လူတွေ သိပ်မသိသေး တဲ့ ငါးကြီး ဆီ ဆေးလုံးလေးတွေ ရဲ့ ကောင်းကျိုး များ

Posted on

လူကြီးတွေ တော်တော် များများက ထမင်းစားပြီးတဲ့အချိန်ဆိုရင် ငါးကြီးဆီ ဆေးလုံးလေးတွေ သောက်လေ့ရှိတာကို မြင်ဖူးကြမှာပါ။ ငါးကြီးဆီဆိုတာ ဦးနှောက်ဉာဏ်ရည်အတွက်သာမက အမြ င်အာရုံ နဲ့ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာ ကျှမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေ ကိုယ်တိုင်ကပါ ငါးကြီးဆီဆေးလုံးတွေကို အသက်အ ရွယ်မရွေး သောက်သင့်တယ်လို့ ညွှန်ပေးထားကြပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူတွေ မသိသေးတဲ့ ငါးကြီးဆီက ပေးတဲ့ ကောင်းကျိုးလေးတွေကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။ ထိုကျေး ဇူးတွေကတော့

၁။ ငါးကြီးဆီမှာ အိုမီဂါ – ၃ အဆီအနှစ်တွေပါလို့ နှလုံးကို ကောင်းကောင်း ကျန်းမာစေတယ်။ ကိုယ်ခန္ဓာက ထုတ် လုပ်ပေးနိုင်ခြင်း မရှိတဲ့အတွက် နေ့စဉ်စားနေတဲ့ အစာအာဟာရနဲ့ ဖြည့်စွက်စာ အားဆေးတွေမှာ အိုမီဂါ – ၃ အဆီအနှစ်တွေ မဖြစ်မနေ ပါဝင်ဖို့အတွက် လိုပါတယ်။

၂။ ကိုယ်ခန္ဓာအတွက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် ဗီတာမင် အေ ပါဝင်လို့ မျက်စိအမြင်အာရုံကိုလည်း ကောင်းစေတယ်။ မျက်စိအားနည်းတဲ့သူတွေ၊ မျက်စိမှုန်တဲ့သူတွေ၊ ကွန်ပျူတာရှေ့မှာ တစ်နေကုန် ထိုင်ပြီးတော့ အလုပ်လုပ်နေရတဲ့သူတွေအတွက် များစွာ အကျိုးရှိစေပါတယ်။

၃။ အရိုးကျန်းမာရေးနဲ့ ကိုယ်ခံ အားစနစ် ကောင်းမွန်စေတဲ့ ဗီတာမင် ဒီ ဓာတ်တွေ ကြွယ်ဝလို့ အရိုးအဆစ်တွေ သန်စွမ်းစေတယ်။ ဒါအပြင် ငါးကြီးဆီဟာ အသက်ကြီးလာတဲ့အခါမှာ ဖြစ်တတ်တဲ့ အရိုးပါးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်သလို တစ်ခြားရောဂါတွေ အလွယ်တကူဖြစ်မလာစေဖို့အတွက်လည်း ကူညီတိုက်ထုတ်ပေးနိုင်ပါတယ်။

၎။ ဦးနှောက်ဖွံ့ဖြိုးစေပြီးတော့ ဉာဏ်ရည်ထက်မြက်စေတဲ့ EPA နဲ့ DHA ပါဝင်လို့ ကျောင်းနေအရွယ်တွေ၊ လူငယ် လူကြီးမရွေး သောက်သုံးပေးသင့်ပါတယ်။ ဒါအပြင် ငါးကြီးဆီဟာ မှတ်ဉာဏ်ကောင်းစေပြီးတော့ မကြာခဏ သတိ မမေ့စေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

ဒါဆို ငါးကြီးဆီကို တစ်နေ့ ဘယ်နှစ်လုံးလောက် သောက်သင့်လဲ

လူတစ်ယောက် အတွက် တစ်နေ့လျှင် EPA နဲ့ DHA ပမာဏ 250-500 mg လိုအပ်ပါတယ်။ ဒါကြောင့် ဆေးမဝယ် ခင်မှာ ပါဝင်ပစ္စည်းနဲ့ အညွှန်း ကို သေချာဖတ်ကြည့်ပါ။ 1000 mg အား ပါဝင်တဲ့ ငါးကြီးဆီ ဆေးလုံးတစ်လုံးမှာ EPA နဲ့ DHA ပေါင်းစပ်ပါဝင်မှုဟာ 300 mg ပါရှိပါတယ်။ ဆေးအညွှန်း တိတိကျကျ မရှိပေမဲ့ တစ်နေ့ကို ငါးကြီးဆီ ဆေးလုံးတစ်လုံး ထမင်းစားပြီးရင် သောက်ပေးတာက အကောင်းဆုံးပါပဲ။ အကယ်လို့ ကိုယ်က ငါးတွေ၊ ပင်လယ်စာတွေ မစားဘူး ဆိုရင်တော့ ပမာဏ များများ သောက်ပေးဖို့လည်း လိုပါတယ်။ အကောင်းဆုံး ကတော့ ကိုယ်ပြသနေကျ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးဘယ်လောက် သောက်ဖို့၊ ဘယ်အာဟာရဓာတ်တွေကို မရှိမဖြစ်လို အပ်လဲဆိုတာကို အရ င်ဆုံး တိုင်ပင်သင့်ပါတယ်။

ငါးကြီးဆီ ကို ဘယ်အစားအစာ ကနေ ရနိုင်သေးလဲ

ကျန်းမာရေးအတွက် အထူးကောင်းတဲ့ အိုမီဂါ – ၃ အဆီအနှစ်ကို အဆီများတဲ့ ငါးနဲ့ ပင်လယ်စာတွေကနေ အများဆုံး ရရှိနိုင်ပြီးတော့ ပဲပိစပ်ဆီ၊ အခွံမာသီး၊ အစေ့အဆန်တွေကနေလည်း ရနိုင်ပါတယ်။ ဒါကြောင့် နေ့တိုင်း အဆီများတဲ့ ငါးတွေကို နေ့တိုင်း မစားပေးနိုင်ရင်တောင် တစ်ပတ်ကို ၂ကြိမ်လောက် စားပေးဖို့အတွက် အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်ရော ဘယ်လိုကောင်းကျိုးတွေရှိလဲ

ကိုယ်ဝန်ဆောင် မိခင်နှင့် ဗိုက်ထဲက သန္ဓေသားရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေး အတွက် EPA နဲ့ DHA ဓာတ်တွေ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ငါးကြီး ဆီကို ပြည့်ဝစွာ စားသုံးပေးခြင်းက မီးဖွားပြီးနောက်ပိုင်း ကလေးအတွက်လည်း အကျိုးကျေးဇူးတွေ များစွာ ရှိစေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ တစ်နေ့ကို EPA နဲ့ DHA ပေါင်းစပ်ပမာဏ 300 mg ခန့် စားပေးဖို့ လိုအပ်ပါတယ်။ ဒါအပြင်ဖြည့်စွက်စွာ အားဆေးတွေထဲမှာ လူတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ငါးကြီးဆီကို တစ်နေ့ တစ်လုံး ခန့် ပုံမှန်သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါကြောင့် သူ့မှာ ကိုယ်ခန္ဓာနဲ့ ကျန်းမာရေး အတွက်သာမက ဦးနှောက်ဉာဏ်ရည်ကိုလည်း ထက်မြက်စေနိုင်တဲ့ ဓာတ်တွေ အများအပြား ပါဝင် လို့ အသက် အရွယ်မရွေး သောက်ပေးသင့်တဲ့ အားဆေး လို့ ဆိုနိုင်ပါတယ်။ အားလုံးပဲ ကျန်းမာလန်းဆန်းကြပါစေ။

#Ref( ဟယ်လို – ငါးကြီးဆီနဲ့ ကျန်းမာရေးဆောင်းပါး မှ)

Credit:momolay

Leave a Reply

Your email address will not be published. Required fields are marked *