“႐ိုးမရိပ္သာ” ေဆး႐ုံ ပိုးေတြ႕တဲ့ လူနာအမွတ္ 2188ရဲ႕ ရင္နစ္ဖြယ္ေရးထားေသာစာ( စိတ္မေကာင္းလိုက္တာ )

Posted on

ကြၽန္မ 10ရက္ေန႔က ပိုးေတြ႕တဲ့ လူနာအမွတ္ 2188 ပါ။ 7ရက္ေန႔မွာ Hlaine Tet Hotel မွာ Quarantine ဝင္ေနရာက10 ရက္ေန႔မွာပိုးေတြ႕လို႔ 13ရက္ေန႔မွာ ႐ိုးမရိပ္သာဆိုတဲ့ ကု သေရးစင္တာကိုေရာက္လာပါတယ္။ ပိုးစေတြတဲ့ ေန႔က စၿပီ း ယေန႔ 16 ရက္ေန႔အထိ ကြၽန္မကို လာၾကည့္တဲ့ ဆရာဝန္ မရွိပါဘူး။ ကြၽန္မ ကိုေသြးေပါင္ခ်ိန္ၾကည့္မယ့္သူမရွိပါဘူး။ ကြၽန္မ ကိုနားၾကပ္နဲ႔လာစမ္းသပ္သူ မရွိေသးပါဘူး။ ကြၽန္မတို႔ကို ကိုယ္ပူခ်ိန္လာတိုင္းတာ မရွိပါဘူး။ ကြၽန္မနဲ႔အတူ ႐ိုးမရိပ္သာမွာ က်န္ခဲ့တဲ့ က်န္မိသားစုဝင္ေတြလည္း ကြၽန္မလိုပဲ က်န္း မာေရးေစာင့္ေရွာက္မႈမရပါဘူး။ လက္ရွိကြၽန္မတို႔ေနတဲ့ တိုက္မွာရွိတဲ့ ကြၽန္မတို႔ေဘးခန္းက ပိုးေတြ႕ လူနာေတြလည္း ကြၽန္မနည္းတူမရပါဘူး။

ကြၽန္မတို႔ ေရာဂါေဝဒနာေတြကို ခံစားခဲ့ရၿပီးၿပီ။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကုသခဲ့ရၿပီးၿပီ။ အခု အခန္း မွာ ေရမရတာ ၂ ရက္ေက်ာ္ သြားၿပီ။ ဖုန္းေတြအထပ္ထပ္ဆက္လည္း လာမၾကည့္ဘူး။ ေရမရလို႔ေျပာတဲ့အခါ သူတို႔အခန္းမွာလည္းေရမရေၾကာင္းပဲေျပာတယ္။ ေနာက္ဆုံး ဖုန္းပါမကိုင္ေတာ့ဘူး။ ကြၽန္မတို႔ကို ကုသမႈလည္းမေပး။ ေနမႈထိုင္မႈအတြက္ အေျခခံလိုအပ္ခ်က္လည္း မျပည့္စုံပါဘဲနဲ႔ ပိုးေတြ႕ လူနာေတြကို ဘာျဖစ္လို႔ ဒီေနရာကို ေခၚလာရတာလဲ နားမလည္ႏိုင္ပါ။ ကိုယ့္အိမ္မွာပဲ ကိုယ့္မိသားစု ေလာ့ေဒါင္းလုပ္ၿပီးေနရင္မရဘူးလား။ အခုလည္း ကုသမွာမွ မေပးႏိုင္တာပဲေလ။ ကိုယ့္အိမ္မွာကိုယ္ မိသားစုအလိုက္ တတ္ႏိုင္တဲ့ facility ေလးနဲ႔ စိတ္ခ်မ္းခ်မ္း သာသာေနခြင့္ရရင္ သိပ္ေကာင္းမွာပါပဲ။ အခုေတာ့ ေရမခ်ိဳးရလို႔ ေစးကပ္ေနတဲ့ အသားအေရ၊ ဆံပင္ေတြနဲ႔ လွဲလိုက္တိုင္းဖုန္ေတြ၊ ကြန္ကရစ္မႈန႔္ေတြထေနတဲ့ ၾကမ္းခင္းေျပာင္ေပၚမွာ ဖိနပ္စီးထားတာေတာင္ ေပတလူးေနတဲ့ ကြၽန္မကေလးေတြရဲ႕ေျခေထာက္ေလးေတြၾကည့္ရင္း ရင္နာရတယ္။

ဆင္ေျပာင္ႀကီးလို အားရွိတဲ့ ကြၽန္မ အမ်ိဳးသားက ေျခလွမ္းငါးလွမ္းေတာင္ ေကာင္းေကာင္းမေလွ်ာက္ႏိုင္တာျမင္ေတာ့ ဝမ္းနည္းရတယ္။ သူအေတာ္ေလးေနမေကာင္းလို႔ ဖုန္းအထပ္ထပ္ဆ က္တဲ့ အခါ မေန႔ညက လာၾကည့္ၿပီး ဓာတ္ဆားရည္ ၂ ထုပ္ နဲ႔ ေဆးတစ္မ်ိဳးေပးပါတယ္။ ဒီမနက္ ဖုန္းဆက္ၿပီး ျဖစ္ႏိုင္ရင္ကြၽန္မအမ်ိဳးသားကိုေတာ့ ေဆး႐ုံေျပာင္းေပးဖို႔ ဖုန္းဆက္ အေၾကာ င္း ၾကားထားပါတယ္။ ဖုန္းဆက္ထားတဲ့အခ်ိန္ ၂ နာရီ ေက်ာ္ေနေပမယ့္ အခုအခ်ိန္ထိ လာမၾကည့္ေသးပါဘူး။ ကြၽန္မ စာေတြအမ်ားႀကီး ေရးခ်င္ပါတယ္။ ဒါေပမဲ့ အခ်ိန္မရလို႔ပါ။ အခု ဒီ စာကို ေရးခ်င္လြန္းလို႔ မိသားစုကို 15 မိနစ္ေလာက္ တစ္ေယာက္ ထဲေနခြင့္ေတာင္းၿပီး ေရးလိုက္ရပါတယ္။ ဒီလို စိတ္ပ်က္ဖြယ္ အေျခအေနက အျမန္ဆုံး႐ုန္းထြက္ခ်င္ေနပါၿပီ။

unicode

ကျွန်မ 10ရက်နေ့က ပိုးတွေ့တဲ့ လူနာအမှတ် 2188 ပါ။ 7ရက်နေ့မှာ Hlaine Tet Hotel မှာ Quarantine ဝင်နေရာက10 ရက်နေ့မှာပိုးတွေ့လို့ 13ရက်နေ့မှာ ရိုးမရိပ်သာဆိုတဲ့ ကု သရေးစင်တာကိုရောက်လာပါတယ်။ ပိုးစတွေတဲ့ နေ့က စပြီ း ယနေ့ 16 ရက်နေ့အထိ ကျွန်မကို လာကြည့်တဲ့ ဆရာဝန် မရှိပါဘူး။ ကျွန်မ ကိုသွေးပေါင်ချိန်ကြည့်မယ့်သူမရှိပါဘူး။ ကျွန်မ ကိုနားကြပ်နဲ့လာစမ်းသပ်သူ မရှိသေးပါဘူး။ ကျွန်မတို့ကို ကိုယ်ပူချိန်လာတိုင်းတာ မရှိပါဘူး။ ကျွန်မနဲ့အတူ ရိုးမရိပ်သာမှာ ကျန်ခဲ့တဲ့ ကျန်မိသားစုဝင်တွေလည်း ကျွန်မလိုပဲ ကျန်း မာရေးစောင့်ရှောက်မှုမရပါဘူး။ လက်ရှိကျွန်မတို့နေတဲ့ တိုက်မှာရှိတဲ့ ကျွန်မတို့ဘေးခန်းက ပိုးတွေ့ လူနာတွေလည်း ကျွန်မနည်းတူမရပါဘူး။

