
Posted on





unicode

ဖက်ရှင်ပိုင်း နဲ့ ပတ်သက်ပြီး သရုပ်ပျက် စေတာမျိုးတွေ မလုပ်ဖို့ ကျော်ကျော်နန္ဒ ကိုအကြံပေးဖြစ်တဲ့ အကြောင်းပြောပြလာတဲ့ မမဆောင်း

ပရိသတ်ကြီးရေ.. မမဆောင်းလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်မင်း သမီး ဆောင်းအိန္ဒြာထွန်းကတော့ ပရိသတ်တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်..။ သရုပ်ဆောင်ပိုင်း မှာလည်း ပရိသတ်တွေရဲ့အချစ်တွေကို ရရှိထားသလို သီချင်းလေးတွေနဲ့လည်း ပရိသတ်တွေ ကို ဖမ်းစားတတ်တဲ့ မမဆောင်း ကတော့ ရိုးရှင်းအေးချမ်းတဲ့အလှတရားတွေကို ပိုင် ဆိုင်ထားပြီး စကားပြောပွင့်လင်းသူလေးလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးစောင့်ကြည့်မှုတွေကို ရရှိထားတဲ့ မမဆောင်းဟာ အနုပညာ အလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ကျော်ကျော်နန္ဒနဲ့ ခင်မင်တဲ့အကြောင်းလေးတွေနဲ့ ဖက်ရှင်ပိုင်းမှာ အကြံပေးဖြစ်တဲ့ အကြောင်းလေးတွေကို ပြောပြလာပါတယ်နော်..။ ကျော်ကျော်နန္ဒနဲ့က ငယ်ငယ် ကတည်း က ခင်မင်ခဲ့ကြတာဖြစ်ပြီး ကျော်ကျော်နန္ဒရဲ့ သီချင်းလေး တွေ မှာလည်း သရုပ်ဆောင်ပေးဖြစ်ကာ ဖက်ရှင်ပိုင်းမှာလည်း သရုပ်ပျက်တာတွေ မလုပ်ဖို့ အကြံ ပေးဖြစ်တဲ့အကြောင်းလေးတွေ ပြောပြလာတာ ဖြစ်ပါတယ်..။

“ရိုးရာယဉ်ကျေးမှုကို အလွန်အကျူး လုပ်တာတော့ အစ်မလည်း အားမပေးပါဘူး အဲ့ဒါမျိုးတွေဆို မလုပ်ဖို့ တိုက်တွန်းတယ် သရုပ်ပျက်သွားတာတွေတော့ မကောင်းဘူးဆိုပြီး အကြံပေးဖြ စ် တာ တော့ ရှိတယ် ပုံမှန်တော့ ပြဿနာမရှိဘူး ရိုးရာယဉ်ကျေးမှုကို ထိခိုက်ရင် ပရိသတ်တွေက မရ ဘူး လေ အစ်မလည်း ကြုံတော့ တောင်းပန်ပါတယ် ဆရာမဝတ်စုံကို ဝယ်လိုက် တဲ့အ ချိန်မှာ ပို့စ် ပေးတာ အနောက်ကို ပိုပေးမိသွားတယ် အဲ့ဒါ အထင်လွဲသွားရင် တောင်းပန်ပါတယ် ..” ဆိုပြီး မမဆောင်းက ပြောပြထားတာပါ..။ လတ်တလောကာလမှာ သူများသီ ချင်းေ တွ ကိုသာ သရုပ်ဆောင်ပေးဖြစ်နေပြီး လာမယ့် ဒီဇင်ဘာ မှာတော့ သူမရဲ့ သီချင်းအပုဒ်(၅၀)ကို မိတ်ဆက်ပေးဖို့ ရှိတဲ့အကြောင်းလေးတွေကိုလည်း ပြောပြ ထားတဲ့ မမဆောင်းရဲ့ ဗီဒီယိုဖို င်လေး ကိုလည်း တင်ဆက်ပေး လိုက်ပါတယ်နော်..။

Photo Credit – Saung Eindaray Tun’s Fb Account

Leave a Reply

Your email address will not be published. Required fields are marked *