အိမ်မှာ အထိ အခိုက် တခုခု မရှိ ရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ်ပူဇော်ပါ

Posted on

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊

အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပ ဋ္ဌာ န်း ရွတ်ရင် အဆင်မပြေသူများအတွက် ဒီနည်းလေး မျှဝေပေးချင်ပါတယ်။

ပထမဆုံး နတ်ပင့်ရပါမယ်။

သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။

သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။(ဓမ္မဿဝနကာလော အယံ ဘဒန္တာ။) ၃ခေါက်

ဒုတိယက မေတ္တာသုတ် ရွတ်ရပါမယ်။

တတိယက ခွင့်တောင်းရပါမယ်။

ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ မေတ္တာတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားတပည့်တော် (—–)သည် ဤနေ့ (—–)ခုနှစ်၊ (—–)ရက်၊ (—–)နေ့တွင် ဤ(—–)နေရာဌာနတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားေ တာ် မူခဲ့ သည့်

(အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်ကြီး (သို့) မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်) တို့ကို ရွတ်ဖတ်သရဇ္ဈယ်၍ မြတ်စွာဘုရားအား လေးစားကော်ရော် ပူဇော်ြ ခ င်းတည်းဟူသော

ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ကြားခွင့် ပေးသနားတော်မူပါရန် တရားတော်၏ ပိုင်ရှင် အစစ်အမှန်ဖြစ်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်း အပ် ပါ သည် အရှင်ဘုရား။ ခွင့်ပေးေ တ်ာမူပါ အရှင်မြတ်ကြီးဘုရား။

စတုတ္ထက ဖိတ်ကြားရပါမယ်။

မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို နာကြားနိုင်သော နာကြားလိုသော အားလုံးသော စကြာဝဠာအနန္တတွင် ရှိကြကုန်သော အပါယ်ဘုံသားလူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့နှင့် ဘု ရားတပည့်တော်၏ဆွေဆက်၊ မျိုးဆက်၊ ပဋ္ဌာန်းဆက်ဆွေတော်၊ မျိုးတော်အပေါင်းတို့ တရားတော်နာကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါ၏။ (မိမိဖိတ်ကြားလိုသော ပုဂ္ဂိုလ်အပေါင်းအား လ ည်း ဖိတ်ြ ကားနိုင်ပါသည်။)

ပဉ္စမကတော့ ဖယ်ရှားခြင်းဖြစ်ပါတယ်။

မဟာပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ကြားခြင်း ကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ ဤ(—–)နေရာဌာနနှင့် အနီးပတ် ဝန်း ကျင် ၌ရှိနေပါကခေတ္တခဏ ဖယ်ရှားပေးကြပါရန် ပန်ကြားအပ်ပါ၏။(ခေတ္တခဏ ဖယ်ရှားပေးကြပါကုန်လော့…) ၃ခေါက် ပဋ္ဌာန်းစတင်ရွတ်ဆိုပါ။

ဆဌမကတော့ ဖယ်ရှားထားသူများအားပြန်လည်ပန်ကြားခြင်းပါ။

ဘုရားတပည့်တော် (—–)မှ ခေတ္တခဏဖယ်ရှားရန် ပန်ကြားထားသော မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာန်နတ်၏ နောက်လို က်ေ နာက်ပါ နတ်ဆိုးများအားလုံးတို့ သင်တို့နေရာ ဌာနအသီးသီး၊ ဘုံဗိမ္မာန်အသီးသီးသို့ ပြန်လည်ကြွမြန်း၍ (နေလိုက နေနိုင်ပါပြီ)၃ခေါက်

နောက်ဆုံးကတော့ မေတ္တာပို့ အမျှဝေ နတ်ပို့ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္မတ္တိ သိဒ္ဓိယာ။

တချို့သော ဘုံလောကသားတွေဟာ ပဋ္ဌာန်းကိုနာကြားရတဲ့အခါ အလွန်ပဲပူလောင်ပါတယ်။ အကုသိုလ်ကံ ကြီးလွန်းအားကြီးတော့ မနာကြားနိုင်ပါဘူး။ အသံကြားရင်ပဲ ပူလောင်လှတဲ့အတွက် ရွတ်ဖတ် သူကို အရ မ်းစိတ် ဆိုးပါတယ်။

အဲ့တော့ သူတို့တလှည့် ပြန်အားသာတဲ့အခါ ကိုယ့်ကို ဒုက္ခပေးတတ်ပါတယ်။ အဲ့ဒါကြောင့်မို့ ခေတ္တခဏအသိပေးပြီး ဖယ်ရှားခိုင်းတာ အကောင်းဆုံးပါ။

အားလုံးပဲ ပဋ္ဌာန်းဒေသနာတော်ကို ပူဇော်ပြီး ပိုမိုကောင်းမွန် မြင့်မြတ်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Mulan Sarah ကျမ်းကိုး အဓိဋ္ဌာန်ကျင့်စဉ်ဝင်နည်းနှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်နည်း။

Leave a Reply

Your email address will not be published. Required fields are marked *