
Posted on




Credit – sankyipar

unicode

ပရိတ်သတ်တွေ ရှေ့ ပြန်လည်ရောက်ရှိတော့မယ့် အကြောင်း တရားဝင်ကြေညာလိုက်ပြီ ဖြစ်တဲ့ စွမ်းဇာနည်

ပြည့်သူ့အချစ်တော် ဇာတ်မင်းသားလေး စွမ်ဇာနည် ကတော့ ကျန်းမာရေးအခြေအနေ အရရော .. တခြားသောလူမှုရေး ပြဿနာတွေ ကြောင့် အနုပညာလောက ကနေ ခေတ္တအ နားယူ ခဲ့ပြီး ပရိသတ်တွေရှေ့က ကိုယ်ယောင်ပျောက်နေခဲ့တာပါ ။ ပရိသတ်တွေကတော့ အမြန်ဆုံး ပြန်လာဖို့ မျှော်လင့်နေခဲ့ကြပြီး ဆက်လက်အားပေးချစ်ခင်နေကြဆဲပါ ။

လတ်တလောမှာတော့ စွမ်းဇာနည် တစ်ယောက် ”အားလုံး ပဲ နေကောင်းကြရဲ့လား မတွေ့တာကြာပီနော် ကျွန်တော်လည်း အားလုံးကို သတိရပါတယ် လက်ရှိ ကျွန်တော် ဒီ Swam Zar ni ဆိုတဲ့ အကောင့်တစ်ခုပဲ သုံးနေပါတယ် မကြာခင်မှာ အနုပညာအလုပ်တွေနဲ့အတူ အားလုံးရှေ့ပြန် လာတော့မှာမို့ ကျတော့်ကိုချစ်တဲ့ ပရိသတ်ကြီးများ ဒီအကောင့်လေးမှာ စောင့်ြ ကည့် အားပေးကြပါနော် ဆိုတဲ့ စာသားလေးနဲ့အတူ ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

အချိန်အကြာကြီး ပရိတ်သတ် မြင်ကွင်းကနေ ပျောက်ကွယ်ခဲ့တာကြောင့် ကောလဟာလများလည်း ထွက်ပေါ်လာခဲ့သလို အမာခံပရိတ်သတ်များကလည်း နောက်ထပ်တကြိမ် မြင်တွေ့ရဖို့ စောင့်မျှော်နေခဲ့ကြတာပါ။အနုပညာအလုပ်တွေလည်း ပြန်လည်လုပ်ကိုင်တော့မှာဖြစ်လို့ ပရိသတ်တွေ ကတော့ အရမ်းကို ပျော်ရွှင်နေကြပါတယ် ။ စွမ်းက သူချစ်တဲ့ ပရိသတ်ကြီးကိုလည်း ဒီကာလမှာ ကျန်းမာရေးလဲ ဂရုစိုက်ကြဖို့ အတွက် သတိပေးစကားဆိုခဲ့ပါသေးတယ် ။ ပရိသတ်ကြီးထဲမှာရော စွမ်းရဲ့ ပရိသတ်တွေရှိလား မှတ်ချက်ပေးခဲ့ပါဦးနော် ..။

Credit – sankyipar

Leave a Reply

Your email address will not be published. Required fields are marked *