သိက္ခာ ကျမှာ စိုး လို့ မိသားစု ကို ဖွက်ထား သ လို ဖြစ် ခဲ့ တဲ့ စည် သူ (ပလပ်ကျွတ်)

ဖက်ရှင် ထူထူးဆန်းဆန်းတွေ ဝတ်ဆင် တတ်တဲ့ ဟာသ သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်)ကတော့ ၂၀၀၄ ခုနှစ်ကတည်းက အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သိ က္ခာကျမှာစိုးလို့ မိသားစုကို ဖွက်ထားသလို ဖြစ်ခဲ့တယ်လို့ ဧရာဝတီကို ပြောပါတယ်။ “ကျနော် အိမ်ထောင်ကျတာ ၂၀၀၄ ခုနှစ်ကတည်းက။ ဦးကျော်ဟိန်းနဲ့ ဇာတ်ကားရိုက်ပြီးမှ အိမ်ေ ထာင်ကျတာပေါ့။ ပလပ်ကျွတ်ဆိုတာ အပေါအရူးလို့ သတ်မှတ်ထားတာလေ။ အနုပညာလောကရော အပြင်လောကရောကပါ အဲ့လို သတ်မှတ်ထားေ တာ့ ကျနော့်သားနဲ့ ကျနော့် မိန်းမက လည်း ကျနော့်ကို အရမ်းချစ်တော့ သိက္ခာကျမှာစိုးလို့ ဖွက် ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်”

“ကျနော်က တည်တည်ငြိမ်ငြိမ် မဟုတ်ဘူးလေ။ သူများ ဆို ရိုက်စရာရှိရိုက်ပေမယ့် တည်တည်ငြိမ်ငြိမ်ပဲ။ သူတို့နောက်မှာ အမည်းစက်မရှိဘူး။ ကျေ န်ာတို့ကျေ တာ့ နောက်မှာ အမည်းစက်ြ ကီး ငပေါ ဆိုတဲ့ အမည်းစက်ရှိတယ်။ ဒါကလည်း ကျနော်ကိုယ်တိုင်က စိတ်ချမ်းသာေ အာင် နေတယ်။ သူတ ပါးကိုလည်း စိတ် ချမ်းသာေ အာင် ထားတယ်”

“အဲ့လို မျိုးနေတော့ အမြဲ ကျနော့် ကို နှိမ်တယ်။ ဒါပေမယ့် ကျနော်က ဘာမှမဖြစ်ပါဘူး။ ဟုတ်ကဲ့ဆိုပြီး ပြုံးပြုံးလေးနေပေမယ့် ရင်ထဲတော့ မကောင်းဘူးပေါ့။ အဲ့ဒါတွေက မိသားစုကို ထိခိုက်မှာစိုးလို့ သူတို့ကို ထု တ်မပြတာပါ”လို့ စည်သူ(ပလပ်ကျွတ်) က ပြောပါတယ်။အမျိုးသမီးက ခရစ်ယာန် ဘာသာဝင်ဖြစ်ပေမယ့် သူ့အပေါ် ပါရမီဖြည့်ဖ က်ကောင်ြး ဖစ်ပုံ ကိုလည်း စည်သူ (ပလပ်ကျွ တ်)က အခုလို ဆိုပါတယ်။

“ကျနော့် အမျိုးသမီးက ခရစ်ယာန်ဘာသာဆိုပေမယ့် ကျနော် ခရီးတွေ သွားရင် မျက်နှာသစ်တော်ရေ ကပ်ပေးတယ်။ ဆီမီးအမွှေးတိုင် ထွန်းပေးတယ်။ ဘုရား မရှိခိုးရုံတ မယ် အကုန်လိုက်လုပ်ပေးပါတယ်။ ကျနော့်အတွက် အရမ်းတော်တဲ့ မိန်းမပါ။ အရမ်း အလိုက်သိတဲ့ မိန်းမပါ။ ဖုန်း Password တောင် ပေးမသိ လည်း ဘာမှ မပြောဘူး”လို့ စည်သူ (ပလပ်ကျွတ်)က ပြောပါတယ်။ ယခင်ကတော့ မိသားစုကို ထုတ်မပြခဲ့ပေမယ့် ရှေ့ဆက်ပြီး အသိသတိထားပြီး မိသား စုကိုပဲ ချစ်ပါတော့ မယ်လို့လည်း စည်သူ(ပလပ်ကျွတ်)က ဆိုပါတယ်။

“ကျနော် Facebook မှာ Single လို့ ရေးထားတာ လူပျိုပုံစံမျိုး နဲ့ နေတာဆိုတော့ ပရိသတ်တွေက ချစ်တာလည်း ပါမယ်။ ကိုယ်လည်း ကြောင်တာတွေ ပါမ ယ်။ အဲ့ဒါတွေ မြင်ရင်မကော င်းဘူးလေ။ ကျနော် ဇူလိုင် ၁၉ ကစပြီး အသိ သတိထားပြီး ဖြတ်လိုက်ပါပြီ။ အဲ့လို စိတ်တွေ မရှိတော့ပဲဖြတ်ပြီး မိသားစုကို ပဲချစ် ပါတော့မယ် ”လို့ စည်သူ(ပလပ်ကျွတ်) က ပြော ပါတယ်။

စည်သူ (ပလပ်ကျွတ်) ကတော့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားေ ပါင်းများမှာ ဟာသ သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင်ပြီး စူပါဟီးရိုး ဝတ်စုံတွေ ဝတ်ဆ င်လေ့ရှိတာကြောင့် လူသိများ သူ တဦးပါ။ စည်သူ (ပလပ်ကျွတ်) ကတော့ “ကိုပေါ” ရုပ်ရှင် ဇာတ်ကား ထဲမှာလည်း ပါဝင် သရုပ်ေ ဆာင်ထားပါတယ်။

ဆယ်လီရပ်ကွက်

Add a Comment

Your email address will not be published. Required fields are marked *