ရုတ်တရက် မြေကျွံ ပေါက်ကြီး ဖြစ်ပေါ်ပြီး လမ်းလျှောက် နေတဲ့ လူနှစ်ယောက် ကို ဝါးမျိုသွားတဲ့ အဖြစ် (ရုပ်/သံ)

ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင်(၂၇)ရက်က တရုတ်နိုင်ငံ၊ Chongqing မြို့က လမ်းဘေး တစ်နေရာမှာ ရုတ်တရက် မြေကျွံပေါက် ကြီး ဖြစ်ပေါ်ပြီး လမ်းေ လျှာက်ေ နတဲ့ လူနှစ်ယောက်ကို ဝါးမျိုး သွားခဲ့ပါတယ်။ အခင်းဖြစ်ပျက်ပုံကို အနီးအနားက CCTV ကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ မြေကျွံပေါက်တွေ ဖြစ်ေ ပါ် ရခြင်းရဲ့ အဓိကအကြောင်း အရင်းက ရေအောက်မြေများ၊ တိုက်စားခြင်း၊ မြေသားမခို င်မှုကြောင့် ဂလိုင်စားခြင်း မှတစ်ဆင့် မြေကျွံတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တ ရု တ်မှာတော့ အိမ်သုံးလေးလုံးစာ ဝါးမျိုနိုင်တဲ့ မြေကျွံပေါ က်တွေ မကြာခဏ ဖြစ်လေ့ရှိပြီး၊ တစ်ခါ တလေ ကားတွေ၊ လူတွေ ဝါးမျိုးခံရတတ်ပါတယ်။

မြေကျွံပေါက်အတွင်း ဝါးမျိုခံရတဲ့ လူနှစ်ယောက် ဟာ ကျားလား မလား ဒေသခံမီဒီယာတွေက အတည်ြ ပုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် CCTV မှတ်တမ်းကို ပြ န်ကြည့် တဲ့အခါ ကျားတစ်ေ ယာက် မတစ်ေ ယာက်လို့ ယူဆရ ပါတယ်။ ဒီအကြောင်းကို ဒေသခံမီဒီ ယာေ တွက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ ဖော်ပြခဲ့ကြတာပါ။

သတင်းမှာတော့ နှစ်ယောက်စလုံး ကို အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ် လို့ သိရပါတယ်။ မြေကျွံပေါက်တွေ ရဲ့ သဘာဝအတိုင်း တစ်နေရာမှာ ဖြစ်ပြီးရင် အဲ ဒီအ နီးတဝိုက် မှာ ဒီလိုဖြစ်စဉ်မျိုး ဆက်ပြီးဖြစ်နိုင်လို့ အာဏာ ပိုင်တွေအဖို့ အတော်လေး သတိထားနေရပါတယ်။ လက်ရှိအချိန်မှာတော့ အခင်းဖြစ် ရာနေ ရာ ကို ပိတ်စို့ထားပြီး၊ အမြန် ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။အခင်းဖြစ်ခဲ့တဲ့ Chongqing မြို့မှာ ပြီးခဲ့တဲ့ရက်တွေက မိုးသည်းထန်စွာ ရွာသွန်းခြဲ့ ခင်းကြောင့် မြေအောက်မှာ ရေဂလိုင်ပေါ က်တွေ စိမ့်ဝင်ရာ ကနေ အခုလို မြေကျွံမှု ဖြစ်စေတာလို့ ကနဦး သုံးသပ်နေပါတယ်။

ရုတ်တရက် မြေကျွံ ပေါက်ကြီး ဖြစ်ပေါ်ပြီး လမ်းလျှောက် နေတဲ့ လူနှစ်ယောက် ကို ဝါးမျိုသွားတဲ့ အဖြစ် (ရုပ်/သံ)

Credit – D Nae Khit

Add a Comment

Your email address will not be published. Required fields are marked *