆာင္ေတြက ေလးစားရတဲ့ အမ်ိဳးသမီးႀကီး တစ္ေယာက္ ျဖစ္လာခဲ့တယ္။

ဒါေတြက တရား အားထုတ္ ခဲ့သူ တစ္ေယာက္ ကို တရားက ျပန္လည္ ေစာင့္ေရွာက္မႈေပးေနျခင္း ဆိုတာ လက္ေတြ႕ျပေနသလို သူမအေပၚ မေကာင္းႀကံစည္ခဲ့ၾကသူတိုင္း ဇာတ္သိမ္းမလွခဲ့ၾကတာကလည္း လက္ေတြ႕ျမင္ေနၾကရတာ ပါပဲ။ ဆိုလိုခ်င္တာက တရားအ သိရွိၿပီး တရားအား ထုတ္ေန တဲ့ သူတစ္ေယာက္ ဟာ ေဘးအႏၲရာယ္ ႀကီးႀကီးမားမားေတြ နဲ႔ ရင္ဆိုင္ေတြ႕ခဲ့ရင္ေတာင္ မွ တရားက ျပန္လည္ၿပီး အၿမဲ ေစာင့္ေရွာက္မႈ ေပးေနမႈ အရ၊ နတ္ေကာင္း နတ္ျမတ္ေတြ ရဲ႕ ေစာင့္ေရွာက္မႈ အရ အႏၲရာယ္ အေပါင္းက လြတ္ေျမာက္သြားရမွာ ျဖစ္ ပါတယ္။

ဒါေတြကို သေဘာ မေပါက္ႏိုင္ၾကသူ အေပါင္း ကေတာ့ သူမအေပၚဒီေန႔ ဒီအခ်ိန္ အထိ အမ်ိဳးမ်ိဳး ႀကံစည္ လုပ္ႀကံ ေနၾကဆဲပါ ။ သမထ ၊ ဝိပႆနာ ဘာဝနာတရားရယ္ ၿပီးေတာ့ သီလနဲ႔ သိက္ခါကို လုံၿခဳံေအာင္ ထိန္းသိမ္း ေစာင့္ေရွာက္ ထား တဲ့ သူ တစ္ေယာက္ ကို မလိုသူေတြက လြယ္လင့္တကူနဲ႔ မေကာင္းႀကံစည္ လို႔ မရေအာင္ တရားက ျပန္လည္ ေစာင့္ေရွာက္မႈ ေပးေန တယ္ ဆိုတာ လက္ေတြ႕ သာဓကေတြ မ်ားစြာ ရွိ ပါတ ယ္။ Zawwin Hlaing

unicode

အရင်က ဒေါ်အောင်ဆန်းစုကြည် ကို အနှစ် (၂၀) လောက် ပိတ်လှောင်ထား ခဲ့ကြ တယ် ။

ဒီတော့ … ပညာဉာဏ် အခံရှိသူ ရဲ့ သဘာဝအရ ဒီအတိုင်း မနေဘူး ။ တန်ဖိုး ရှိတဲ့ အချိန်တွေ ကို ဒူးထောက်ပြီး အရှုံး မပေးဘူး ။ သမထ ဝိပဿနာ တရားတွေ ကို လေ့လာ တယ်။ အားထုတ်တယ် ။ ပုထုဇဉ် သဘာဝအရ နိုင်ငံရေးကို တွေးတာ လုပ်တာက တစ်ပိုင်းပေါ့။ အဲဒီလို ပိတ်လှောင် ထား တဲ့ အချိန်တွေ အတွင်းမှာ သူ့ကို စကားပါ ပြောခွင့်မပေး ဘူး ။

သူ့ကို သွားပြောတဲ့ သူ အဖမ်းခံ ရမယ်။ သူက လာပြော လို့ လက်ခံပြောရင် အဖမ်းခံ ရမယ်။ ဆိုတော့ ဘယ်သူ မှ စကားလာ မပြော ရဲတော့ဘူး ။ အဲဒီလို ပြောခွင့်မပေးတော့ ဝစီပိတ် အကျင့်ပါ တွဲပြီး ကျင့်ပြီးသား ဖြစ်သွား တယ် ။ အဲဒီကာလ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ၈ ပါးသီလ ယူပြီး တရားအား ထုတ်နေခဲ့တဲ့ ရက်တွေလည်း ရှိမယ်။ ဒီလိုနဲ့ ဖြတ်သန်းလာ ခဲ့ တဲ့ ကာလက နည်းနည်းနောနော မဟုတ် ။

