ဆီးခ်ိဳအခံရွိၿပီး ကိုဗစ္ ကူးစက္ခံေနရတဲ့ မိခင္ ရဲ႕ လက္ရွိ ရင္ဆိုင္ေနရတဲ့ အေျခအေန ကို ရင္ဖြင့္ခဲ့တဲ့ ခင္ဘုဏ္း

Posted on

ခင္ဘုဏ္း ကိုေတာ့ ၾသကၤန္သီခ်င္းေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိ ခဲ့ၾကတာျဖစ္ပါတယ္။ Group Song မ်ားစြာမွာလည္း ပါဝင္သီဆိုခဲ့သူျဖစ္ပါတယ္။ ျပည္ပမွာ ေခတ္စားလွ် က္ရွိတဲ့ ဂီေတ ရစီးေၾကာင္း ေလးေတြအတိုင္း ျမန္မာႏိုင္ငံက အဆိုေတာ္ေတြ ကလည္း သီခ်င္း ပုံစံေလး ေတြ ေျပာင္းလဲလာတာေၾကာင့္ သူမ ကိုယ္တိုင္လည္း သီခ်င္းပုံစံေတြ ေျပာင္းဆိုဖို႔ ရည္႐ြယ္ ထား တယ္လို႔ ေျပာပါတယ္။ ခင္ဘုဏ္းရဲ႕ မိခင္ကေတာ့ အသက္(၇၂) ႏွစ္ရွိၿပီျဖစ္ၿပီ ကိုဗစ္ ေၾကာင့္ Quarantine ဝင္ေနရတဲ့ အေၾကာင္းေတြကို ခင္ဘုဏ္းက အခုလို ေျပာျပ လာပါတယ္။ ” ခင္ဘုဏ္း အေမ (၇၂) ႏွစ္ က မေမွ်ာ္လင့္ပဲ ကိုဗစ္ ျဖစ္လို႔ ႐ိုးမအိမ္ယာ မွာ ေရာက္ေနပါတယ္။ လူနာထားဖို႔ မသင့္ေတာ္တဲ့ေနရာမွာ လူနာေတြ စု ထားၿပီး ဂ႐ုစိုက္ေ စာင့္ေရွာက္ မႈလည္းမရွိပါဘူး။ အေမက အသက္ရႈ မဝတတ္သူမို႔ ျပတင္းေပါက္ေဘးနားမွာ တံခါးဖြင့္ၿပီးအိပ္ေနရတယ္။

တကယ္ဆို အေျခအေန မဆိုးတဲ့ Positive ျဖစ္တဲ့ သူေတြ Hotel Quarantine ပဲ ျဖစ္ျဖစ္၊ Home Quarantine ပဲျဖစ္ျဖစ္ Positive ေတြအတြက္ Center လုပ္ၿပီးထားလို က္သင့္ပါတယ္။ ဒါဆိုရင္ တကယ္အေျခအေနဆိုးၿပီး လိုအပ္တဲ့သူေတြကို ပိုၿပီးအျပည့္အဝ ေစာင့္ေရွာက္ မႈေပးႏိုင္မွာပါ။အေျခအေန ဆိုးရင္ေတာ့ ဘယ္မွာပဲေရာက္ေရာက္ေဆး႐ုံပို႔ေပါ့။ လူေတြ အမ်ား ႀကီး ကို တာဝန္ယူတာကို တကယ္ ေက်းဇူးတင္ပါတယ္။ ခက္ခဲမွာလည္း နားလည္ပါတယ္။ လူအမ်ားႀကီး ကို ေကြၽးရတာမို႔ အခက္အခဲျဖစ္တာလည္း နားလည္ပါတယ္။ ညေနေလး နာရီထိ ေန႔လည္စာထမင္းေရာက္ မလာတာ ကေတာ့ လူနာအတြက္ အဆင္ မေျပလွပါဘူး” ဆိုၿပီးေတာ့ စက္တင္ဘာလ ၁၆ ရက္ေန႔ မနက္(၇) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာ မ် က္ႏွာမွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။ ခင္ဘုဏ္းအေနနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ အခက္အခဲ ႀကဳံေနရတဲ့ မိခင္ျဖစ္သူအတြက္ Quarantine ထားတဲ့ ေနရာကို ေ႐ႊ႕ေျပာင္းေ ပးေ ခ်င္တ ယ္လို ႔ ဆိုပါတယ္။ သူမဟာ လက္ရွိ ျပည္ပမွာ ေနထိုင္တဲ့သူျဖစ္တာေၾကာင့္ အိပ္မေပ်ာ္ရေလာက္တဲ့အထိကို စိတ္ပူေနတယ္လို႔ ဆိုပါတယ္။

“အေမက ဆီးခ်ိဳေရာဂါ အခံရွိတဲ့ သူမို႔ စိတ္ပူရတဲ့အထဲ ထမင္းခ်ိန္မမွန္၊ ေဆးတိုက္ မယ့္သူ အဖ်ားတိုင္းေပးမယ့္သူေတာင္မရွိ၊ ေနရတာ ေနရာထိုင္ခင္းအဆင္မေျပနဲ႔မို႔ေရာဂါထပ္ရမွာလည္း စိတ္ပူရ၊ ေလစိမ္းေတြမိၿပီး ဖ်ားမွာလည္းပူရ၊ အစာအခ်ိန္မွန္မွန္ မပို႔လို႔ အစားမဝင္ရင္ ဆီးခ်ိဳက်ၿပီး ဒုကၡမ်ားပါေတာ့မယ္။ အေမ အသက္(၇၀) ေက်ာ္ကို အေဝးကေနၿပီး စိတ္ေတြပူရလြန္းလို႔ ကြၽန္မအိပ္လို႔ေတာင္မရဘူး။ ေသခ်ာစဥ္းစားၿပီး အေကာင္းဆုံး အခ်ိန္မွီ ျပင္ဆင္ၾကပါလို႔ ေတာင္းပန္ပါတယ္။ ကြၽန္မ ရင္ေတြနာေနရပါၿပီ ။ ေရာဂါအခံရွိတဲ့ အသက္ (၇၂) ႏွစ္ ကြၽန္မ အေမ ကို တစ္ေနရာ ေျပာင္းေပးၾကပါေတာ့။ ပရဟိတ သမားေတြ ေစတနာအျပည့္နဲ႔ ပင္ပန္းၾကမယ္ဆိုတာ နားလည္ပါတယ္ ေလးစားေက်းဇူးတင္ပါတယ္။ ကြၽန္မ အေမအို ကိုေဆး႐ုံ မွာ ထားမွ စိတ္ခ် အဆင္ေျပမွာမို႔ပါ” လို႔လည္း ဆက္လက္ ေျပာျပ ခဲ့ပါတယ္။

unicode

ခင်ဘုဏ်း ကိုတော့ သြင်္ကန်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိ ခဲ့ကြတာဖြစ်ပါတယ်။ Group Song များစွာမှာလည်း ပါဝင်သီဆိုခဲ့သူဖြစ်ပါတယ်။ ပြည်ပမှာ ခေတ်စားလျှ က်ရှိတဲ့ ဂီတေ ရစီးကြောင်း လေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သူမ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ် ထား တယ်လို့ ပြောပါတယ်။ ခင်ဘုဏ်းရဲ့ မိခင်ကတော့ အသက်(၇၂) နှစ်ရှိပြီဖြစ်ပြီ ကိုဗစ် ကြောင့် Quarantine ဝင်နေရတဲ့ အကြောင်းတွေကို ခင်ဘုဏ်းက အခုလို ပြောပြ လာပါတယ်။ ” ခင်ဘုဏ်း အမေ (၇၂) နှစ် က မမျှော်လင့်ပဲ ကိုဗစ် ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ်။ လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်ေ စာင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှု မဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။

တကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့ သူတွေ Hotel Quarantine ပဲ ဖြစ်ဖြစ်၊ Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက် Center လုပ်ပြီးထားလို က်သင့်ပါတယ်။ ဒါဆိုရင် တကယ်အခြေအနေဆိုးပြီး လိုအပ်တဲ့သူတွေကို ပိုပြီးအပြည့်အဝ စောင့်ရှောက် မှုပေးနိုင်မှာပါ။အခြေအနေ ဆိုးရင်တော့ ဘယ်မှာပဲရောက်ရောက်ဆေးရုံပို့ပေါ့။ လူတွေ အများ ကြီး ကို တာဝန်ယူတာကို တကယ် ကျေးဇူးတင်ပါတယ်။ ခက်ခဲမှာလည်း နားလည်ပါတယ်။ လူအများကြီး ကို ကျွေးရတာမို့ အခက်အခဲဖြစ်တာလည်း နားလည်ပါတယ်။ ညနေလေး နာရီထိ နေ့လည်စာထမင်းရောက် မလာတာ ကတော့ လူနာအတွက် အဆင် မပြေလှပါဘူး” ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ မနက်(၇) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျ က်နှာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ခင်ဘုဏ်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲ ကြုံနေရတဲ့ မိခင်ဖြစ်သူအတွက် Quarantine ထားတဲ့ နေရာကို ရွှေ့ပြောင်းေ ပးေ ချင်တ ယ်လို့ ဆိုပါတယ်။ သူမဟာ လက်ရှိ ပြည်ပမှာ နေထိုင်တဲ့သူဖြစ်တာကြောင့် အိပ်မပျော်ရလောက်တဲ့အထိကို စိတ်ပူနေတယ်လို့ ဆိုပါတယ်။

“အမေက ဆီးချိုရောဂါ အခံရှိတဲ့ သူမို့ စိတ်ပူရတဲ့အထဲ ထမင်းချိန်မမှန်၊ ဆေးတိုက် မယ့်သူ အဖျားတိုင်းပေးမယ့်သူတောင်မရှိ၊ နေရတာ နေရာထိုင်ခင်းအဆင်မပြေနဲ့မို့ရောဂါထပ်ရမှာလည်း စိတ်ပူရ၊ လေစိမ်းတွေမိပြီး ဖျားမှာလည်းပူရ၊ အစာအချိန်မှန်မှန် မပို့လို့ အစားမဝင်ရင် ဆီးချိုကျပြီး ဒုက္ခများပါတော့မယ်။ အမေ အသက်(၇၀) ကျော်ကို အဝေးကနေပြီး စိတ်တွေပူရလွန်းလို့ ကျွန်မအိပ်လို့တောင်မရဘူး။ သေချာစဉ်းစားပြီး အကောင်းဆုံး အချိန်မှီ ပြင်ဆင်ကြပါလို့ တောင်းပန်ပါတယ်။ ကျွန်မ ရင်တွေနာနေရပါပြီ ။ ရောဂါအခံရှိတဲ့ အသက် (၇၂) နှစ် ကျွန်မ အမေ ကို တစ်နေရာ ပြောင်းပေးကြပါတော့။ ပရဟိတ သမားတွေ စေတနာအပြည့်နဲ့ ပင်ပန်းကြမယ်ဆိုတာ နားလည်ပါတယ် လေးစားကျေးဇူးတင်ပါတယ်။ ကျွန်မ အမေအို ကိုဆေးရုံ မှာ ထားမှ စိတ်ချ အဆင်ပြေမှာမို့ပါ” လို့လည်း ဆက်လက် ပြောပြ ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *