လွတ်လပ်ပေါ့ပါး တဲ့ စတိုင်လေးနဲ့ နုပျိုလန်းဆန်းပြီး ချစ်ဖို့ကောင်းနေ တဲ့ ရွှေကစ်လေး

ပွင့်လင်းဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေချစ်ပြီးရင်းချစ်နေရတာကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာ အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေ အရိပ်တကြည့်ကြည့်နဲ့အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့်လည်း အကယ်ဒမီ ထူးချွန်ဆုတွေ ရရှိပိုင်ဆိုင်ထားနိုင်တာလည်း ဖြစ်ပါတယ်။

အသားအရည်လေး ကလည်း အပြစ်ပြောစရာ မရှိသလို သရုပ်ဆောင်အပိုင်းမှာလည်း ကျရာဇာတ်ရုပ်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးတစ်ယောက်ပါ။ လတ်တလောမှာ လည်းကြော်ငြာလေးတွေ ရိုက်ကူးနေရတာ လည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကို လည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက် ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထား တာပဲ ဖြစ်ပါတယ်။

ဒါကတော့ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လေးနဲ့ ဆယ်ကျော်သက်လေး တစ်ယောက်လို နုပျိုလန်းဆန်းပြီး ချစ်ဖို့ကောင်းနေတဲ့ ရွှေကစ်လေးရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ သူမကလည်း ” ကစ်ရဲ့ Birthday Month လေးမှာ ချစ်ရတဲ့ သူတွေ အကုန်လုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေနော် ” ဆိုပြီးရေးသားထား တာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Wutt Hmone Shwe Yi’s Facebook Page and Gemini Nge

Add a Comment

Your email address will not be published. Required fields are marked *