ဒီတော့လည်း အကျင့် နဲ့ သီလ တွဲရင် သမာဓိ အားကေါင်းလာမှာ သေချာတယ်။ အတိုင်းအတာ တစ်ခုအထိ ခရီးရောက်လာမယ်။ သမထ ဝိပဿနာ တရားအားထုတ်မှုက သူ့အတွက် ဝသီဖေါ် ဖြစ်လာမယ်။ ဝသီဖေါ် နိုင်လာ မယ် ။ အချိန် ကို အတိအကျ လေးစားလိုက်နာသူ ဖြစ်လို့ အားထုတ်ချိန် က စပြီး လေးစားလိုက်နာ မှာ သေချာတယ်။

ဒီအနေအထားအတိုင်း အကျင့် သီလ သမာဓိပိုင်းမှာ ခိုင်မာလာခြင်း ရဲ့ အကျိုး ဆက်တွေကတော့ သူမအပေါ် အမျိုးမျိုးသော လုပ်ကြံခံရမှုတွေ၊ အသက်ဘေး နဲ့ ရင်ဆိုင်ရမှုတွေ ၊ အမျိုးမျိုးသော ဗေဒင် ယတြာ အစီအရင်တွေကို ကျော်ဖြတ်ခဲ့ပြီး … ဒီလို ဒီလိုနဲ့ အကျယ်ချုပ်ဘဝ အကျဉ်းစံဘဝက လွတ်တာနဲ့ မကြာခင်မှာပဲ့ … လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မကိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာပြည် ရဲ့ ခေါင်းဆောင် တစ်ယောက် ၊ ကမ္ဘာကျော် အမျိုးသမီးကြီး တစ်ယောက် ၊ ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေက လေးစားရတဲ့ အမျိုးသမီးကြီး တစ်ယောက် ဖြစ်လာခဲ့တယ်။

ဒါတွေက တရား အားထုတ် ခဲ့သူ တစ်ယောက် ကို တရားက ပြန်လည် စောင့်ရှောက်မှုပေးနေခြင်း ဆိုတာ လက်တွေ့ပြနေသလို သူမအပေါ် မကောင်းကြံစည်ခဲ့ကြသူတိုင်း ဇာတ်သိမ်းမလှခဲ့ကြတာကလည်း လက်တွေ့မြင်နေကြရတာ ပါပဲ။ ဆိုလိုချင်တာက တရားအ သိရှိပြီး တရားအား ထုတ်နေ တဲ့ သူတစ်ယောက် ဟာ ဘေးအန္တရာယ် ကြီးကြီးမားမားတွေ နဲ့ ရင်ဆိုင်တွေ့ခဲ့ရင်တောင် မှ တရားက ပြန်လည်ပြီး အမြဲ စောင့်ရှောက်မှု ပေးနေမှု အရ၊ နတ်ကောင်း နတ်မြတ်တွေ ရဲ့ စောင့်ရှောက်မှု အရ အန္တရာယ် အပေါင်းက လွတ်မြောက်သွားရမှာ ဖြစ် ပါတယ်။

ဒါတွေကို သဘော မပေါက်နိုင်ကြသူ အပေါင်း ကတော့ သူမအပေါ်ဒီနေ့ ဒီအချိန် အထိ အမျိုးမျိုး ကြံစည် လုပ်ကြံ နေကြဆဲပါ ။ သမထ ၊ ဝိပဿနာ ဘာဝနာတရားရယ် ပြီးတော့ သီလနဲ့ သိက်ခါကို လုံခြုံအောင် ထိန်းသိမ်း စောင့်ရှောက် ထား တဲ့ သူ တစ်ယောက် ကို မလိုသူတွေက လွယ်လင့်တကူနဲ့ မကောင်းကြံစည် လို့ မရအောင် တရားက ပြန်လည် စောင့်ရှောက်မှု ပေးနေ တယ် ဆိုတာ လက်တွေ့ သာဓကတွေ များစွာ ရှိ ပါတ ယ်။ Zawwin Hlaing

Add a Comment

Your email address will not be published. Required fields are marked *