မျက်ကပ်မှန်တပ်ခါမှ မျက်လုံး ပါ ဆုံးရှုံးလိုက်ရတဲ့ သင်ခန်းစာ ယူစရာ အမျိုးသမီး…

အလှမကြိုက်တဲ့မိန်းကလေးရယ်လို့တော့ ရှိမယ်မထင်ပါဘူး။ လှချင်တာ အမှားတစ်ခုတော့မမှားပါဘူး။ ခုဆိုရင် အလှအပတွေက နည်းပညာနဲ့ပေါင်း စပ်လိုက် တဲ့ အခါမှာ ခေတ်မီလာသလို၊ ပိုပြီးတော့လည်း အသစ်အဆန်းတွေများပြားလာကြပါတယ်။ ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးနီးပါးကို လှေ အာင်လုပ်လို့ရနေပြီဖြစ်သလို၊ အလှဆင်စရာ ပစ္စည်းတွေလည်း အရမ်းကို များလာပါပြီ။ခုဆိုရင် လူတော်တော်များများဟာ ရောင်စုံမျက်ကပ်မှန်လေးတွေကို အမြင် အာရုံအားနည်းလို့ပဲဖြစ်စေ၊အလှအဖြစ်ပဲဖြစ်စေ တပ်လေ့ရှိကြပါတယ်။ မျက်ကပ်မှန်တပ်တိုင်း အန္တရာယ်ရှိတယ်လို့တော့ မဆိုလိုပေမယ့် ပစ္စည်းတစ်ခုခုကို ကိုယ်အ သုံးပြုတော့မယ်ဆိုရင် အဲ့ဒီ့ပစ္စည်းရဲ့ အားနည်းချက်၊ ဆိုးကျိုးတွေနဲ့ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကိုတော့ သေချာသိထားဖို့လိုပါတယ်။ ဒီလိုမှမ ဟု တ် ရင်ေ တာ့ မျက်ကပ်မှန်မှမဟုတ်ပါဘူး၊ ဘယ်ပစ္စည်းကမဆို ကိုယ့်အတွက် အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။

ခုဆိုရင် အမြင်အာရုံမကောင်းတဲ့သူတွေအားလုံးရဲ့ ၆၄% ဟာ မျက်မှန်အသုံးပြုကြသလို၊ ၁၁% လောက်ကတော့ မျက်ကပ်မှန်ကိုအသုံးပြုကြတယ်လို့ အမေရိက န်နိုင်ငံ အမြင်အာရုံဋ္ဌာနကနေ စာရင်းကောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့် မျက်ကပ်မှန်တပ်သူဦးရေဟာ နည်းတဲ့အရေအတွက်တော့ မဟုတ်တော့ပါဘူး။ ဒီအ ထဲ မှ အမျိုးသမီးတစ်ယောက် ဟာ ကံဆိုးတယ်လို့ပဲဆိုရမလား မျက်ကပ်မှန်ကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်။

Suzanne Dunne လို့ခေါ် တဲ့အ မျိုးသမီးတစ်ေ ယာက်ဟာဆိုရင် ကပ်ပါးကောင် ကပ်နေတဲ့ မျက်ကပ်မှန်ကို မသိပဲတပ်မိလိုက်တဲ့အတွက် အဲဒီ့ကပ်ပါးကောင်က မျက်ကြည်လွှာကို စားပစ် လိုက် တာကြောင့် အမြင်အာရုံကို လုံးဝ ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။ည (၇) နာရီလောက်မှာ အိပ်ပြီး မနက် (၁)နာရီလောက် တစ်ရေးနိုးတော့ ကျွန်မမျ က်လုံးက လုံးဝကွယ် သွား ပါတယ် လို့ သူမကပြောပါတယ်။ မြင်မြင်သမျှဟာမှောင်နေပြီး ဘာကိုမှမမြင်ရတော့သလို၊ ဘာဖြစ်သွားတာလဲ ဆိုတာတောင် မသိဘူးလို့လည်း ဆက်ပြော ခဲ့ပါတယ်။

အိမ်သားအားလုံးနိုးလာပြီးသူမကို အရေးပေါ်ကားနဲ့ဆေးရုံကိုချက်ချင်းခေါ်သွားခဲ့ပေမယ့် သူမကတော့ မျက်လုံးကို အစားပြန် မရနိုင်တော့ပါ ဘူး။ဆရာဝ န်တွေရဲ့ ပြော ကြားချက်အရ ဒါဟာ Acanthamoeba လို့ခေါ်တဲ့ Virus တစ်မျိုးက မျက်နှာ သစ်ရင်းနဲ့ မျက်ကပ်မှန်ထဲကို ဝင်သွား တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုဖြ စ်စ ဉ်ဟာ မျက်ကပ်မှန် တပ်တဲ့သူတွေမှာသာ ဖြစ်တတ်တာမျိုးပါ လို့လည်း ဆိုခဲ့ပါတယ်။အပြင်ကရာသီဥတုပူတဲ့အခါ အဲဒီ့ဗိုင်းရပ်စ်က ရေကနေတ စ်ဆင့် ဝင် လာပြီး အေးတဲ့နေရာမှာ နေပါတယ်။ ဒါကြောင့်ဖြစ်ရတာပါလို့လည်း ဆိုခဲ့ပါတယ်။ယခုအချိန်မှာတော့ ဆရာဝန်တွေရဲ့ကြိုးစားအားထုတ်မှုကြောင့် ဘယ်ဖက်မျ က် လုံးတော့ပြန်မြင်ရပြီဆိုပေမယ့် ညာဖက်မျက်လုံး ကတော့ ဘယ်လိုမှ မရတော့တာကြောင့် ဆုံးရှုံး လိုက်ရပါတယ်။ မျက်ကပ်မှန် တပ်သူတိုင်းလည်း သတိ ထားနိုင် ဖို့အတွက် ဝေမျှပေးလိုက်ရခြင်းဖြစ်ပါတယ်။

Credit Aunty May
Source : Shared

Add a Comment

Your email address will not be published. Required fields are marked *