ေရႊက်ီး သာ နိမိတ္ အေဟာ ႏွင့္ မွန္ ခဲ့ လြန္း သည့္ သာဓကမ်ား

Posted on

မဂၤ လာပါ လူေတြအျမဲတမ္းသတိျပဳထားသင့္ကာ ေလ့လာမွတ္သား သိထားသင့္တ့ဲ အတိတ္ နိမ္ိတ္ စနည္းတေဘာင္မ်ားစြာထဲမွေရႊက်ီးသာနိမိတ္အေဟာကို မ်ွေဝေပးလိုက္ပါတ ယ္ခင္ဗ်ာ။ “ က်ီးးး ”လူတိုင္းလူတိုင္း ငယ္စဥ္က ဆိုခ့ဲႀကဘူးမွာပါ…

မိုးေလဝသေဗဒင္ေဟာ ေတာက္တ့ဲကိုလူေခ်ာ ေရႊက်ီးညိဴသာပါေပါ့ ဧည့္သည္လာပါေတာ့

ဒါေတြက အေႀကာင္းမ့ဲမဟုတ္ဘူးဆိုတာ အတိတ္နိမိတ္ကိုလက္ခံယံုႀကည္ႀကသူတိုင္း သိႀကမွာပါ။

ရတနာပံုေနျပည္ေတာ္ပ်က္သုဥ္းျပီး သီေပါပါေတာ္မူဖို႔ ရက္တရာအလိုမွာေသာ္လည္းေကာင္း

ဗိုလ္ခ်ဴပ္ေအာင္ဆန္းလုပ္ႀကံခံရဖို႔ ရက္ပိုင္းအလိုမွာေသာ္လည္းေကာင္း ထင္ရွားတ့ဲမ်ားစြာေသာနိမိတ္မ်ားထဲမွ

က်ီးသာ သို႔မဟုတ္ ၊က်ီးျပိဳ -အလြန္မ်ားေသာက်ီးတို႔ တျမိဳ႕လံုးတနယ္လံုး နားမခံသာေအာ္ျမည္ျခင္း။

ထိုသို႔ေသာက်ီးသာနိမိတ္နဲ႔စပ္ေသာ အထင္ရွားမ်ားစြာရွ္ိခ့ဲႀကပါသည္။ထိုေႀကာင့္ က်ီးသာနိမိတ္နဲ႔

အဆိုးအေကာင္းကိုထင္ျမင္သာစြာ သိစိမ့္ေသာငွာမ်ွေဝေပးလိုက္ပါတယ္ခင္ဗ်ာ။

က်ီးသည္ အေရွ႕အရပ္သာေသာ္ ခ်စ္ရခင္ရေသာ မိတ္ေဆြအေပါင္းသင္း သိုမဟုတ္ ခ်စ္သူ ေရာက္လာတတ္ေတြ႔ဆံုတတ္ပါသည္။

က်ီးသည္ အေရွ႔ေတာင္ေဒါင့္အရပ္မွာသာေသာ္ မိသားစုအပူႀကီးျဖစ္အ့ံ မီးေဘးေသာ္လည္းသင့္နိုင္ပါသည္။

က်ီးသည္ ေတာင္အရပ္မွသာေသာ္ လာတ္လာဘရမည္ တူ-တူမမ်ား အိမ္ေရာက္လာတတ္ပါသည္။

က်ီးသည္ အေနာက္ေတာင္ေဒါင့္မွသာေသာ္ အိမ္တြင္းသို႔ သူခိုးသူဝွက္ႀကံစည္ခံရတတ္သည္။

က်ီးသည္ အေနာက္အရပ္မွသာေသာ္ ဒါဏ္သင့္ျခင္း ဥပါဒ္ေရာက္ျခင္း အပူေသာကေရာက္ရျခင္းေတြ ျဖစ္ေစတတ္ပါသည္။

က်ီးသည္ အေနာက္ေျမာက္ေဒါင့္မွသာေသာ္ က်ြဲႏြားဆင္ျမင္းေက်းက်ြန္အခိုင္းေစမ်ား ရေစတတ္ပါသည္။

က်ီးသည္ ေျမာက္အရပ္မွသာေသာ္သတင္းေကာင္းသတင္းထူး ႀကားရတတ္ပါသည္။

က်ီးသည္ အေရွ႕ေျမာက္ေဒါင့္အရပ္မွသာေသာ္ ႀကီးသူငယ္သူလူအမ်ားနဲ႔ သူတစ္ပါးတို႔၏ပူေဇာ္ျခင္းကိုခံရပါမည္။

ဗဟုသုတ-ပညာစာေပကို ေလ့လာလိုက္စားႀကေသာ အမ်ိဳးသားသမီးေကာင္းတို႔အတြက္ ဇလြန္ျမိဳ႕အဗ်င္းရြာမွ

နႏၵဝန္ေက်ာင္းႀကီးဆရာေတာ္ ေရးစပ္ေပးထားေသာ က်ီးသာနိမိတ္ေတးထပ္ေလးကိုပါ မ်ွေဝေပးလိုက္ပါတယ္။

ေရႊက်ီးညိဴနုတ္သာစြရယ္နဲ႔ ျဗဳဗၺာကလွစ္ႀကဴ။ မုခ်ာပ ခ်စ္သူငယ္ ေရာက္ယူမယ္မွတ္သား။

ဒါဏ္ဥပါဒ္အေနာက္ေထြတယ္ ေျမာက္ရပ္ေလေကာင္းတ့ဲစကား။ ကိုယ့္တူေရာက္ေတာင္ခြင္ ေရွ႕ေျမာက္တြင္လာဘ္မ်ား။

ေရွ႕ေတာင္ခြင္သတိထားပါေတာ့ ေလာင္လိမ့္ျငားမီးေတြ။ေနာက္ေျမာက္ခြင္က်ြန္လာတတ္ ေနာက္ေတာင္ရပ္ခိုးသူ႔ရန္ေမႊ။

ဖြံ႔ျဖိဴးမႈမွန္မေသြသည္။ ညာဏ္အေျခေဖြေဖြမွီးပါေတာ့ ေရႊ-ေရႊက်ီးနဳတ္ကခ်ိဳသာ ထုတ္ဟဆိုလာ။

နိမိတ္ထြန္းက်ြန္းလက္ယာမွာ ညႊန္းျမြတ္ပါေရႊက်ီးသာတ့ဲကိန္း။

မေကာင္းက်ိဴးေပ်ာက္ေကာင္းက်ိဳးေရာက္ ထြန္းေတာက္ဘုန္းကံျမင့္ပါေစ။

ေအာင္ခ်မ္းမင္း ၊ေဝဒလကၡဏာပညာရွင္

unicode

မင်္ဂ လာပါ လူတွေအမြဲတမ်းသ တိပြုထားသင့်ကာ လေ့လာမှတ်သား သိထားသင့်တဲ့ အတိတ် နိမိတ် စနည်းတဘောင်များစွာထဲမှရွှေကျီးသာနိမိတ်အဟောကို မျှဝေပေးလိုက်ပါတ ယ် ခ င်ဗျာ။ “ ကျီးးး ”လူတိုင်းလူတိုင်း ငယ်စဉ်က ဆိုခဲ့ကြဘူးမှာပါ…

မိုးလေဝသဗေဒင်ဟော တောက်တဲ့ကိုလူချော ရွှေကျီးညိူသာပါပေါ့ ဧည့်သည်လာပါတော့

ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ အတိတ်နိမိတ်ကိုလက်ခံယုံကြည်ကြသူတိုင်း သိကြမှာပါ။

ရတနာပုံနေပြည်တော်ပျက်သုဉ်းပြီး သီပေါပါတော်မူဖို့ ရက်တရာအလိုမှာသော်လည်းကောင်း

ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရဖို့ ရက်ပိုင်းအလိုမှာသော်လည်းကောင်း ထင်ရှားတဲ့များစွာသောနိမိတ်များထဲမှ

ကျီးသာ သို့မဟုတ် ၊ကျီးပြို -အလွန်များသောကျီးတို့ တမြို့လုံးတနယ်လုံး နားမခံသာအော်မြည်ခြင်း။

