
Posted on




unicode

လူစု လူဝေးဖြင့် NLDကို ထောက်ခံကြောင်းမပြရန် မေတ္တာရပ်ခံလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်မှလက်ရှိတွင် လူစုလူဝေးဖြင့် NLD ကိုထောက်ခံကြောင်း မပြရန် မေတ္တာရပ်ခံ … လက်ရှိကာလတွင် လူစုလူဝေး အများအပြားဖြင့် NLD ပါတီကိုထောက်ခံခြင်းများ မပြသကြရန် NLD ပါတီဥက္ကဌ ဒေါ်အော င်ဆန်းစုကြည်မှ ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် Live မှတဆင့်မေတ္တာရပ်ခံ လိုက်ပါတယ်။ ၈ ရက်နေ့ကနေစလို့ အောင်နိုင်ရေးကာလ ကြေညာတဲ့ အချိန်ကနေစပြီး ပြည်သူေ တွဟာ ကျွန်မတို့ အဖွဲ့ချုပ်ကို ဘယ်လောက်ထောက်ခံသလဲ ဆိုတာ တစ်ခါထဲကို အင်တိုက်အားတိုက်ပြခဲ့တာ ကျွန်မတို့ သိပ်ကို ဝမ်းသာပါတယ်။ ကျွန်မ တို့အတွက် လည်း သိပ်ကို တန်ဖိုးရှိပါတယ်။

သို့သော်ငြားလည်း ဒီလို ထောက်ခံမှုပြတဲ့ အခါမှာ ကိုဗစ်ရောဂါမပြန့်ပွားဖို့အတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းဘောင် အတွင်းမှာ ဝင်ဖို့ အရေးကြီးပါတယ်”ပြည်သူများ၏ ကျန်း မာရေးကို အလေးထားသည် ဆိုသည်မှာ ရေတိုရေရှည် ကိစ္စများအတွက် ဖြစ်ပြီး ရေရှည်ပြည်သူများ ကျန်းမာရေး အတွက် အရေးကြီး ထူးထူးထွေထွေပြောဖို့ မလိုကြောင်း၊ ရေတိုအရ ပြောရမည်ဆိုလျင် အားလုံးသည် နိုဝင်ဘာလ ၈ ရက်တွင် မဲပေးနိုင်သည့် အခြေအနေတွင် ရှိရန်လိုအပ် ကြောင်

း ထို့အတွက် ကျန်းမာရေးနှင့် ကိုက်ညီအောင်နေရမည်ဖြစ်ကြောင်းထို့အပြင် လက်ရှိ အချိန်တွင် ကိုဗစ်နှင့် ပတ်သတ်ပြီး သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်း များကို အဖွဲ့ ချုပ်အပေါ် ထောက်ခံသည့် ပြည်သူများအနေဖြင့် လိုက်နာသင့်ကြောင်း ၊ တစ်ဖက်က အဖွဲ့ချုပ် ကို ဆန့် ကျင်သည့်သူများ၊ မလိုလားသည့်သူများ လှုပ်ရှားပြသည်ကို မခံနိုင်သည့် စိတ်ဖြင့် ပြန်ပြီး မတုံ့ပြန်ရန် ဒေါ်အောင် ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြား ထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *