dge Quarantine ဝင္ေနတဲ့ သူေတြ အ တြက္ လိုအပ္ သည္မ်ား ကို အခမဲ့ လုပ္ေဆာင္ေပးေန တဲ့ ပရဟိတ လူငယ္ႏွစ္ဦး

Posted on

မန္မာႏိုင္ငံတြင္ ကိုဗစ္ ဒုတိယလႈိင္း စတင္လာခ်ိန္တြင္ ေရာဂါပိုးေတြ႕ရွိသူမ်ား၊ Quarantine ဝင္ေနသူမ်ားလည္း လြန္စြာမ်ားျပားလာခဲ့သည္။ေဆး႐ုံတက္ေနရခ်ိန္ႏွင့္ Quarantine ဝင္ေန ရခ်ိန္မ်ားတြင္ လိုအပ္ေသာ အစားအေသာက္၊အသုံးေဆာင္ပစၥည္းမ်ား ဝယ္ယူရန္အခက္အခဲရွိေနသူမ်ားအတြက္ YGN Time Delivery Serviceမွ ကိုသီဟထြန္းႏွင့္ ကိုေအာင္ပိုင္စိုးက အခ မဲ့ Delivery Service လုပ္ေဆာင္ေပးလွ်က္ရွိသည္။”ကြၽန္ေတာ္တို႔ကို လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က ေဝဘာဂီဘက္မွာ Quarantineဝင္ေနရတဲ့ ဆရာဝန္အမတစ္ေယာ က္ဆ က္ သြယ္ လာတယ္။လိုအပ္တဲ့ပစၥည္းေတြဝယ္ေပးႏိုင္လားဆိုၿပီး အဲဒါနဲ႔ကြၽန္ေတာ္ တို႔ကပစၥည္းဝယ္ေပး ေဘာင္ခ်ာပို႔ေပးတယ္။

သူက ေငြျပန္လြဲေပးတယ္။ အဲတုန္း ကေတာ့ ကြၽန္ေတာ္တို႔ Service ခယူလိုက္တယ္ေစာင့္ၾကည့္ခံလူနာေတြ၊ Quarantine Center ကလူေတြကို ကူညီရမယ္ဆိုတဲ့ စိတ္ကူးရရွိၿပီး လုပ္ေနတဲ့Delivery Service ကိုရပ္နားၿပီး အခမဲ့ လုပ္ေဆာင္ေပးေနတာပါ”ဟု ကိုသီဟထြန္းက ေျပာသည္။ လက္ရွိတြင္ Lockdown က်ေနေသာ မိသားစုဝင္မ်ား၊ ကြာရန္တင္းစ င္တာ မွ လူမ်ား၊ ေဆး႐ုံမ်ားမွဆရာဝန္မ်ားႏွင့္ ေစာင့္ၾကည့္ခံလူနာမ်ားအတြက္ ကြာရန္တင္းစင္တာမ်ား၊ေဆး႐ုံမ်ားအေရာက္ အခမဲ့ Delivery Service ကိုလုပ္ေဆာင္ေပးလ်က္ရွိသည္။

Quarantine Center မ်ားကို ပစၥည္းမ်ားပို႔ေဆာင္ ေပးရာတြင္ ေဆးလိပ္၊ ကြမ္းယာ၊ အရက္၊ ဘီယာ၊ ဝိုင္၊မူးယစ္ေဆးဝါးမ်ား၊ ဓား ကတ္ေၾကး စသည့္ ခြၽန္ထက္ေသာ လက္နက္ မ်ား ၊မီးျခ စ္၊ ျခင္ေဆးေခြ၊ ျခင္ေဆးဗူး၊ ႀကိဳးေခြမ်ားကို ပို႔ေဆာင္ေပးလို႔မရေၾကာင္း သိရသည္။ထိုျပင္ ၾကက္ဥအစိမ္းေပးလို႔မရပဲ ျပဳတ္ၿပီး မွသာ ေပးလို႔ရၿပီး အသီးအႏွံ မ်ားလ ည္းခြဲစိပ္ ၿပီး သားေ တြသာေပးပို႔လို႔ရေၾကာင္း ကိုသီဟထြန္းထံမွ သိရသည္။လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံအတြင္း ကိုဗစ္ အတည္ျပဳလူနာ ၃၂၉၉ ဦးရွိလာၿပီးေသဆုံးသူ ၃၂ ဦးထိရွိကာ ရန္ကုန္တိုင္းမွာ ေရာဂါပိုးေတြ႕ရွိမႈ အမ်ားဆုံး ျဖစ္သည္။

