စောင်းလျားသီးနှင့် ကျန်းမာရေး

Posted on

စောင်းလျားသီး ကို ဓားနဲ့ ပါးပါးလှီး ကြည့်တဲ့အခါ ကြယ်ပုံနဲ့တူလို့ Star Fruit လို့လည်း ခေါ်ပါတယ်။ မှည့်လာရင် ချိုချဉ်ချဉ် အရသာရှိပါတယျ စောင်းလျားသီးမှာ အာဟာရများစွာ ပါဝင်ေ နပါတယ်။ အထူးသဖြင့် အမျှင်ဓာတ်နဲ့ ဗီတာမင်စီ ပါဝင်မှုများပါတယ်ပုံမှန် အလတ်စား စောင်းလျားသီး တစ်လုံး( ၉၁ ဂရမ်) မှာအမျှင်ဓာတ် -၃ ဂရမ်၊အသားဓာတ် ၁ ဂရမ်၊ ဗီတာ မင်စီ နေ့စဉ်စားရမဲ့ ပမာဏရဲ့ ၅၂ ရာခိုင်နှုန်း၊ ဗီတာမင် B5 နေ့စဉ်စားရမဲ့ ပမာဏရဲ့ ၄ ရာခိုင်နှုန်း၊ဖောလိတ် ၃ ရာခိုင်နှုန်း၊ ကော်ပါး ၆ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၃ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် ၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ စောင်းလျားသီးမှာ ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်

၁။အူမကြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

စောင်းလျားသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဆေးသိပ္ပံလေ့လာမှုတွေအရ စောင်းလျားသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိ မ်အူ လ မ်းကြောင်းက အဆိပ်အတောက်တွေကို နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်

၂။အရောင်ကျစေခြင်း

စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့Flavonoids တွေကြောင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အထူးသဖြင့်အရေပြား ရောင်ရမ်းလူနာတွေ စားသင့်ပါတယ်။ ဒါ့အြ ပင် စောင်းလျား သီးမှာ ဗီတာမင်စီ များစွာပါတာမို့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်

၃။နှလုံးကျန်းမာရေး ကို ကောင်းမွန်စေခြင်း

စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့ သွေးတိုးကို ထိန်းညှီကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်

၎။နို့တိုက်မိခင်တွေ စားသင့်

စောင်းလျားသီးစားတဲ့ နို့တိုက်မိခင်တွေမှာ နို့ပိုထွက်ဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်

၅။အလေးချိန် ကျစေခြင်း

စောင်းလျားသီးမှာ ကယ်လိုရီ၊ ကာဗွန်ဟိုက်ဒြိတ် နည်းပါးပြီး အမျှင်နဲ့ အာဟာရဓာတ်များစွာပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့ အစာခြေချက်မှုကို အားပေးကာ ဝိတ်ကျစေနိုင်ပါတယ်

၆။ကိုယ်ခံအား ကောင်းစေခြင်း

စောင်းလျားသီးမှာ ဗီတာမင်စီပါဝင်မှုများတာမို့ ပုံမှန်စားရင် ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ အလွယ်တကူဝင်လို့ မရတော့ပါဘူး

၇။‌သွေးပေါင်ထိန်းညှီပေးခြင်း

စောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ် ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်။ ဒါကို ဓာတ်ခွဲခန်းမှာ ကြွက်တွေနဲ့လေ့လာကာ အတ ည်ြ ပုထားပေမဲ့ လူသားနဲ့ လေ့လာမှုတွေတော့ လုပ်ထားတာ မရှိသေးပါဘူး

၈။အစာကြေ၊ဝမ်းမှန်စေခြင်း စာင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါတာမို့ ပုံမှန်စားရင် လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှာကင်းဝေးစေမှာပါ

၉။ဆီးချို ကို ထိန်းညှီပေးခြင်း

စောင်းလျားသီးမှာ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေ များစွာပါတာမို့ ဆီးချိုသမားတွေ ဆီးချို တက်မနေရင် နေ့စဉ် တလုံး ပုံမှန် စားသင့်ပါတယ်

၁၀။အဆီဓာတ် ကို ချပေးခြင်း

စောင်းလျားသီး ပုံမှန်စားရင်ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီ LDLကို ချပေးပြီး ကောင်းတဲ့ အဆီ HDLကို တက်စေပါတယ်။ အသည်းအဆီဖုံးရောဂါကို လျော့ပါးစေတယ်လို့ ကြွက်ေ တွနဲ့ လေ့လာထား မှုအရ သိရပါတယ်

၁၁။ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း

စောင်းလျားသီး က ဆီးသွားများစေပါတယ်။ ခန္ဓာကိုယ်ထဲ ပိုနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲ ပါကာ သန့်စင်ပေးနိုင်ပါတယ်

၁၂။လည်ချောင်းနာခြင်းကို သက်သာစေခြင်း

စောင်းလျားသီးမှာ အရောင်ကျစေတဲ့ အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ တံတွေးပိုမိုထွက်စေကာ မကောင်းတဲ့ ပိုးမွှားတွေကို နည်းပါးစေပါတယ်

၁၃။အိပ်ရေးဝစေခြင်း

စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်

၁၄။မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဗီတာမင်အေ ကြွယ်ဝစွာပါဝင်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

Crd:ဟမ်စိုင်း(ဆေး-မန်း)

Leave a Reply

Your email address will not be published. Required fields are marked *