ကြက်သွန်ဖြူ ပုံမှန် စားခြင်းဖြင့် ရ လာ မယ့် ကျန်းမာရေး ကောင်းကျိုး များ

Posted on

ကက်သွန်ဖြူက တော့ အိမ်က မီးဖို ချောင်မှာ အလွယ်တကူ ရနိုင်တဲ့ အရာပါ။ဆေးဖက် ဝင်တဲ့ ပစ္စည်း တစ်ခု လို့ ပြော ရင်လည်း မမှားပါဘူး။ကြက်သွန်ဖြူ မှာတော့ ကျန်းမာရေး အတွက် အ ထော က် အကူ ဖြစ်စေတဲ့ အာဟာရ ဓါတ် တွေ အများကြီး ပါဝင်ပါတယ်။ကြက် သွန်ဖြု တစ်မြွှာ မှာ ဆိုရင် တော့ ကယ်လို ရီ (၁၄)၊ပရိုတင်း (0.57 g) နဲ့ carbohydrates (3 g) ပါဝင် ပါတယ်။ဒ့ါအပြင် Vitamin C (2.81 mg) ၊ Selenium (1.28 mcg) ၊ Manganese (0.15 mg) ၊Iron (0.15 mg) ပါဝင် ပါတယ်။ ကြက်သွန်ဖြူရဲ့ ကော င်းကျိုးတစ်ချို့ကိုတော့ Insider မှာ အခုလို ဖော်ပြထားပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းစေ – ကြက်သွန်ဖြူမှာတော့ Allicin နဲ့ Alliinase တို့ ပေါ ကြွယ်ဝ စွာ ပါဝင် ပါတယ်။allicin က တော့ ကိုယ်ခံအား စနစ်ကို အများကြီးအ ထော က် အကူ ဖြစ်စေပါတယ် ။ကြက်သွန်ဖြူက immune cellsေ တွ ဖြစ်တဲ့ macrophages, lymphocytes, natural killer cells တွေ ကို လှုံ့ ဆော် ပေးနိုင်ပါတ ယ်။ ဒါအြ ပင် viruses, bacteria နဲ့ တခြား မလို အပ်တဲ့ organisms တွေ တိုးပွားလာ ခြင်းကိုလည်း တား ဆီး ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူက တော့ ကင်ဆာ ရောဂါ အတွက် လည်း ဆေးတစ်မျိုးလို့ ပြော လို့ရပါတယ်။သူ့မှာဆိုရင် တော့ ဆဲလ် ပျက် စီး ခြင်းကို ကာကွယ် ပေးနိုင်၊ ကင်ဆာ ဖြစ်ပွားမှု ကို လျော့ န ည်း စေတဲ့ phytochemicals တွေ ပါဝင် ပါတယ်။ တကယ်လည်း ကြက်သွန် ဖြူ က အစာအိမ် နဲ့ အူမ ကြီး ကင်ဆာ ဖြစ်ပွားမှုနှုန်း ကို လျော့နည်း စေနိုင် တဲ့ အစွမ်းရှိတာကို လေ့ လာ တွေ့ ရှိခဲ့ပါတယ်။သွေး ထဲက မကောင်းတဲ့ ကိုလက်စ ထရော တွေကို လည်း လျှော့ ချ ပေးနိုင်ပါတယ်။တစ်ပတ်ကို ကြက်သွန်ဖြူ လေး မြွှာ လောက် စားပေး သင့်ပါတယ်။ အေ အး မိဖျားနာ နဲ့ သွေးတိုး အတွက် ကောင်း – ကိုယ်ခံအား စနစ်ကို မြှင့်တင် ပေးနိုင်တဲ့ အပြင် ဖျားတာ နာ တွေ အတွက် လည်း ကြက်သွန်ဖြူက ဆေးပါ။ကြက်သွန်ဖြူ က အေ အး မိ ဖျားနာ နဲ့ အအေးမိ ဖျားနာရင် ခံစားရတဲ့ ဝေဒနာ တွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။သွေးတိုး ရောဂါ အတွက်လည်း ကောင်း တာမို့ သွေးတိုး သမားတွေ ပုံမှန် မှီဝဲ ပေးသ င့်ပါတယ်။

Alzheimer ရောဂါ အတွက် ကောင်း – ကြက်သွန်ဖြူက တော့ အယ်ဇိုင်းမား ရောဂါ အတွက်လည်း ကောင်းပါတယ်။ကြက်သွန်ဖြူက antioxidant enzymes တွေ ကို တိုးမြှင့် ပေးနို င် တဲ့ အစွမ်းရှိပါတယ်။သူ့မှာရှိတဲ့ ပစ္စည်းတွေ က ဦးနှောက် ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ဒါ့အပြင် အရိုး ကျန်းမာရေး အတွက် လည်း ကောင်းစေပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *