အခြေအနေ မဟန်ရင် ဆိုက်ကား နင်းသင့် နင်းရ မှာပဲ ဆိုတဲ့ လူရွှင်တော် “မျောက်ရှုံး”

ကိုဗစ်ကာလ အတွင်းမှာ အနုပညာလှုပ်ရှားမှုတွေ နားထားရတဲ့ လူရွှင်တော် မျောက်ရှုံးက ပရိသတ်တွေအတွက် 5 stars entertainment Page ကနေ ဟာ သ ဗီဒီယိုလေးတွေ တင်ပေးနေတယ်လို့ ဆိုပါတယ်။အနုပညာကို ရူးသွပ်လွန်းတဲ့ လူရွှင်တော် သရုပ်ဆောင် ‌မျောက်ရှုံး ကတော့ ပွဲတွေ နားထား ရတာတောင် ပရိသ တ်တွေ အတွက် သူတတ်ကျွမ်းတဲ့ အနုပညာအလုပ် နဲ့ ဖျော်ဖြေနေသူ ဖြစ်ပါတယ်။ ကိုဗစ်ကာလ အတွင်းမှာ အခြားစီးပွားရေးကို မလုပ်တတ်ပေမယ့် သူတ တ်ကျွမ်းတဲ့ အနုပညာနဲ့ 5 stars entertainment Page ကနေ ဟာသဗီဒီယိုေ လးတွေ တင်ပေးဖြ စ်နေတယ်လို့ ဆိုပါတယ်။

“ဒီကာလ မှာကတော့ ဘာအလုပ် မှလည်းမရှိဘူး။ဒါပေမယ့် အနုပညာသမား ဆိုတာ တစ်ခုခု လုပ်နေရမှ အဆင်ပြေမှာဆိုတော့ မရှိတာရှိတာ အသာထား အနု ပညာတစ်ခုခု လုပ်နေရင်း နဲ့ငတ်နေတာကို သိပ်သဘောကျတာ။ အွန်လိုင်းမှာ 5 stars entertainment ဆိုပြီး ပေ့ခ်ျလည်း ဖွင့်ထားတယ် အဲ့မှာ ပရိသတ်ေ တွကို ပျော်ရွှင်အောင် ဟာသလေးတွေ တင်ဆက်ပေးတယ်။

တစ်ခါတစ်ခါ အိတ်စိုက်ရတာ ရှိပေမယ့် စပွန်ဆာတွေ ကလည်း ထောက်ပံ့ပေးပါတယ်” လို့ ဆို ပါတယ်။ကိုဗစ်ကာလ အတွင်းမှာ အခြားသော အနုပညာရှင် တွေက မိသားစု စားဝတ်နေရေးအတွက် ဈေးရောင်း တာတွေလည်း ရှိလို့နေပေမယ့်လည်း သူ ကတော့ ဘာမှ မလုပ်တတ်တာကြောင့် ဈေးတော့ မရောင်းဖြစ်ဘူးလို့ ပြောပါတယ်။ ဒီကာလအတွင်း မှာ ဈေးရောင်းနေရတဲ့ အနုပညာရှင်တွေအနေနဲ့ ကလည်း မဖြစ် သာလို့ ဈေးရောင်းနြေ ကတာဖြစ်ပြီး ဘယ်အနု ပညာရှင် ကမှ ဈေးရောင်းချင်တဲ့သူ မရှိဘူးလို့ သူက ဆိုပါတယ်။

“သူတို့က လုပ်နိုင်တယ် ကျွန်တော်တို့ က မလုပ်တတ်တာ မရောင်း တတ်ဘူး စားတတ်တယ်။ တစ်သတ်လုံးရောင်းပါဆို မရောင်းဘူး။ အခိုက်အတန့်လေးမို့ ရှိတဲ့အတတ်ပညာ လေးနဲ့ မဖြစ်နိုင်လို့သာ လု ပ်နေရတာ ဘယ်အနုပညာရှင်သမားမှ ဈေးမရောင်းချင်ဘူး။ ဒါကျွန်တော်ရိုး သားစွာပြောတာ အနုပညာသမား ဆိုကလည်းက ဆိုမလား ကမလား တီးမလား ဒါတွေပဲ လုပ်ချင်တာ အခုလိုအခြေအနေမျိုးမှာ မိသားစု စားဝတ်နေရေး ထိန်းတဲ့အနေနနဲ့ လုပ်တာ ရေရှည်ဆို ဘယ်သူမှ မလုပ်ဘူး။ ကျွန်တော်တို့လည်း အထောက်အပံ့လေး နဲ့ သွားနေရလို့ ကျွန်တော်ဆို ဆိုက်ကား နင်းသင့် နင်းရမှာဘဲ “ လို့ သူကဆိုပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *