နယူးဇီလန္လို ကြၽန္းႏို င္ငံေလးက ေလာ့ေဒါင္းလုပ္ရတာ လြယ္ပါတယ္။ နယ္န မိတ္ခ်င္း ကပ္ေနတဲ့ႏိုင္ငံမရွိဘူး။ ဒါေတာင္ ေလာ့ေဒါင္းလုပ္တာ တပတ္ကို ေဒၚလာသန္း (၅၀၀) ကုန္တယ္။ သုံးလေလာက္ လုပ္လိုက္တာ ဘယ္ေလာက္ကုန္မလဲ တြက္ၾကည့္ေပါ့။ ေလာ့ေဒါင္းနဲ႔အတူ စီးပြားေရး လုပ္ငန္းေတြရပ္သြားတယ္။ တခ်ိဳ႕ ျပန္မဖြင့္ႏိုင္ေတာ့ဘူး။ ဒါေၾကာင့္လဲ နယူးဇီလန္ အစိုး ရက က်မတို႔ႏိုင္ငံဟာ စီးပြားေရးက်ဆင္းမႈ (Economic Recession) ကို ေရာက္သြားၿပီလို႔ ေၾကျငာခဲ့တယ္။ တျခားနည္းလမ္းကို စဥ္းစားၾကရေတာ့တယ္။
ေအာ္စီ ကေတာ့ အစိုးရမွာ အရံေငြ အမ်ားအျပားရွိေနေတာ့ ခံသာေသးတယ္ေလ။ အေမရိကန္ မွာ နယူးေယာက္ဟာ Stay Home ေၾကာင့္ ဗိုင္းရပ္စ္ကူးတာကို တား ဆီးႏို င္ခဲ့ တယ္လို႔ ဆို တ ယ္။ ဒါေပမယ့္ အခုေတာ့ ဘ႐ြတ္ကလင္နဲ႔ ကြင္းစ္ နယ္ေျမေတြမွာ ေရာဂါပိုးကူးတာ တက္လာတယ္။ ယခု ေအာက္တိုဘာမွာ ကူးစက္ႏႈန္းက အရွိန္ပိုရလာမယ္။ ဒီဇင္ဘာမွာ အဆိုး ဆုံးျဖစ္လာမယ္။ တေန႔ကို သုံးေထာင္ ေလာက္ေသမယ့္ အေမရိကားကို ျပန္ျမင္ေတြ႕ရမယ္လို႔ ဆိုတယ္။
အေမရိကန္က ျပည္နယ္ (၂၁) ခုမွာ ကူးစက္ႏႈန္းေတြ ျပန္တက္ေနတယ္။ တဘက္မွာေတာ့ ခရစ္ယာန္ဝတ္ ျပဳဆုေတာင္းပြဲေတြက ၿခိမ့္ၿခိမ့္သဲ က်င္းပေနတယ္။ ဟိုတေလာက လင္ကြန္း အ ထိ မ္းအမွတ္ အေဆာက္အဦႀကီးေရွ႕မွာ က်င္းပတဲ့ ပြဲေတာ္မွာ လူ ငါးေသာင္းေက်ာ္တက္ၾကတယ္။ ဘားဆိုင္ေတြ ျပန္ဖြင့္ၾကတယ္။ ေလာ့ေဒါင္းလုပ္လိုက္လို႔ စီးပြားေရးကပ္ဆိုက္မွာထက္ ခုခံ အားေကာင္းေအာင္ေနၿပီး ရွင္သန္ ေအာင္လုပ္ၾကမယ့္သေဘာ။
သမိုင္းကို ျပန္ၾကည့္လိုက္မယ္ဆိုရင္ အေမရိကန္ေတြရဲ႕ သေဘာသဘာဝကိုက တြန္းတြန္းတိုက္တိုက္ပဲ။ အေမရိကန္ ေဘာလုံးပြဲကိုက ဒီသေဘာပဲေလ။ ျမန္မာျပည္မွာ ကိုဗစ္ရံပုံေငြအတြက္ က်ပ္ေငြ ဘီလွ်ံ တေထာင္ လ်ာ ထားတယ္ တဲ့ ေဒၚလာနဲ႔တြက္ရင္ သန္း (၇၀၀) ေလာက္ရွိတာေပါ့ နယူးဇီလန္လို သုံးမယ္ဆိုရင္ေတာ့ ႏွစ္ပတ္စာ ေလာက္ပဲရမယ္။ တကယ္ ျဖစ္လာရင္ သန္း (၇၀၀) ဆိုတာ ဘာမွ လုပ္မရပါဘူး။
ႏိုင္ငံတကာမွာေတာ့ ကိုယ့္ရဲ႕ႏိုင္ငံဟာ စီးပြားေရး က်ဆင္းမႈ (Economic Recession) ျဖစ္သြားၿပီဆိုတာကို တရားဝင္ ေၾကျငာၾကတယ္။ အနာဂတ္အတြက္ သတိေပးတဲ့သေဘာ။ ႀကိဳ တင္ ျပင္ဆင္ဖို႔ ႏိုးေဆာ္တဲ့သေဘာ ဆိုပါေတာ့။ တကယ္ေတာ့ စီးပြားေရး လူမႈေရး အၾကပ္အတည္းေတြက ၂၀၂၁ က်မွ ပိုၿပီး သိသာလာမယ္။ ႏိုင္ငံအမ်ားအျပားကေတာ ႀကိဳတင္ ျပင္ဆ င္ေန ၾကေလရဲ႕…
Aung Moe Win
unicode
နယူးဇီလန်လို ကျွန်းနို င်ငံလေးက လော့ဒေါင်းလုပ်ရတာ လွယ်ပါတယ်။ နယ်န မိတ်ချင်း ကပ်နေတဲ့နိုင်ငံမရှိဘူး။ ဒါတောင် လော့ဒေါင်းလုပ်တာ တပတ်ကို ဒေါ်လာသန်း (၅၀၀) ကု န် တယ်။ သုံးလလောက် လုပ်လိုက်တာ ဘယ်လောက်ကုန်မလဲ တွက်ကြည့်ပေါ့။ လော့ဒေါင်းနဲ့အတူ စီးပွားရေး လုပ်ငန်းတွေရပ်သွားတယ်။ တချို့ ပြန်မဖွင့်နိုင်တော့ဘူး။ ဒါကြောင့်လဲ န ယူးဇီ လန် အစိုး ရက ကျမတို့နိုင်ငံဟာ စီးပွားရေးကျဆင်းမှု (Economic Recession) ကို ရောက်သွားပြီလို့ ကြေငြာခဲ့တယ်။ တခြားနည်းလမ်းကို စဉ်းစားကြရတော့တယ်။
အော်စီ က တော့ အစိုးရမှာ အရံငွေ အများအပြား ရှိနေတော့ ခံသာသေးတယ်လေ။ အမေရိကန် မှာ နယူးယောက်ဟာ Stay Home ကြောင့် ဗိုင်းရပ်စ်ကူးတာကို တား ဆီးနို င်ခဲ့ တ ယ် လို့ ဆို တ ယ်။ ဒါပေမယ့် အခုတော့ ဘရွတ်ကလင်နဲ့ ကွင်းစ် နယ်မြေတွေမှာ ရောဂါပိုးကူးတာ တက်လာတယ်။ ယခု အောက်တိုဘာမှာ ကူးစက်နှုန်းက အရှိ န်ပိုရလာမ ယ် ။ ဒီဇင်ဘာမှာ အဆိုး ဆုံးဖြစ်လာမယ်။ တနေ့ကို သုံးထောင် လောက်သေမယ့် အမေရိကားကို ပြန်မြင်တွေ့ရမယ်လို့ ဆိုတယ်။
အမေရိကန်က ပြည်နယ် (၂၁) ခုမှာ ကူးစက်နှုန်းတွေ ပြန်တက်နေတယ်။ တဘက်မှာတော့ ခရစ်ယာန်ဝတ် ပြုဆုတောင်းပွဲတွေက ခြိမ့်ခြိမ့်သဲ ကျင်းပနေတယ်။ ဟိုတလောက လင် ကွန်း အ ထိ မ်းအမှတ် အဆောက်အဦကြီးရှေ့မှာ ကျင်းပတဲ့ ပွဲတော်မှာ လူ ငါးသောင်းကျော်တက်ကြတယ်။ ဘားဆိုင်တွေ ပြန်ဖွင့်ကြတယ်။ လော့ဒေါင်းလုပ်လိုက်လို့ စီးပွားရေး ကပ် ဆိုက်မှာထက် ခုခံ အားကောင်းအောင်နေပြီး ရှင်သန် အောင်လုပ်ကြမယ့်သဘော။
သမိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် အမေရိကန်တွေရဲ့ သဘောသဘာဝကိုက တွန်းတွန်းတိုက်တိုက်ပဲ။ အမေရိကန် ဘောလုံးပွဲကိုက ဒီသဘောပဲလေ။ မြန်မာပြည်မှာ ကိုဗစ်ရံပုံငွေအ တွ က် ကျပ်ငွေ ဘီလျှံ တထောင် လျာ ထားတယ် တဲ့ ဒေါ်လာနဲ့တွက်ရင် သန်း (၇၀၀) လောက်ရှိတာပေါ့ နယူးဇီလန်လို သုံးမယ်ဆိုရင်တော့ နှစ်ပတ်စာ လောက်ပဲရမယ်။ တ က ယ် ဖြစ်လာရင် သန်း (၇၀၀) ဆိုတာ ဘာမှ လုပ်မရပါဘူး။
နိုင်ငံ တကာမှာတော့ ကိုယ့်ရဲ့နိုင်ငံဟာ စီးပွားရေး ကျဆင်းမှု (Economic Recession) ဖြစ်သွားပြီဆိုတာကို တရားဝင် ကြေငြာကြတယ်။ အနာဂတ်အတွက် သတိပေးတဲ့သဘော။ ကြို တင် ပြင်ဆင်ဖို့ နိုးဆော်တဲ့သဘော ဆိုပါတော့။ တကယ်တော့ စီးပွားရေး လူမှုရေး အကြပ်အတည်းတွေက ၂၀၂၁ ကျမှ ပိုပြီး သိသာလာမယ်။ နိုင်ငံအများအပြားကတော ကြိုတင် ပြင်ဆ င်နေ ကြလေရဲ့…
Aung Moe Win