ရွေးကောက်ပွဲ ဝင်မည့် NLD ကိုယ်စားလှယ်လောင်း များ Facebook အသုံးပြု ၍ မဲဆွယ်မှုများ ပြုလုပ်နိုင် ရန် သင်တန်း တက် ရမည်





ပြည်မြန်မာ

unicode

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲအတွင်း ဝင်ရောက်အရွေးချယ် ခံရမည့် NLD ကိုယ်စား လှယ်လောင်းများ အနေဖြင့် Facebook အသုံးပြု၍ မဲဆွယ်မှုများပြုလုပ်နိုင်ရန်သင်တန်း တက်ရမည်ဖြစ်ကြောင်း သိရသည်။

“facebook မသုံးမဖြစ် သုံးရမယ်ဆိုတာ ကိုတော့ နှုတ်နဲ့ တော့ ညွှန်ကြားတာပေါ့နော်။ကျွန်တော်တို့က နောက်ပိုင်းမှာ ကင်ပိန်းကို အွန်လိုင်းကနေသွား ရတော့ မှာကိုး၊ဘာလို့လဲဆိုတော့ ကိုဗစိကာလ ဘယ်လို ခွင့်ပြုချက်ရှိမှန်းမသိလို့။ ကင်ပိန်းလုပ်ဖို့က အရင်လိုအခြေအနေရချင်မှ ရမှာလေနော်။facebook သုံးတဲ့ေ နရာ မှာေ တာ့ ကျွန်တော်တို့က သင် တန်းတွေပေးပြီးတော့ သုံးမှာလေ။

စည်းမျဉ်းစည်းကမ်းတွေနဲ့၊PR ပေါ့နော်။အဓိက အနေနဲ့က PR နဲ့ ပတ်သက် ပြီး တော့ အမှား အယွ င်းမရှိရအောင် ဒါတွေကိုတော့ သင်တန်းပေး အုံးမှာ ။သင် တန်း ကတော့ သြဂုတ်လ ရက် ၂၀ ပတ် ဝန်းကျင်ဆိုရင် ပေးတော့ မှာ”ဟု ဗိုလ်တေ ထာင်မြို့န ယ် မှ ဝင်ရောက် အရွေးချ ယ်ခံမည့် ကိုယ်စားလှယ်ေ လာ င်း ဦးတိုး ဝင်းက ပြည်မြ န်မာကို ပြောသည်။

ရွေးကောက်ပွဲအောင်နို င်ရေးအတွက် ဗဟိုပြန်ကြားေ ရးနှင့် ဗဟိုသုတေသန(၂)ခုပေါင်းပြီး Online အဖွဲ့ (၁)ခု ပြုလုပ် ထားပြီး တိုင်းနှင့်ပြ ည်နယ်ပြ န်ြ ကားေ ရး Page ထောင် ထားသ ည့် မြို့နယ်များကို သင်တန်းေ ပး သွားမည်ဖြစ်ေ ကြာင်း လည်း သိရသည်။

ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *