အေႂကြး မကင္း​ တဲ့ သူေဌး မင္း

Posted on

ကြၽန္​ ​ေတာ္က ​​​ေငြကို ​ေခြၽတာၿပီး တတ္ႏိုင္သမွ် ႀကိဳတင္စု​​ေဆာင္းထားဖို႔၊ ေခ်းငွါးၿပီး ​ေနထိုင္စားေသာက္တာမ်ိဳးမလုပ္​ဖို႔၊ ​ေႂကြး​သံသရာထဲေရာက္သြားတာဟာ ငရဲက်သလိုမို႔ ​အတတ္ႏိုင္ဆုံး​​ေ ရွာင္ ရွားၾကဖို႔ ေရး​​ေတာ့ ​

ေစာဒကတက္ၾက​တဲ့ စကားတစ္ခြန္းက “​​ေကာင္း​တဲ့​ အေႂကြး​ေတြလည္း ရွိပါတယ္။ သူေဌး​ေတြလည္း ​အေႂကြးမကင္းပါဘူး” ​တဲ့။

မမွား​တဲ့ ​စကားပါ။ ဒါ​ေပ​မဲ့ ဒီစကားကို နားလည္မႈလြဲရင္ ဒုကၡေရာက္တတ္တာ​​ေၾကာင့္ နည္းနည္းရွင္းျပပါရ​ေစ။

​အေႂကြးဆိုတာ မီးလိုပါပဲ။ သုံးတတ္ရင္ ​အက်ိဳးရွိၿပီး မသုံးတတ္ရင္ ​အႏၲရာယ္ရွိပါတယ္။

သူေဌး​ေတြ အေႂကြးရွိတယ္ဆိုတာ စီးပြားေရးလုပ္ငန္း တိုး​ခ်ဲ႕ဖို႔ ေခ်းယူထားၾကတာပါ။ ​​အက်ိဳး​စီးပြား တိုးတက္ဖို႔ ေခ်း​ေငြကို ​အသုံးခ်ၿပီး ​အျမတ္မ်ား​တဲ့ စီးပြားေရးလုပ္ငန္း​ေတြကို လုပ္ၾက တာ ပါ။ ​​ေကာင္း​တဲ့ ​အေႂကြးဆိုတာ ဒါမ်ိဳးပါ။

အေႂကြးမကင္းဘူး ဆို​ေပ​မဲ့ ဝင္-ထြက္-ပိုင္-ေႂကြး-ႂကြယ္ သ​ေဘာတရား​အရ သူတို႔​ရဲ႕ ပိုင္ဆိုင္မႈ​တန္ဖိုးဟာ ​အေႂကြး​ေတြထက္ ​အဆ​​ေပါင္းမ်ားစြာ မ်ား​ေနတာမ်ိဳးပါ။

​အေႂကြးမကင္း​ေပ​မဲ့ ​သူတို႔​ရဲ႕ အသားတင္ႂကြယ္ဝခ်မ္းသာမႈက တစ္သက္စားမကုန္လို႔ သူေဌးမင္း​ေတြ ျဖစ္​ေနၾကတုန္းပါ။

ေခ်း​ေငြကိုလည္း ​အလြယ္ယူၾကတာ မဟုတ္ပါဘူး။ ရပ္ကြက္ထဲမွာ ယူသလို ​အတိုးႀကီးႀကီး​နဲ႔ ယူၾကတာ မဟုတ္ပါဘူး။ ​​​အတိုးသက္သက္သာသာ​နဲ႔ ေခ်းယူၾကတာပါ။

ၿပီး​​ေတာ့ ေခ်း​ေပးတဲ့ ​ဘဏ္​ေတြ ​အ​ဖြဲ႕​အစည္း​ေတြကလည္း သူတို႔ကို ​အလြယ္ေခ်းေပးလိုက္ၾကတာ မဟုတ္ပါဘူး။ ဘာ​​ေၾကာင့္ေခ်းခ်င္တယ္၊ ဘာလုပ္ငန္းလုပ္မယ္၊ ​အက်ိဳး​အျမတ္ ခန္႔မွန္း​ေျခ ဘ ယ္ေ လာက္ရွိမယ္၊ ေခ်းထား​တဲ့​