unicode

မန်မာနိုင်ငံတွင် ကိုဗစ် ဒုတိယလှိုင်း စတင်လာချိန်တွင် ရောဂါပိုးတွေ့ရှိသူများ၊ Quarantine ဝင်နေသူများလည်း လွန်စွာများပြားလာခဲ့သည်။ဆေးရုံတက်နေရချိန်နှင့် Quarantine ဝင်နေ ရချိန်များတွင် လိုအပ်သော အစားအသောက်၊အသုံးဆောင်ပစ္စည်းများ ဝယ်ယူရန်အခက်အခဲရှိနေသူများအတွက် YGN Time Delivery Serviceမှ ကိုသီဟထွန်းနှင့် ကိုအောင်ပိုင်စိုးက အခ မဲ့ Delivery Service လုပ်ဆောင်ပေးလျှက်ရှိသည်။”ကျွန်တော်တို့ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဝေဘာဂီဘက်မှာ Quarantineဝင်နေရတဲ့ ဆရာဝန်အမတစ်ယော က်ဆ က် သွယ် လာတယ်။လိုအပ်တဲ့ပစ္စည်းတွေဝယ်ပေးနိုင်လားဆိုပြီး အဲဒါနဲ့ကျွန်တော် တို့ကပစ္စည်းဝယ်ပေး ဘောင်ချာပို့ပေးတယ်။

သူက ငွေပြန်လွဲပေးတယ်။ အဲတုန်း ကတော့ ကျွန်တော်တို့ Service ခယူလိုက်တယ်စောင့်ကြည့်ခံလူနာတွေ၊ Quarantine Center ကလူတွေကို ကူညီရမယ်ဆိုတဲ့ စိတ်ကူးရရှိပြီး လုပ်နေတဲ့Delivery Service ကိုရပ်နားပြီး အခမဲ့ လုပ်ဆောင်ပေးနေတာပါ”ဟု ကိုသီဟထွန်းက ပြောသည်။ လက်ရှိတွင် Lockdown ကျနေသော မိသားစုဝင်များ၊ ကွာရန်တင်းစ င်တာ မှ လူများ၊ ဆေးရုံများမှဆရာဝန်များနှင့် စောင့်ကြည့်ခံလူနာများအတွက် ကွာရန်တင်းစင်တာများ၊ဆေးရုံများအရောက် အခမဲ့ Delivery Service ကိုလုပ်ဆောင်ပေးလျက်ရှိသည်။

Quarantine Center များကို ပစ္စည်းများပို့ဆောင် ပေးရာတွင် ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဘီယာ၊ ဝိုင်၊မူးယစ်ဆေးဝါးများ၊ ဓား ကတ်ကြေး စသည့် ချွန်ထက်သော လက်နက် များ ၊မီးခြ စ်၊ ခြင်ဆေးခွေ၊ ခြင်ဆေးဗူး၊ ကြိုးခွေများကို ပို့ဆောင်ပေးလို့မရကြောင်း သိရသည်။ထိုပြင် ကြက်ဥအစိမ်းပေးလို့မရပဲ ပြုတ်ပြီး မှသာ ပေးလို့ရပြီး အသီးအနှံ များလ ည်းခွဲစိပ် ပြီး သားေ တွသာပေးပို့လို့ရကြောင်း ကိုသီဟထွန်းထံမှ သိရသည်။လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ကိုဗစ် အတည်ပြုလူနာ ၃၂၉၉ ဦးရှိလာပြီးသေဆုံးသူ ၃၂ ဦးထိရှိကာ ရန်ကုန်တိုင်းမှာ ရောဂါပိုးတွေ့ရှိမှု အများဆုံး ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *