လူနာ တင်ကား မလို၊ PPE မလို၊ ထမင်းကျွေးစရာ လည်း မလို တဲ့ စင်ကာပူ ကိုဗစ် စစ်နည်း

Posted on

ဒေါက် တာ ဉာဏ် တယောက် ဟွာ ဟင်း ကမ်းခြေ မှာ ဇိမ်ကျ နေတုန်း စင်္ကာပူက အမကြီး က ဖုန်းဆက်လာတယ် သူက ပုံမှန် စာပဲရေးလေ့ရှိတာ ဖုန်းဆက်လာပြီ ဆို တယောက်ေ ယာ က်ေ နမကောင်းပြီပဲ သူ့ဖုန်းကြားလျှင် ရင်အမြဲတုန်ရသည် သူကလည်းသူရေးသမျှ စာတွေ မဖတ်မှန်းသိတော့ အရေးကြီးပြီဆို ဖုန်းတန်းဆက်လေ့ရှိတယ်

ဟဲ လို ဆိုပြီး အသံကိုဆွဲပြီး ဇိမ်ကျ ပျင်းရိနေတဲ့ အသံ နဲ့ ထူး လိုက်တယ် ဟဲ့ တိတိ (တရုတ်လို မောင်လေးပေါ့ ) နင့်တူ တယောက် ဖျားနေတယ် ဩော် ဟုတ်လား ဒါများ ပါရာတိုက် ချောင်းလည်းဆိုးနေတယ် ငင့် ဒေါက်တာဉာဏ် ဒန်းပေါ်မှာ ဇိမ်ကျနေတာကနေ ထထိုင်ရပြီ အာသီးလည်း ရောင်တယ် နှာလည်းချေတယ် ဆက်ပြောတော့ ဘေးနားချထားတဲ့ နှာခေါင်းစည်း ကိုေ တာင် ရောင်ရမ်း ကောက်ကိုင်မိတယ်

နေပါအူံး ဘယ်နှစ်ရက်ရှိပြီလဲ မနေ့က ချောင်းစဆိုးတယ် ဒီနေ့ အဖျားတက်တယ် ဟု ပြန်ဖြေသည် အဲဒီမတိုင်ခင် ကျောင်းသွားလား ဘာတွေ လုပ်လဲ ဆက်မေး ဖြစ်သည် ကျောင်း သွား တယ် ဘက်စ်ကက်ဘောဆော့တယ်တဲ့ ဒုက္ခပဲ ဟု စိတ်ထဲတွေးမိသည် ဒါဆို ပါရာသောက်ပြီး ဆေးခန်းတန်းသွားတော့ ကိုဗစ် စစ်ရမယ် နှာခေါင်းစည်း လူတိုင်းတပ် ပါ အမတို့လည်းတပ် ပြီးရ င် ဘာထူးလဲ အကြောင်းပြန် ဗီတာမင် စီ ရေဆူဆေးပြား တထောင်အား လူတိုင်းသောက်ထားဟု ပြောတော့ အေးအေး ဆိုပြီး ဖုန်းချသွားသည်

ဇိမ်ပျက် ချေ၏ ညနေစောင်းဖုန်းပြန်ဆက်လာသည် ဆေးခန်းက ဆရာဝန်က နင့်လိုပဲ အသေးစိတ်ထပ်မေးပြီး တို့ဖတ်ယူထားလိုက်တယ် ပြီးတော့ ငွေမရှင်း နဲ့တော့ ပြေစာ အိမ်ပို့လိုက်မယ် တန်ြး ပန်တော့ဆိုလို ပြန်လာပြီ ငါဘာဆက်လုပ်ရမလဲ ဆိုတော့ ဟုမ်းကွာရန်တင်းချရမယ် အခန်းခွဲထား စားစရာပန်းကန်ခွက်ခွဲထား နှာခေါင်းစည်း တပ်ပါလို့ အလုပ်တွေကို လည်း အြေ ကာ င်းကြားထားပါ အိမ်မှာ PUI တယောက်ရှိနေပြီ အမ တို့ပါအချိန်မရွေး လော့ဒေါင်းဖြစ်သွားနိုင်တယ် ဆိုတော့ ကိုယ့်အမ အသံ မထွက်တော့

နော က်မှာ ပို့လာတော့ Home advice စာရွက် ဖတ်ကြည့်မိသည် ရေးထားတာ တို့ဖတ် ယူပြီး အိမ်တန်းပြန်ရန် မလိုက်နာလျှင် ကူးစက်ဥပဒေ အရ ဒေါ်လာ တသောင်းဒဏ်ငွေ သို့ေ ထာင် ၆လ သို့ ဒဏ်ငွေ ၂ရပ်စလုံး ပြန်လျှင် ကိုယ်ပိုင်ကား သို့ တက်ဆီသာစီးရန် အဲကွန်းပိတ် ပြတင်းပေါက်ဖွင့်စီးရန် ပြေစာယူရန် အပေါင်းထွက်လျှင် တက်ဆီသမားပါ စစ်ရမည့်ပုံ

အပေါင်း ထွက်ခဲ့လျှင် ၂ရက်အတွင်း ဘာဆက်လုပ်ရမည်ဆိုပြီး ဆရာဝန်မှ ဖုန်းဆက် လာမည် မစိုးရိမ်ရန် အဖြေ ကို ၅ရက်အတွင်း sms မှပို့ပေးမည် အရေးပေါ် ဖြစ်လျှင် ဆက်ရမည့်ဖုံး အိမ်မှာ ခွဲနေရန် ခွဲစားရန် လက်ဆေးရန် နှာခေါင်းစည်းတပ်ရန် စသည်ဖြင့် စုံစုံစေ့စေ့ရေးထားသည် အိမ် သားတွေ အတွက်ဘာမှာလဲဆိုတော့ အဖြေပေါ် မူတည်ပြီး ဆက်ပြောမ ဟုသြာေ ဖ၏တဲ့

ဒီတော့ ကိုယ့်အမကို ပြောလိုက်သည် အဲဒီအတိုင်းသာလုပ်လေ ဟုသာ ပြောလိုက်သည် နောက်ရက် ညနေ ကျတော့ စာပို့လာသည် ပြီးမှ ဖုန်းဆက်လာပြီး တိတိရေ အနုတ်တဲ့ ဆိုတော့ နောက်ထပ် ဘယ်နေ့ ထပ်စစ်မလဲဆိုတော့ ကျန်းမာရေးကောင်းနေရင် မစစ်တော့ဘူးတဲ့ လက္ခဏာတွေ ဆိုးလာရင်ဖုန်းဆက်ပါတဲ့ ဒါပဲပြောတယ် ဟုဖြေသည် ဘယ်လောက်ကျလဲဆိုတော့ မသိ ဘူး သူ့အဖေ ကုမ္ပဏီက ရှင်းပေးမယ်ပြောတယ် တဲ့ ဒီတခါ အသံအတော်ကျယ်သည် ကျန်းမာရေးအာမခံကျေးဇူးတွေ

အနှစ်ချုပ်က တရ က်တိတိ အချိန်ကြာ သွားသည် အဖျားလည်းကျ အဖြေလည်းထွက် တမိသားစု လုံးအနေအစားမပျက် အားလုံးအိုကေမှာ စိုပြေ ကိုယ်ထင်တာတော့ ဒဏ်ငွေ ဒေါ်လာတေ သာ င်း နှင့် ထောင်ခြောက်လ အတော် အစွမ်းထက်သည် PPE လည်းမလို Q စင်တာလည်းမလို လူနာတင်ကားလည်းမလို ထမင်းကျွေးစရာလည်း မလို ကိုဗစ်အဖြေဒေတာကလည်းေ ဆာ့ ဝဲလ် ကနေ တခါတည်းတန်းတက်သွားသည် ည ၈နာရီ ကို အမှီရေးရန်မ လို ဒေါက်တာဉာဏ်လည်း အခုမှ ဇိမ်ပြန်ကျရချေသည်

Nyan Win Phyo

Leave a Reply

Your email address will not be published. Required fields are marked *