ထိုသို့သောကျီးသာနိမိတ်နဲ့စပ်သော အထင်ရှားများစွာရှိခဲ့ကြပါသည်။ထိုကြောင့် ကျီးသာနိမိတ်နဲ့

အဆိုးအကောင်းကိုထင်မြင်သာစွာ သိစိမ့်သောငှာမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

ကျီးသည် အရှေ့အရပ်သာသော် ချစ်ရခင်ရသော မိတ်ဆွေအပေါင်းသင်း သိုမဟုတ် ချစ်သူ ရောက်လာတတ်တွေ့ဆုံတတ်ပါသည်။

ကျီးသည် အရှေ့တောင်ဒေါင့်အရပ်မှာသာသော် မိသားစုအပူကြီးဖြစ်အံ့ မီးဘေးသော်လည်းသင့်နိုင်ပါသည်။

ကျီးသည် တောင်အရပ်မှသာသော် လာတ်လာဘရမည် တူ-တူမများ အိမ်ရောက်လာတတ်ပါသည်။

ကျီးသည် အနောက်တောင်ဒေါင့်မှသာသော် အိမ်တွင်းသို့ သူခိုးသူဝှက်ကြံစည်ခံရတတ်သည်။

ကျီးသည် အနောက်အရပ်မှသာသော် ဒါဏ်သင့်ခြင်း ဥပါဒ်ရောက်ခြင်း အပူသောကရောက်ရခြင်းတွေ ဖြစ်စေတတ်ပါသည်။

ကျီးသည် အနောက်မြောက်ဒေါင့်မှသာသော် ကျွဲနွားဆင်မြင်းကျေးကျွန်အခိုင်းစေများ ရစေတတ်ပါသည်။

ကျီးသည် မြောက်အရပ်မှသာသော်သတင်းကောင်းသတင်းထူး ကြားရတတ်ပါသည်။

ကျီးသည် အရှေ့မြောက်ဒေါင့်အရပ်မှသာသော် ကြီးသူငယ်သူလူအများနဲ့ သူတစ်ပါးတို့၏ပူဇော်ခြင်းကိုခံရပါမည်။

ဗဟုသုတ-ပညာစာပေကို လေ့လာလိုက်စားကြသော အမျိုးသားသမီးကောင်းတို့အတွက် ဇလွန်မြို့အဗျင်းရွာမှ

နန္ဒဝန်ကျောင်းကြီးဆရာတော် ရေးစပ်ပေးထားသော ကျီးသာနိမိတ်တေးထပ်လေးကိုပါ မျှဝေပေးလိုက်ပါတယ်။

ရွှေကျီးညိူနုတ်သာစွရယ်နဲ့ ဗြုဗ္ဗာကလှစ်ကြူ။ မုချာပ ချစ်သူငယ် ရောက်ယူမယ်မှတ်သား။

ဒါဏ်ဥပါဒ်အနောက်ထွေတယ် မြောက်ရပ်လေကောင်းတဲ့စကား။ ကိုယ့်တူရောက်တောင်ခွင် ရှေ့မြောက်တွင်လာဘ်များ။

ရှေ့တောင်ခွင်သတိထားပါတော့ လောင်လိမ့်ငြားမီးတွေ။နောက်မြောက်ခွင်ကျွန်လာတတ် နောက်တောင်ရပ်ခိုးသူ့ရန်မွှေ။

ဖွံ့ဖြိူးမှုမှန်မသွေသည်။ ညာဏ်အခြေဖွေဖွေမှီးပါတော့ ရွှေ-ရွှေကျီးနုတ်ကချိုသာ ထုတ်ဟဆိုလာ။

နိမိတ်ထွန်းကျွန်းလက်ယာမှာ ညွှန်းမြွတ်ပါရွှေကျီးသာတဲ့ကိန်း။

မကောင်းကျိူးပျောက်ကောင်းကျိုးရောက် ထွန်းတောက်ဘုန်းကံမြင့်ပါစေ။

အောင်ချမ်းမင်း ၊ဝေဒလက္ခဏာပညာရှင်

Leave a Reply

Your email address will not be published. Required fields are marked *