ေငြကို ဘယ္​အခ်ိန္မွာ ​အ​ျပည့္​ျပန္ဆပ္ႏိုင္မယ္ စသျဖင့္ ​ေသခ်ာ စီ​မံကိန္း ခ်ျပရတာပါ။ ​

မ​ေရရာ မ​ေသခ်ာ​နဲ႔ ဆုံးရႈံးႏိုင္​ေျခမ်ား​တဲ့ လုပ္ငန္းမ်ိဳး​အတြက္ဆို ​ဘဏ္​ေတြ အ​ဖြဲ႕​အစည္း​ေတြက ​ေငြမေခ်းေပးခ်င္ပါဘူး။

ၿပီး​​ေတာ့ အေႂကြး​ေတြ​ျပန္မဆပ္ႏိုင္ရင္ ​ျပန္သိမ္းဖို႔ အာမ​ခံ ပိုင္ဆိုင္မႈ ပစၥည္း​ေတြ ​အ​​ေပါင္သ​ေဘာမ်ိဳး ​(အမ်ား​အားျဖင့္) ထားေပးရပါတယ္။

ဒီ​​ေတာ့ ​ထပ္​ေျပာပါရ​ေစ။ သူေဌး​ေတြ ​ေငြေခ်းတာ သူတို႔မွာ ​ေငြမရွိလို႔ မဟုတ္ပါဘူး။ ​တင္​ေန​တဲ့​အေႂကြး​ေတြထက္ ​အဆ​​ေပါင္းမ်ားစြာ ပိုခ်မ္းသာၾကပါတယ္။ ၿပီး​​ေတာ့ ​​အတိုး​ေတြကလည္း သ က္သ က္သာသာ ​​အတိုး​ေတြပါ။ ​ေခ်း

ယူတာကလည္း ေပး​ေနရ​တဲ့ ​အတိုးထက္ ​အဆ​​ေပါင္းမ်ားစြာ ​အျမတ္​က်န္ႏိုင္​တဲ့ လုပ္ငန္းမ်ိဳး လုပ္ဖို႔ ​ေသခ်ာ ျပင္ဆင္စီ​မံတြက္ခ်က္ၿပီးမွ ေခ်းတာပါ။ ​အ​ေျခ​ခံ စားဝတ္​ေနေရး​အတြက္၊ ႂကြားလုံး ထု တ္ဖို႔ ဝယ္​တဲ့ ပစၥည္း​ေတြ​

အတြက္ ေခ်းယူ​ေနၾကတာ မဟုတ္ပါဘူး။

ကဲ ​အေႂကြးမကင္း​တဲ့ သူေဌး​မင္းေတြကို ​အားက်ၿပီး တစ္လြဲ​ဆံပင္​​ေကာင္းၿပီး လိုက္လုပ္​တဲ့သူ​ေတြကို ၾကည့္ပါဦး။

“သူေဌး​ေတြလည္း ​အေႂကြးမကင္းပါဘူး။ ဒီ​​ေတာ့ ကြၽန္​​ေတာ္လည္း ​အေႂကြး​နဲ႔ ဖုန္း​အသစ္​​ေလး ဝယ္လိုက္တယ္​ေလ။”

ဟုတ္​ကဲ့ မြဲေဆး​​ေဖာ္​ေနတာပါ။

“​အေႂကြးဆိုတာ လူ​နဲ႔​တည့္တယ္။ ဒါ့​​ေၾကာင့္ ႂကြားဖို႔ အိမ္မွာစီးဖို႔ ကားသစ္တစ္စီး ​အေႂကြး​နဲ႔ ဝယ္ထားလိုက္တယ္​ေလ။”

“​အေႂကြးကို ေၾကာက္​ေနလို႔မျဖစ္ဘူး။ ​အက်ႌ​အသစ္ေလး​ေတြ ခုယူ စပါး​​ေပၚမွေပး စနစ္​နဲ႔ ​အေႂကြးဝယ္ထားလိုက္တယ္​ေလ။”

​ဟုတ္​ကဲ့ ​အေႂကြး​နဲ႔ရရင္ ဆင္ပါဝယ္မယ့္လူစားမ်ိဳးပါ။

“စြန္႔စားမွ ႀကီးပြားမယ္။ ​အေႂကြးကို ​အသုံးခ်ၿပီး ႀကီးပြါးေအာင္လုပ္ရမယ္။ ​ဘဏ္​ေတြကလည္း ​ေငြမေခ်းေပး​​ေတာ့ ရပ္ကြက္ထဲက​ေန ၂၀ တိုး​နဲ႔ ေခ်းၿပီး လုပ္ငန္းလုပ္မယ္။”

ဟုတ္​ကဲ့ ​​လုပ္ငန္းက ထင္သေလာက္​အဆင္မ​ေျပ​တဲ့​အခါ ေႂကြး​ႏြံနစ္ရဦးမယ္။ ခုလို ကိုဗစ္ကာလမွာ တိုင္ပတ္ၿပီ။ စီးပြါးေရးပႏၷက္ (Business Plan) ကို ​ေသခ်ာဆြဲၿပီး ရလာႏိုင္​တဲ့ ​အ က်ိဳး ​အျမတ္က ​ေပးရ​တဲ့​အတိုး​နဲ႔ ကိုက္မ

ကိုက္ တြက္ၾကည့္ၾကပါဦးခင္ဗ်ာ။

“​အေႂကြးဆိုတာ ​အေႂကြး​​ေကာင္း​ေတြလည္း ရွိပါတယ္။ ကြၽန္မဆို ၂၀ တိုး​နဲ႔ ေခ်းယူၿပီး ရပ္ကြက္ထဲမွာ၂၅ က်ပ္တိုး​နဲ႔ ​တစ္ဆင့္ျပန္ၿပီး ​အတိုးေပးစားတယ္​ေလ။”

ရပ္ကြက္ထဲမွာ ​ဒီေလာက္ အတိုးႀကီးႀကီး​နဲ႔ ေခ်းေပးလိုက္​တဲ့​အခါ အတိုးပုံ​မွန္​ျပန္ေပး​တဲ့သူက ရွားၿပီး ထြက္ေျပး​တဲ့သူက မ်ားပါတယ္။ သူတို႔ထြက္ေျပး​​ေတာ့ ကိုယ္က စိုက္ဆပ္ရၿပီး ဘဝပ်က္ ဦးမ ယ္။ ကိုယ္ပါထြက္ေျပးရမယ့္ ​အ​

ေျခ​အ​ေနျဖစ္ရဦးမယ္။

ဒီ​​ေတာ့ သူေဌး​ေတြ​ အေႂကြးမကင္းတာကို သြား​အားက်မ​ေနၾကပါ​နဲ႔။ ​သူတို႔ေခ်းတာ​နဲ႔ ကိုယ္ေခ်းတာ​ ရည္႐ြယ္ခ်က္၊ အတိုးရာခိုင္ႏႈန္း၊ ​​ေငြေခ်းလိုက္လို႔ ရလာႏိုင္​တဲ့ အက်ိဳး​အျမတ္ရာခိုင္ႏႈန္း မတူပါဘူး။

​အေႂကြးမယူခင္ ဒီစာေလးဖတ္ၿပီး ​ေခ်း​ေငြယူသင့္မယူသင့္ ေသခ်ာ သုံးသပ္ပါ။

​မျဖစ္မ​ေန ​ေငြေခ်းရ​​ေတာ့မယ္ဆိုရင္​​ေတာင္ ​အတိုးႏႈန္းသက္သာ​တဲ့ ​ေနရာမွာေခ်းပါ။ ေခ်း​ေငြကို ရင္းၿပီး လုပ္​တဲ့ စီးပြားေရး​လုပ္ငန္းအတြက္ ႀကိဳတင္ျပင္ဆင္တြက္ခ်က္ပါ။ တြက္ၾကည့္လို႔ ​အျမ တ္ ရႏို င္​ေျခနည္းရင္ ​ေငြမေခ်းပါ​နဲ႔

ဦး။ ပိုကိုက္​တဲ့ ေနာက္လုပ္ငန္းတစ္ခု စဥ္းစားပါ။ ​ေငြ​အမ်ားႀကီး ေခ်းစရာမလိုေအာင္ ​ေငြရွိ​တဲ့သူ​ေတြ​နဲ႔ ရွယ္ယာသ​ေဘာ ​​ေပါင္းလုပ္ပါ။

​အေႂကြးဆိုတာ မီးပါ။ မီးကို ႏိုင္ေအာင္ထိန္းပါ။ မထိန္းႏိုင္ရင္ ျပာက်သြားမယ္။

အားလုံး ကိုယ္စိတ္ ႏွစ္ျဖာ က်န္းမာ ခ်မ္းသာၾကပါ​ေစ ခင္ဗ်ာ။

ေလးစားစြာျဖင့္ ပိုးစုန္းၾကဴး

unicode

ကျွန် တော်က ငွေကို ချွေတာပြီး တတ်နိုင်သမျှ ကြိုတင်စုဆောင်းထားဖို့၊ ချေးငှါးပြီး နေထိုင်စားသောက်တာမျိုးမလုပ်ဖို့၊ ကြွေးသံသရာထဲရောက်သွားတာဟာ ငရဲကျသလိုမို့ အတတ်နိုင် ဆုံးေ ရှာ င် ရှားကြဖို့ ရေးတော့

စောဒကတက်ကြတဲ့ စကားတစ်ခွန်းက “ကောင်းတဲ့ အကြွေးတွေလည်း ရှိပါတယ်။ သူဌေးတွေလည်း အကြွေးမကင်းပါဘူး” တဲ့။

မမှားတဲ့ စကားပါ။ ဒါပေမဲ့ ဒီစကားကို နားလည်မှုလွဲရင် ဒုက္ခရောက်တတ်တာကြောင့် နည်းနည်းရှင်းပြပါရစေ။

အကြွေးဆိုတာ မီးလိုပါပဲ။ သုံးတတ်ရင် အကျိုးရှိပြီး မသုံးတတ်ရင် အန္တရာယ်ရှိပါတယ်။

သူဌေးတွေ အ ကြွေး ရှိတယ်ဆိုတာ စီးပွားရေးလုပ်ငန်း တိုးချဲ့ဖို့ ချေးယူထားကြတာပါ။ အကျိုးစီးပွား တိုးတက်ဖို့ ချေးငွေကို အသုံးချပြီး အမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကြ တာ ပါ။ ကော င်းတဲ့ အကြွေးဆိုတာ ဒါမျိုးပါ။

အကြွေးမကင်းဘူး ဆိုပေမဲ့ ဝင်-ထွက်-ပိုင်-ကြွေး-ကြွယ် သဘောတရားအရ သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အကြွေးတွေထက် အဆပေါင်းများစွာ များနေတာမျိုးပါ။

အကြွေးမကင်းပေမဲ့ သူတို့ရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုက တစ်သက်စားမကုန်လို့ သူဌေးမင်းတွေ ဖြစ်နေကြတုန်းပါ။

ချေးငွေကိုလည်း အလွယ်ယူကြတာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲမှာ ယူသလို အတိုးကြီးကြီးနဲ့ ယူကြတာ မဟုတ်ပါဘူး။ အတိုးသက်သက်သာသာနဲ့ ချေးယူကြတာပါ။

ပြီးတော့ ချေးပေးတဲ့ ဘဏ်တွေ အဖွဲ့အစည်းတွေကလည်း သူတို့ကို အလွယ်ချေးပေးလိုက်ကြတာ မဟုတ်ပါဘူး။ ဘာကြောင့်ချေးချင်တယ်၊ ဘာလုပ်ငန်းလုပ်မယ်၊ အကျိုးအမြတ် ခန့် မှ န်း ခြေ ဘ ယ်ေ လာက်ရှိမယ်၊ ချေးထားတဲ့

ငွေကို ဘယ်အချိန်မှာ အပြည့်ပြန်ဆပ်နိုင်မယ် စသဖြင့် သေချာ စီမံကိန်း ချပြရတာပါ။

မရေရာ မသေချာနဲ့ ဆုံးရှုံးနိုင်ခြေများတဲ့ လုပ်ငန်းမျိုးအတွက်ဆို ဘဏ်တွေ အဖွဲ့အစည်းတွေက ငွေမချေးပေးချင်ပါဘူး။

ပြီးတော့ အကြွေးတွေပြန်မဆပ်နိုင်ရင် ပြန်သိမ်းဖို့ အာမခံ ပိုင်ဆိုင်မှု ပစ္စည်းတွေ အပေါင်သဘောမျိုး (အများအားဖြင့်) ထားပေးရပါတယ်။

ဒီတော့ ထပ်ပြောပါရစေ။ သူဌေးတွေ ငွေချေးတာ သူတို့မှာ ငွေမရှိလို့ မဟုတ်ပါဘူး။ တင်နေတဲ့အကြွေးတွေထက် အဆပေါင်းများစွာ ပိုချမ်းသာကြပါတယ်။ ပြီးတော့ အတိုးတွေကလည်း သ က်သ က်သာသာ အတိုးတွေပါ။ ချေး

ယူတာကလည်း ပေးနေရတဲ့ အတိုးထက် အဆပေါင်းများစွာ အမြတ်ကျန်နိုင်တဲ့ လုပ်ငန်းမျိုး လုပ်ဖို့ သေချာ ပြင်ဆင်စီမံတွက်ချက်ပြီးမှ ချေးတာပါ။ အခြေခံ စားဝတ်နေရေးအတွက်၊ ကြွား လုံး ထု တ်ဖို့ ဝယ်တဲ့ ပစ္စည်းတွေ

အတွက် ချေးယူနေကြတာ မဟုတ်ပါဘူး။

ကဲ အကြွေးမကင်းတဲ့ သူဌေးမင်းတွေကို အားကျပြီး တစ်လွဲဆံပင်ကောင်းပြီး လိုက်လုပ်တဲ့သူတွေကို ကြည့်ပါဦး။

“သူဌေးတွေလည်း အကြွေးမကင်းပါဘူး။ ဒီတော့ ကျွန်တော်လည်း အကြွေးနဲ့ ဖုန်းအသစ်လေး ဝယ်လိုက်တယ်လေ။”

ဟုတ်ကဲ့ မွဲဆေးဖော်နေတာပါ။

“အကြွေးဆိုတာ လူနဲ့တည့်တယ်။ ဒါ့ကြောင့် ကြွားဖို့ အိမ်မှာစီးဖို့ ကားသစ်တစ်စီး အကြွေးနဲ့ ဝယ်ထားလိုက်တယ်လေ။”

“အကြွေးကို ကြောက်နေလို့မဖြစ်ဘူး။ အင်္ကျီအသစ်လေးတွေ ခုယူ စပါးပေါ်မှပေး စနစ်နဲ့ အကြွေးဝယ်ထားလိုက်တယ်လေ။”

ဟုတ်ကဲ့ အကြွေးနဲ့ရရင် ဆင်ပါဝယ်မယ့်လူစားမျိုးပါ။

“စွန့်စားမှ ကြီးပွားမယ်။ အကြွေးကို အသုံးချပြီး ကြီးပွါးအောင်လုပ်ရမယ်။ ဘဏ်တွေကလည်း ငွေမချေးပေးတော့ ရပ်ကွက်ထဲကနေ ၂၀ တိုးနဲ့ ချေးပြီး လုပ်ငန်းလုပ်မယ်။”

ဟုတ်ကဲ့ လုပ်ငန်းက ထင်သလောက်အဆင်မပြေတဲ့အခါ ကြွေးနွံနစ်ရဦးမယ်။ ခုလို ကိုဗစ်ကာလမှာ တိုင်ပတ်ပြီ။ စီးပွါးရေးပန္နက် (Business Plan) ကို သေချာဆွဲပြီး ရလာနိုင်တဲ့ အ ကျိုး အမြတ်က ပေးရတဲ့အတိုးနဲ့ ကိုက်မ

ကိုက် တွက်ကြည့်ကြပါဦးခင်ဗျာ။

“အကြွေးဆိုတာ အကြွေးကောင်းတွေလည်း ရှိပါတယ်။ ကျွန်မဆို ၂၀ တိုးနဲ့ ချေးယူပြီး ရပ်ကွက်ထဲမှာ၂၅ ကျပ်တိုးနဲ့ တစ်ဆင့်ပြန်ပြီး အတိုးပေးစားတယ်လေ။”

ရပ်ကွက်ထဲမှာ ဒီလောက် အတိုးကြီးကြီးနဲ့ ချေးပေးလိုက်တဲ့အခါ အတိုးပုံမှန်ပြန်ပေးတဲ့သူက ရှားပြီး ထွက်ပြေးတဲ့သူက များပါတယ်။ သူတို့ထွက်ပြေးတော့ ကိုယ်က စိုက်ဆပ်ရပြီး ဘဝပျက် ဦးမ ယ်။ ကိုယ်ပါထွ က်ပြေးရမယ့် အ

ခြေအနေဖြစ်ရဦးမယ်။

ဒီတော့ သူဌေးတွေ အကြွေးမကင်းတာကို သွားအားကျမနေကြပါနဲ့။ သူတို့ချေးတာနဲ့ ကိုယ်ချေးတာ ရည်ရွယ်ချက်၊ အတိုးရာခိုင်နှုန်း၊ ငွေချေးလိုက်လို့ ရလာနိုင်တဲ့ အကျိုးအမြတ် ရာခို င်နှု န်း မတူပါဘူး။

အကြွေးမယူခင် ဒီစာလေးဖတ်ပြီး ချေးငွေယူသင့်မယူသင့် သေချာ သုံးသပ်ပါ။

မဖြစ်မနေ ငွေချေးရတော့မယ်ဆိုရင်တောင် အတိုးနှုန်းသက်သာတဲ့ နေရာမှာချေးပါ။ ချေးငွေကို ရင်းပြီး လုပ်တဲ့ စီးပွားရေးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ပါ။ တွက်ကြည့်လို့ အမြ တ် ရနို င်ခြေနည်းရင် ငွေမချေးပါနဲ့

ဦး။ ပိုကိုက်တဲ့ နောက်လုပ်ငန်းတစ်ခု စဉ်းစားပါ။ ငွေအများကြီး ချေးစရာမလိုအောင် ငွေရှိတဲ့သူတွေနဲ့ ရှယ်ယာသဘော ပေါင်းလုပ်ပါ။

အကြွေးဆိုတာ မီးပါ။ မီးကို နိုင်အောင်ထိန်းပါ။ မထိန်းနိုင်ရင် ပြာကျသွားမယ်။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

လေးစားစွာဖြင့် ပိုးစုန်းကြူး

Leave a Reply

Your email address will not be published. Required fields are marked *