ကျွန်မတို့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရပြီးပြီ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသခဲ့ရပြီးပြီ။ အခု အခန်း မှာ ရေမရတာ ၂ ရက်ကျော် သွားပြီ။ ဖုန်းတွေအထပ်ထပ်ဆက်လည်း လာမကြည့်ဘူး။ ရေမရလို့ပြောတဲ့အခါ သူတို့အခန်းမှာလည်းရေမရကြောင်းပဲပြောတယ်။ နောက်ဆုံး ဖုန်းပါမကိုင်တော့ဘူး။ ကျွန်မတို့ကို ကုသမှုလည်းမပေး။ နေမှုထိုင်မှုအတွက် အခြေခံလိုအပ်ချက်လည်း မပြည့်စုံပါဘဲနဲ့ ပိုးတွေ့ လူနာတွေကို ဘာဖြစ်လို့ ဒီနေရာကို ခေါ်လာရတာလဲ နားမလည်နိုင်ပါ။ ကိုယ့်အိမ်မှာပဲ ကိုယ့်မိသားစု လော့ဒေါင်းလုပ်ပြီးနေရင်မရဘူးလား။ အခုလည်း ကုသမှာမှ မပေးနိုင်တာပဲလေ။ ကိုယ့်အိမ်မှာကိုယ် မိသားစုအလိုက် တတ်နိုင်တဲ့ facility လေးနဲ့ စိတ်ချမ်းချမ်း သာသာနေခွင့်ရရင် သိပ်ကောင်းမှာပါပဲ။ အခုတော့ ရေမချိုးရလို့ စေးကပ်နေတဲ့ အသားအရေ၊ ဆံပင်တွေနဲ့ လှဲလိုက်တိုင်းဖုန်တွေ၊ ကွန်ကရစ်မှုန့်တွေထနေတဲ့ ကြမ်းခင်းပြောင်ပေါ်မှာ ဖိနပ်စီးထားတာတောင် ပေတလူးနေတဲ့ ကျွန်မကလေးတွေရဲ့ခြေထောက်လေးတွေကြည့်ရင်း ရင်နာရတယ်။

ဆင်ပြောင်ကြီးလို အားရှိတဲ့ ကျွန်မ အမျိုးသားက ခြေလှမ်းငါးလှမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တာမြင်တော့ ဝမ်းနည်းရတယ်။ သူအတော်လေးနေမကောင်းလို့ ဖုန်းအထပ်ထပ်ဆ က်တဲ့ အခါ မနေ့ညက လာကြည့်ပြီး ဓာတ်ဆားရည် ၂ ထုပ် နဲ့ ဆေးတစ်မျိုးပေးပါတယ်။ ဒီမနက် ဖုန်းဆက်ပြီး ဖြစ်နိုင်ရင်ကျွန်မအမျိုးသားကိုတော့ ဆေးရုံပြောင်းပေးဖို့ ဖုန်းဆက် အကြော င်း ကြားထားပါတယ်။ ဖုန်းဆက်ထားတဲ့အချိန် ၂ နာရီ ကျော်နေပေမယ့် အခုအချိန်ထိ လာမကြည့်သေးပါဘူး။ ကျွန်မ စာတွေအများကြီး ရေးချင်ပါတယ်။ ဒါပေမဲ့ အချိန်မရလို့ပါ။ အခု ဒီ စာကို ရေးချင်လွန်းလို့ မိသားစုကို 15 မိနစ်လောက် တစ်ယောက် ထဲနေခွင့်တောင်းပြီး ရေးလိုက်ရပါတယ်။ ဒီလို စိတ်ပျက်ဖွယ် အခြေအနေက အမြန်ဆုံးရုန်းထွက်ချင်နေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *