တစ်နေ့ သီဟိုဠ်စေ့ (၄)စေ့ စားခြင်းဖြင့် လှပ ကျန်း မာ တဲ့ ခန္ဓာကိုယ် ကို ဖန်တီး လိုက် ပါ

Posted on

သီဟိုဠ်စေ့မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ တချို့ကလည်း မကြိုက်ကြဘူးပေါ့နော်။ တကယ်တော့ မကြိုက်လည်းစားသင့်ပါတယ်။ ဖြစ်နိုင်ရင် နေ့တိုင်းတောင်စားသ င့် တာ ပါ။ တစ်နေ့(၄)စေ့ပဲ စားရမှာ ဆိုတော့ ဘက်ဂျက်လည်း အရမ်းမထိခိုက်ပါဘူး။ တစ်နေ့(၄)စေ့လောက်နဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ့ အများကြီးရမှာလေ။

သတိပေးချက် – တစ်နေ့(၄)စေ့ထက်တော့ ပိုမစားမိပါစေနဲ့။

၁) အသားအရေနုပျိုကြည်လင်လာမယ်

အသားအရေကို အလွန်အကျိုးပြုတဲ့ ကော့ပါးနဲ့ antioxidant ဓာတ်တွေ သီဟိုဠ်စေ့မှာ အများကြီးပါပါတယ်။ antioxidant က အသားအရေအိုမင်းရင့်ရော်ခြင်းကို လျော့ချပေး ပါတ ယ်။ ကော့ပါးကတော့ အသားအရေတင်းရင်းစေတဲ့ ကော်လာဂျင်တွေ ထုတ်ပေးနိုင်ပါတယ်။

၂) ဖျားနာခြင်းကင်းလာမယ်

သီဟိုဠ်စေ့မှာ ဇင့်ဓာတ်လည်း ကြွယ်ဝပါတယ်။ immune cell လို့ခေါ်တဲ့ ရောဂါ ခုခံကာကွယ်တဲ့ဆဲလ်တွေ တိုးပွားလာစေဖို့ ဇင့်ဓာတ်က အရေးကြီးတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် antiox idant အင်ဇိုင်းတွေထွက်လာဖို့လည်း ဇင့်ဓာတ်ကို လိုအပ်ပါတယ်။

၃) အရိုးတွေသန်မာလာမယ်

သီဟိုဠ်စေ့ အောင်ဆ အနည်းငယ်လောက် နေ့စဉ်စားခြင်းက ကော့ပါးဓာတ် ၃၀%နဲ့ မဂ္ဂနီစီယမ်ဓာတ် ၂၀% ဖြည့်တင်းပေးပါတယ်။ ကော့ပါးက အရိုးတွေနဲ့ အရိုးတစ်ရှူးတွေကို သန်မာေ စပါ တ ယ်။ မဂ္ဂနီစီယမ်ကတော့ စားလိုက်တဲ့အစားအသောက်တွေထဲက ကယ်လ်စီယမ်ဓာတ်တွေကို ပိုမိုစုတ်ယူနိုင်အောင် ကူညီပေးတဲ့အတွက် အရိုးပွရောဂါဖြစ်ခြင်းကို လျှော့ချပေး ပါတယ်။

၎) မျက်စိကျန်းမာရေးကောင်းမွန်လာမယ်

သီဟိုဠ်စေ့မှာ Lutein နဲ့ Zeaxanthin ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီဓာတ်တွေက မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ antioxidant ဓာတ်တွေဖြစ်ပါတယ်။ နေ့စဉ် စား သုံြး ခင်းအားဖြင့် အမြင်အာရုံကြည်လင်စေပြီး ပြင်ပကူးစက်ပိုးတွေကြောင့် မျက်စိရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ Zeaxanthin ဓာတ်က UV Ray ရဲ့အန္တရာယ်မှလည်း ကာ ကွ ယ်ပေးပါတယ်။

၅) အမြင်အာရုံကြောင့် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေတယ်

မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ခြင်းက ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။ သွေးတိုးတာ၊ မကြာခဏ ခေါင်းကိုက်တာ၊ ခန္ဓာကိုယ်ကိုက်ခဲတာမျိုးတွေပေါ့။ သီဟိုဠ်စေ့နေ့စဉ်စားပေးခြင်းက မဂ္ဂနီစီယမ် ဓာတ်ကို ထိန်းညှိပေးပြီး ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေမှာပါ။

၆) သွားကျန်းမာရေး ကောင်းလာမယ်

သီဟိုဠ်စေ့မှာပါတဲ့ ဓာတ်တွေထဲကမှ အကောင်းဆုံးဓာတ်ပေါင်းတစ်ခုကတော့ anacardic acids ပဲ ဖြစ်ပါတယ်။ အဲဒီ့အက်ဆစ်ဟာ သွားကျောက်တည်ခြင်း၊ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားေ တွကို သေစေပါတယ်။

၇) အားအင်ပြည့်ဝလာမယ်

သီဟိုဠ်စေ့မှာ သတ္တုနဲ့ ဗီတာမင်ဓာတ်တွေဖြစ်တဲ့ ဗီတာမင် E, K, B6၊ ကော့ပါး၊ ဖော့စ်ဖိုးရပ်စ်၊ ဇင့်၊ မဂ္ဂနီစီယမ်၊ အိုင်းရွန်း၊ စီလီနီယမ် စတဲ့ဓာတ်တွေနဲ့ ပြည့်နက်နေပါတယ်။ ခန္ဓာကိုယ် ရဲ့လုပ်င န်းစဉ်တွေ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အဲဒီဓာတ်အားလုံးလိုအပ်ပါတယ်။ ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေ ကျန်းမာတဲ့အခါ အားအင်တွေလည်း ပြည့်ဝလာမှာ အမှန်ပါပဲ။

၈) ဝိတ်ထိန်းဖို့ပိုလွယ်ကူလာမယ်

တချို့တွေက အစေ့တွေချည်း နေ့စဉ်စားနေရင်လည်း ဝိတ်တက်လာနိုင်တယ်လို့ ထင်ကြပါတယ်။ အမှန်တော့မဟုတ်ပါဘူး။ သီဟိုဠ်စေ့မှာ အဆီပါပါတယ်။ ဒါပေမဲ့အဲဒီအဆီက ကျန်းမာရေးအ တွက် အေ ထာက်အကူပြုပြီး ခန္ဓာကိုယ်ရဲ့အဆီဓာတ်နဲ့ ကာဘိုဟိုက်ဒရိတ်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် သီဟိုဠ်စေ့နေ့စဉ် စားခြင်းက ဝိတ်တောင်မြန်မြန်ကျစေနိုင်ပါတယ်။ သီဟို ဠ်စေ့က အစာခံတဲ့အတွက် ဝိတ်ချနေတဲ့သူတွေဆိုရင် သီဟိုဠ်စေ့ကို အစာပြေအဖြစ်စားသင့်ပါတယ်။

၉) ဆံသားတွေ ကျန်းမာလာမယ်

သီဟိုဠ်စေ့မှာပါတဲ့ ကော့ပါးဓာတ်က ဆံသားကို တောက်ပြောင်သန်မာစေပြီး နူးညံ့ချော့မွေ့စေပါတယ်။ Melanin လို့ခေါ်တဲ့ အရောင်ထွက်စေတဲ့ဓာတ်ကို ထုတ်ပေးတဲ့အတွက် နဂိုဆံသား အရော င်ကို ပိုမိုလှပစေပါတယ်။

Photo; BrightSide

Credit:shwemom

Leave a Reply

Your email address will not be published. Required fields are marked *