ကျောက်ကပ် မှာ ကျောက် တည်နေကြောင်း ကောင်းကောင်း သိနိုင် မယ့် လက္ခဏာ (၇) ရပ်

Posted on

အဖြစ်များတဲ့ ရောဂါတွေထဲမှာ ပါဝင်တဲ့ ကျောက်ကပ်မှာ ကျောက်တည်ခြင်းဟာ မျိုးရိုးနဲ့ဆိုင်သလို စားသောက်နေ ထိုင်မှုပုံစံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကျောက်ကပ်မှာ ကျောက်တည်လာရင် ဖြစ်လာနိုင်မယ့် ရှေ့ပြေး လက္ခဏာတွေကို အခုလိုပဲ မိုမိုလေး စာဖတ်ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။ထို ရှေ့ပြေးလက္ခဏာတွေကတော့

၁။ ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟာ ကျောက်ကပ်မှာ ကျောက် တည်နေကြောင်း သိနိုင်တဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆီးလမ်းေ ကြာင်းထဲကို ပိုးဝင်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။

၂။ ခါးနာခြင်းဟာ ရိုးရိုးသာမန် ကျန်းမာရေးပြဿနာတစ်ခုလို့ ပြောလို့ရပေမယ့် မကြာခဏ ဆိုသ လို ခါးနာကျင်မှု ဖြစ်နေပြီဆိုရင်တော့ ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင် တာကြောင့် မပေါ့ဆသင့်ပါဘူး။

၃။ ကျောက်ကပ်မှာ ကျောက်တည်နေတဲ့အခါ ဆီးအရောင်ဟာ ပုံမှန်ထက် ပိုရင့်ပြီးတော့ လိမ္မော်ရောင် ဘက် သမ်းနေတတ် ပါတယ်။ ဆီးအနံ့ဟာ သာမန်ထက်ပိုပြီး ဆိုးဆိုးဝါးဝါး အနံ့မျိုး ဖြစ်နေတဲ့အခါမှာလည်း ကျောက်ကပ်မှာ ကျောက် တည်ခြင်းကြောင့် ဖြစ်နိုင်ပါသေးတယ်။

၎။ ဆီးထဲမှာ တကယ်လို့ သွေးတစ်စွန်းတစ်စပါလာပြီဆိုရင်တော့ ဒါဟာ ကျောက်ကပ်မှာ ကျောက်တည် တာကြောင့်လည်း ဖြစ်နိုင်သလို ကျောက်ကပ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုခု လည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသ သင့်ပါတယ်။

၅။ ဝမ်းဗိုက်နဲ့ ခါးအောက်ပိုင်းတွေ မကြာခဏဆိုသလို နာကျင်နေတာဟာလည်း ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းရဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

၆။ ကျောက်ကပ်အတွင်း ကျောက်တည်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို မဖယ်ရှားပေးနိုင်တဲ့အခါ မအီမသာဖြစ်ပြီးတော့ ပျို့အန်ခြင်းတွေကိုလည်း ကောင်းကောင်း ခံစားရနို င်ပါတယ်။

၇။ ကိုယ်အင်္ဂါင်္အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းဟာလည်း ကျောက်ကပ်နဲ့ သက်ဆိုင် တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာတဲ့အခါ ပြလေ့ရှိတဲ့ လက္ခဏာတရပ် ဖြစ်တာကြောင့် မပေါ့ ဆသင့်ပါဘူး။

#Ref( Irrawaddy news – ကျောက်ကပ်မှာ ကျောက်တည်ခြင်းဆောင်းပါးမှ)

Credit:ရှမ်းပုတ်(မိုမိုလေး)

Leave a Reply

Your email address will not be published. Required fields are marked *