နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီကနေ့ကြေညာ ချက် ထုတ်ပြန်

Posted on

ရွေးကောက်ပွဲကာလအတွင်းမှာ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားအောင် ဆူပူလှုံ့ဆော်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ေ ကြညာ ချ က် ထုတ်ပြန် အမိန့်ပေးလိုက်ပါ တယ်။

မဲဆွယ်ကာ လအတွင်းမှာ အကြမ်းဖက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေနဲ့ ဘာသာရေး လူမျိုးရေး အကြောင်းပြပြီး ဆူပူအောင်လှုံ့ဆော်နေသူတွေကို တွေ့နေရတယ်လို့ ဒီကနေ့ထုတ်ြ ပန် တဲ့ သမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောထားပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း ရွေးကောက်ပွဲဥပဒေတွေနဲ့အညီ မဲဆွယ်စည်းရုံးဖို့လည်း သမ္မ တ က တိုက်တွ န်းထားပါတယ်။

ရွေးေ ကာက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ပြောဆိုချိန်နဲ့ တချိန်တည်းမှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ဒေ သေ တွစာရင်းကို

ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရခိုင်ပြ ည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးေ ကာ က် ပွဲကော်မရှင်ကကြေညာလိုက်တာပါ။

ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီက ပ်ရောဂါအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲရုံစောင့်မယ့် ရဲတပ်ဖွဲ့ဝင်တွေကို တခါသုံး ဆေးစစ်ကိရိယာတွေနဲ့ စစ်ပေးနေပြီး အသက် (၆၀) အထက် လူကြီးတွေကို နေအိမ် မှာ ကနေ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်နေ

တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရရုပ်သံကတဆင့် ပြောထားပါတယ်။

လက်ရှိအချိန်ဟာ ကပ်ရောဂါကာလဖြစ်တာမို့ လူစုရုံးပြီး မဲဆွယ်တာတွေမလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက တားမြစ်ထားပေမယ့်လည်း နိုင်ငံရေးပါတီတွေလူစုလူဝေးနဲ့ အပြိုင်အဆိုင် မဲဆွယ်ေ နြ ကပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်ပဲ လိုတော့တဲ့အချိန်မှာ နိုင်ငံရေးပါတီတွေကြား ခိုက်ရန်ဖြစ်ပွားတာတွေလည်း ပိုပိုများလာပြီး အောက်တိုဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်း၊ ဟင်္သာ တမြို့နယ်မှာ NLD ပါတီဝင်

တွေနဲ့ ကြံခိုင်ေ ရးပါတီဝင်တွေကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် ၁၅ ဦး နဲ့ ကြံ့ခိုင်ရေးပါတီဝင် ကိုးဦးဒဏ်ရာရခဲ့တယ်လို့ သက်ဆိုင်ရာပါတီတာဝန်ရှိသူတွေက RFA ကို ပြောထား ပါ တယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာလည်း ရွေးကောက်ပွဲဝင်မယ့် NLD အမတ်လောင်း သုံးဦးကို လက်နက်ကိုင်လူတချို့က ဖမ်းသွားတာ ဒီနေ့ထိ မိသားစုဝင်တွေနဲ့ အဆက်အသွ ယ်မရေ သး သလို ဘယ်အဖွဲ့ရဲ့ လက်ချက် ဆိုတာလည်း တရားဝင်ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Crd RFA

Leave a Reply

Your email address will not be published. Required fields are marked *