လဆန်းစနေ လပြည့်စနေ ထူးခြား သည့် သတင်းကျွတ်လတွင် ရွတ်ဆို ရ မည့် ဂါထာတော်

Posted on

သီတင်းကျွတ် လဆန်း စနေလပြည့်စနေ လကွယ် စနေ ဖြစ်သည်

ဒိဝါတပတိ ဂါထာ

သဗ္ဗဇယ မင်္ဂလ ဂါထာ

ဒိဝါ တပတိ အာဒိစ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗ မဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။

နမက္ကာရာနုဘာဝေန၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။

( မှန်ကန်တိကျစွာ အသံထွက်နည်း )

ဒိဝါတပတိ အာဒိတ်စော၊ ရတ်တိမာ ဘာတိ စန်ဒိမာ။

သန်နတ်ဓော ခတ်တိယော တပတိ၊ ဈာယီ တပတိ ဗြာန်မဏော။

အထ သတ်ဗ မဟောရတ်တိန်၊ ဗုတ်ဓော တပတိ တေဇသာ။

တာဒိသံ တေဇသန်ပန်နံ၊ ဗုတ်ဓံ ၀န်ဒါမိ အာဒရံ။

နမက်ကာရာ နုဘာဝေန၊ သတ်ဗေ ပူရင်တု သင်ကပ်ပါ။

( အနက်အဓိပ္ပါယ် )

နေမင်းသည် နေ့အခါ၌သာ ထွန်းလင်းတောက်ပ၏။လမင်းသည် ညအခါ၌သာလျှင် ထွန်းလင်းတောက်ပ၏။

ပြည့်ရှင်မင်းသည် မင်းမြောက်တန်ဆာငါးပါး ၀တ်ဆင်မှသာ တင့်တယ်၏။ရဟန္တာအရှင်မြတ်တို့သည် ဈာန်ဝင်စားမှသာ တင့်တယ်၏။

မြတ်စွာဘုရားသော်ကား နေ့ညပတ်လုံး တန်ခိုးတော်ဖြင့် တင့်တယ်ပေသည်တကား။ထိုသို့ တန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါ၏ဘုရား။

ဤသို့ ရှိခိုးရသော အကျိုးကြောင့် ကြံကြံသမျှ တောင့်တအရာရာ အဖြာဖြာတို့သည် လျင်မြန်စွာ ပြည့်စုံပါစေသတည်း။

ဖြစ်ပေါ်လာပုံ

မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားေ တာ် မူပါ သည်။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်းယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ တင့် တ ယ် မှုတို့ကို တွေ့မြင်နှစ်သက် ပီတိဖြစ်တော်မူသည်။

ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တ ယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည်။

ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို ဖူးမြင်ရပြန်ရာ နှစ်သက်ပီတိ ဖြစ်တော် မူပြ န်ေ လသည်။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါ နေမင်း လမင်း ရှင်ဘုရင် ရဟန္တာတို့ထက် သာလွန်လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင် အားေ လျှာက်ရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော်မူလေသည်။

ဒီသဗ္ဗဇယမင်္ဂလာဂါထာတော်ကို ယုံယုံကြည်ကြည်နဲ့ နေ့စဉ်မှန်မှန်ရွတ်ဆိုရင် အမှန်တကယ်အကျိုးပေးပါတယ်။ ရွတ်ဆိုတဲ့အခါမှာ ပါဠိအသံထွက်ကလဲမှန်ကန်ရမယ်၊ အနက်အဓိပ္ပါယ်ကိုလဲ သိရှိ အာရုံပြုရမှာဖြစ်ပါတယ်။

၁။ ပါဠိမှာ ဝစ္စပေါက်သံမရှိဘူး။

ဧဝံမေသုတံ = အေဝံမေသုတံ (အေးဝံ မဟုတ်)

အဝေရာဟောန္တု = ဟွန်တု (ဟွန်းတု မဟုတ်)

၂။ ယပင့်၊ ယရစ်မပါရင် မပါသလို ထည့်မဆိုရဘူး။

မေတ္တာ = မစ်တာ (မြစ်တာ မဟုတ်)

ပညာ = ပင်ညာ (ပြင်ညာ မဟုတ်)

ဟေတုပစ္စယော = ပစ်စယော (ပြစ်စယော မဟုတ်)

၃။ သတ်ပုံမှာပါတဲ့အတိုင်း ပီပီသသဆိုရတယ်။

ဓမ်မံသရဏံဂစ်ဆာမိ = ဓမၿမံ (ဓမံ မဟုၾတ)

၄။ ‘ရ’ ကို လျှာအထက်လိပ်ပြီး Ra အသံထွက်ဆိုရတယ်။

ဒီဂါထာတော်မှာ သတိပြုရမည့်အသံထွက်တွေက

အာဒိစ္စော = အာဒိတ်စော

သန္နဒ္ဓေါ = သန်နတ်ဓော

ဗြဟ္မဏော = ဗြန်မဏော

မဟောရတ္တိံ = မဟောရတ်တိန်

တေဇသမ္ပန္နံ = သမ်ပန်နံ

သဗ္ဗေ ပူရေန္တု = သဗ်ဗေ ပူရင်တု

သင်္ကပ္ပါ = သင်ကပ်ပါ

ဤ ဂါထာတော်အား သဗ္ဗဇယ မင်္ဂလ ဂါထာဟူ၍လည်း ဂါထာမန္တာန် စာဟောင်းများတွင်တွေ့ရနိုင်ပါသည်။

ဤ ဂါထာအား ရွတ်ဆိုပွားများရာတွင် မိမိကိုယ်အားသန့်စင် စေပြီး နံနက် ၇ နာရီသော်လည်းကောင်း ည ၇ နာရီသော်လည်းကောင်း

မိမိ(၇)ရက်ပတ်လုံးအချိန်မှန်နိုင်မည့်အခါအားရွေးချယ်၍မိမိအိမ်ဘုရားတွင်ဖြစ်စေ တန်ခိုးကြီး ဘုရားတွင်ဖြစ်စေ

ပန်း ဆီမီး ရေချမ်း ကပ်လှု၍ အနန္တော အနန္တ ငါးပါးအားရှိခိုးငါးပါးသီလခံယူပြီး တထိုင်တည်းနှင့် ပါဠိ အနက် စဆုံး( ၇) ခေါက် ရွတ်ဆိုပွားများရပါမယ်။

အဓိဌါန်ကာလ (၇) ရက်ပြီးနောက် သိသာထင်ရှားစွာလာဘ်လာဘပေါများရွှင်လန်းလာကြောင်း သင်သိပြီဆိုပါက ထပ်မံ၍ သင့်မိတ်ဆွေများအား မျှဝေပါရှင့်

Thanlarr Wa De

Leave a Reply

Your email address will not be published. Required fields are marked *