ကိုဗစ်ကာလ အတွင်း ဗေဒင်နဲ့ အကြား အမြင် ဆရာတွေ ဝင်ငွေကောင်းနေ

Posted on

ကိုဗစ်ကာလရှည်ကြာလာတာ နဲ့ အမျှ လူတွေရဲ့ စီးပွားရေး၊ လူမှုရေးယုံကြည်ချက်တွေဟာလည်း တဖြည်းဖြည်း ကျဆင်းလာပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘာသာရေး လိုက်စားသူများတာတဲ့အပြင် နတ်၊ဘိုးတော်၊ ဗေဒင်လိုက် စား သူတွေလည်းများလာပါတယ်။ အိန္ဒိယနိုင်ငံဟာ နက္ခတ်ဗေဒင်ယတြာ ကိုယုံကြည်တဲ့ နိုင်ငံဖြစ်ပြီး ကိုဗစ်ကပ်ရောဂါအတွင်း နက္ခတ်၊ ဗေဒင်ဆရာတွေ အလုပ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ခုချိန်မှာလူတွေက အရမ်းကိြုေ ကာ က်နေကြ တယ်ေ လ”လို့ Apple Laptop အပြင် တာရော့ကဒ်နဲ့ဟောပြောတဲ့ ဆရာရှမားက ပြောပါတယ်။

သူတို့ဘယ်လိုရှင်သန်ရမလဲ၊ အလုပ်အကိုင် အဆင်ပြေပါ့မလား အရမ်းသိချင်နေကြတယ်”လို့ ၄င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူ ၃.၃ သန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ တတိယ ကူးစက် မှုအ များ ဆုံးနိုင်ငံဖြစ်ပါတယ်။ သေဆုံးသူကတော့ ၆၀၀၀၀ ကျော်ရှိပါပြီ။ ငါတို့စိတ်တွေ တစ်ကယ်ရှုပ်ထွေးနေတယ်။ ဘာလုပ်ရမှန်းမသိလို့ ဆရာ့ဆီလာတာပါ”လို့ အသက် ၅၂ နှစ်အရွယ် ဗေဒင်မေးသူတစ်ဦးကပြောပါတယ်။ သူမအေ နနဲ့ သားဖြစ်သူ အလုပ်အကိုင် အဆင်ပြေဖို့၊

သမီးဖြစ်သူအိမ်ထောင်ကျဖို့ စိတ်ပူနေရတယ်လို့ပြောပါတယ်။ စိတ်ကျဝေဒနာ ခံစားနေရသူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေလည်း အကြားအမြင်ဆရာတွေ နဲ့တွေ့ရင် အားလုံး စိတ်ဓာတ်တက်ကြွသွားတယ် လို့သိ ရပါတ ယ်။အိန္ဒိယမှာ ဗေဒင်၊ နက္ခတ်၊ လက္ခဏာပညာရှင်၊ တာရော့နဲ့ အကြားအမြင်ဆရာတွေက ဝင်ငွေကောင်း သူတွေဖြစ်ပါတယ်။ တစ်နှစ်ကို ဒေါ်လာသန်းချီဝင်တဲ့ သူတွေတောင် ရှိပါတယ်။ ဗေဒင်တစ်ခါမေးရင် ရူပီး ၁၀၀ ကနေ သိန်းချီယူတဲ့ သူတွေရှိပါတယ်။ ကိုဗစ်ကာလ အတွင်း နက္ခတ်ဗေဒင်ဈေးကွက် ၄၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ လေ့လာသူ တစ်ဦးကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *