ဒီလို အဖြစ်မျိုး နဲ့ ကြုံတွေ့ ရသူပေါင်း ဘယ်လောက်ရှိနေပြီလဲ မသိပါ (တကယ် ခံစားရပါတယ်)

Posted on

ကဲနောက်ဇာတ်လမ်းတစ်ပုဒ်။ အားလုံးသတိရှိကြပါ။ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေရသူပေါင်း ဘယ်လောက်ရှိနေပြီလဲမသိပါ.. တကယ်ခံစားရပါတယ် Covid က တကယ်ကြောက်ဖို့ေ ကာင်းတာ ပါ… အားလုံး ဝိုင်းစိတ်ပူပေးကြလို့ ကျေးဇူး အများကြီးတင်ပါတယ်…. ပထမဆုံး ကျမပါပါး မဆုံးခင် သုံးရက်ကအကြောင်းကို စပြောပါ့မယ် .. ပါပါးမဆုံးခင် သုံးရက်လောက်မှာ သူနေလို့ မေ ကာင်းဘူးဆိုပြီး စပြောပါတယ်

နှာမစေး၊ ချောင်းမဆိုး၊ ခေါင်းမကိုက်ပါဘူး … နှာတော့ နဲနဲချေပါတယ် … အဖျားတိုင်းပါတယ် … ၉၉/၁၀၀ ပဲပြပါတယ် … ပါပါးက ဘာရောဂါအခံမှ မရှိပါဘူး … သူ့ကိုမြင်ဖူးသူတိုင်းလဲ သူ ဘ ယ်ေ လာက် ကျန်းကျန်းမာမာနဲ့နေထိုင် သွားလာလဲဆိုတာ အကုန်သိပါတယ် … ပထမရက် ရိုးရိုးဖျားတယ်ဆိုပြီး ပါရာစီတမော သူစသောက်ပါတယ် … နောက် ဒုတိ ယြေ မာက်ေ န့ မှာလဲ သူဘာမှမဖြစ်ပါဘူး …အဖျားကလဲ ၉၉/၁၀၀ ပဲပြပါတယ် .. အနံ့လဲမပျောက်၊ အရသာလဲ မပျောက်ပါဘူး … ကျမ Fever Clinic တွေ ဖုန်းဆက်ပါတယ် … swab စစ်လို့ ရ မ လား လို့ ကျမမေးပါတယ် … ဖျားနေတယ်ဆိုတော့ဘယ်လောက်ဖျားလဲတဲ့ … အမှန်အတိုင်း ပြောပြပါတယ် … ဘယ်တွေသွားလဲ မေးပါတယ် … ကျမအဖေက ဘယ်မှမသွားပါဘူး၊ အိမ် ထဲ ပဲ နေပါတယ် … ကျမတ‌ယောက်ထဲ ၂ ရက်နေ့က ရုံးမှာလစာကိစ္စ သွား စီစဉ်တာပါ …

ရုံးမှာလဲ လူတယာက်မှမရှိပါဘူး …ကိုယ့်ကားနဲ့ကိုယ် သွားပြီးတာနဲ့ အိမ်ပြန်လာတာပါ … ပြန်လာတာနဲ့လဲ ရေချိုးခန်း တန်းဝင် ရေချိုးသန့်စင်ပါတယ် … အဲ့ ၂ ရက်နေ့ နောက်ပိုင်း တအိမ်လုံး အပြင်မထွက်ပါဘူး … ပါပါးက အဲ့ကြားထဲ လမ်းထိပ်က အမှိုက်ပုံကို အမှိုက်ထွက်ပစ်တာ တကြိမ်ရှိခဲ့ပါတယ် … deli လာပို့တာတွေတော့များခဲ့ပါတယ် … ကျမ အဲ့အကြောင်းတွေ ရှင်းပြခဲ့ ပါ တ ယ် … Clinic က ပြန်ပြောပါတယ် … အဲ့လောက်ဖျားရင် မစစ်ပေးပါဘူးတဲ့ … မောရင်၊ အသ က်ရှူကြပ်ရင် အဖျားအရမ်းကြီးမှ လာခဲ့ပါတဲ့ … ပါရာသောက်ပါတဲ့ … ချောင်းဆိုးရင် ချော င်းဆိုးေ ပျာက်ဆေး သောက်ပါတဲ့ … စိတ်မပူဘဲ အိမ်မှာနေပါဆိုလို့ … ဟုတ်ကဲ့ဆိုပြီး ပါပါးကို အိမ်မှာ ဆေးပဲတိုက်ပါတယ် …

ကြက်သားဆန်ပြုတ် တရက်ကို သူ ၄ ခွက် စားပါတယ် … ကြက်စွပ်ပြုတ်တွေ‌ သောက်ပါတယ် … သူမဆုံးခင် ရှေ့တရက်မှာ အဖျား ကျသွားပါတယ် … ကျမတို့လဲ အဆင်ပြေပြီ ထင်ခဲ့ တာပါ … သူဆုံးမယ့်မနက် ၁ နာရီမှာ သူ ဆီးသွားချင်တယ်ဆိုပြီး ထပါတယ် … အိမ်ပေါ်ထပ်မှာမို့ သူ့ဘေးမှာပဲ ဆီးအိုးထားပေးထားတာပါ … ဆီးသွားအပြီး သူမောတယ်၊ အသ က်ရှူ ကြ ပ်တယ် ဆိုပြီး စပြောပါတယ် … နောက်တခေါက်ထပ် ထပြီးသွားပါတယ် … သွားပြီးတာနဲ့ သူ လုံးဝ ကုတင်ပေါ်လဲကျပြီး … အသက်ကို ပါးစပ်က ရှုနေရပါပြီ … အဲ့အချိန်ကစပြီး ကျမ ဖုန်းတွေ တောက်လျှောက် ခေါ်ပါတယ် … ambulance ခေါ်ပါတယ်… သက်ဆိုင်ရာ ပေးထားတဲ့နံပါတ်တွေအကုန်ခေါ်ပါတယ် … ဖုန်းမကိုင်တာနဲ့၊ စက်ပိတ်ထားတာနဲ့ပဲ အကုန်ဖြစ်ပါတယ်

ညသန်းခေါင်မို့ ဖုန်းမကိုင်နိုင်တာ ကျမနားလည်ပါတယ် … ကျမ လမ်းထိပ်က ပရဟိတကား‌တွေ ရပ်ထားတဲ့ဆီကိုလဲ အပြေးသွားပါတယ် … လူတွေအိပ်နေလို့ ဝမ်းသာအားရနိုးပြီး ကျမပါပါး အောက်ဆီဂျင်လိုတဲ့အကြောင်း၊ ဆေးရုံပို့ဖို့ ပြောပါတယ် … ကျေးဇူးတင်စရာ အရမ်းကောင်းတာက ambulance ကားတွေက ကားသော့ကို ကားဘေး အိပ်နေသူတွေကို မပေးထားပါဘူးတဲ့ … ကားသော့ ကိုင်ထားတဲ့လူကြီး ဆိုလားအိမ်ကို ဖုန်းခေါ်တော့လဲ မကိုင်ပါဘူး … ကျမပါပါး ကိုယ်တိုင်ရဲ့ ကံပေါ့ … နောက်ဆုံးတော့ ကျမအသိ ambulance ကားကို ဖုန်းဆက်လို့ ရသွား ပြီး လာခေါ်ပေးပါတယ် .. တကယ်လဲ ကျေးဇူး အများကြီး တင်ကြောင်း ဒီကနေ ပြောပါရစေ … ကံဆိုးတာကတော့ ဆေးရုံရောက်တော့ အပေါက်ဝမှာ စစ်တာနဲ့ လူနာက အသ က်မပါ လာ ဘူးလို့ ဆရာဝန်မက ပြောပါတယ် …

ဒါပေမဲ့ swab စစ်ရမ ယ်လို့ ပြောပါတယ် … ဆုံးသွားလဲစစ်မယ်ဆိုလို့ ကျမတို့လဲ စစ်ပါလို့‌ ပြောခဲ့ပါတယ် … တချို့ ရင်နာစရာအကြောင်းအရာတွေ ကျမ ထည့်မရေးတော့ပါဘူး … ဘယ်သူ့ ကိုမှလဲ အပြစ် မတင်ချင်လို့ပါ …ကျမတို့ပေါ့ဆမှုကြောင့်ပဲ မှတ်ယူပါတယ် … ပါပါးဒီလိုနဲ့ ဆုံးပါတယ် … ကျမ အဲ့တညလုံး မနက် ၅ နာရီမှ အိမ်ရောက်ပါတယ် … မနက် ၈ နာရီဆေးရုံ ကြီး ကို ထပ်ချိန်းပါတယ် … Body ထုတ် သဂြိုလ် ဖို့ကိစ္စတွေ အစအဆုံး ကျမ ပြေးလွှားလုပ်ခဲ့ပါတယ် … ညရောက်တော့ ဆေးရုံကြီးက ပါပါးအဖြေ Positive ဆိုပြီး ဖုန်းဆက်ပါတယ် … ထူး ဆ န်းတာတခုက ကျမတို့ကို ခရီးသွားရာဇဝင် ဘယ်သူတွေနဲ့ ထိတွေ့ခဲ့လဲဆိုတာ တခွန်းမှ မမေးတာပါပဲ … ကျမ ချက်ချင်း ရပ်ကွက်ရုံးကိုအကြောင်းကြားပါတယ် …

မြို့နယ်အုပ်ချုပ်ရေးမှူးဆီ ဖုန်းဆက်ပါတယ် … မြို့နယ်ကျန်းမာရေးရုံးကိုလဲ ဆက်ပြီး အသိပေးပါတယ် … ကျမတို့တအိမ်လုံး Swab စစ်ချင်ပါတယ် ကျမ ပါပါးနဲ့ Primary contact မို့ကျ မတို့ စစ်ဖို့လိုတဲ့အကြောင်း ပြောတာပါ … အဖြေက တခွန်းပဲ ထပ်တူရပါတယ် … တိုင်း‌ကျန်းမာရေးကိုတင်ပြရပါမယ်တဲ့ … Fever clinic ကို ထပ်ဆက်ပါတယ် … ဖျားမှလာခဲ့ပါဆိုတဲ့ အြေ ဖပဲ ထပ်ရပါတယ် … ကျမ သူငယ်ချင်းကိုယ်တိုင် ဂန္ဒီ‌‌ ဆေးရုံကို ထပ်သွားပါတယ် … swab စစ်ချင်တယ်လို့ ရှင်းပြတာလဲမရပါဘူး … တိုင်းကျန်းမာရေးက လာခေါ်တာပဲ စောင့်ပါတဲ့ … ကျမတို့ Q ဝင်ဖို့အကြောင်း ပြောပါတယ် … Q ဝင်ဖို့တောင် ကျမတို့ကို အစက ၁၀ ရက်စောင့်ရပါ့မယ်တဲ့ …

တိုင်းကျန်းမာရေးရုံးက စာကျလာပြီး လာခေါ်မှ ဝင်လို့ရမယ်တဲ့ … ဒီနေရာမှာကျမပြောချင်တာ ကျမ မာမားကသွေးတိုး ဆီးချို အကုန်ရှိပါတယ် … ကျမပါပါးလို ကျမ လုံးဝ လုံးဝ ထပ်အဖြစ် မခံနိုင်တော့လို့ ကျမ ချက်ချင်း စစ်ချင်ရတာပါ … စစ်ပြီးကျမ‌မာ မားအတွက် ဆေးကု သမှုကို အပြည့်အ၀ လိုချင်လို့ပါ … နောက်ဆုံး မစစ်နိုင်ရင်တောင် ကျမ Q center ကို မာမားကို အမြန် ဆုံး ပို့ချင်လို့ပါ …‌ အိမ်မှာ ငုတ်တုတ် ထိုင် စောင့် နေရမှာထက်တော့ Q center မှာဆို ကျမတို့ကို စစ်ပေးမှာမို့ပါ … တပ်မ‌တော် Q center ကို သွားဖို့လဲ ကျမတို့ ကြိုးစားခဲ့ ပါတ ယ် … အဖြေက တိုင်းကျန်းမာရေး ထောက်ခံစာပဲလုပ်ရမယ်ဆိုတဲ့ အဖြေပဲရပါတယ် .. ၁၁ ရက်နေ့ မနက် မိုးလင်းတာနဲ့ ကျမ လက်လှမ်းမီသမျှ အကုန် ဆက်ပါတယ် … တိုင်းကျ န်း မာေ ရးရုံးကို ကျမသူငယ်ချင်း ကိုယ်တိုင် ထပ်သွားပါတယ် … ဆရာဝန်တွေ ရောက်မယ့်အချိန် မသိပါဘူးတဲ့ …

ဆရာဝန်တယောက် ဖုန်းနံပါတ်ကို ပေးပါတယ် … ဆက်လိုက်တော့ထောက်ခံစာကိစ္စ သူကိုင်တာ မဟုတ်ပါဘူးတဲ့ …ဒါဆို ကိုင်တဲ့ဆရာဝန် ဖုန်းလေး ရမလားဆိုတော့ personal ph တွေ ပေးခွင့်မရှိပါဘူးတဲ့ … အိုကေ ကျမတို့ကံပေါ့ … နော က်ဆုံး ကျမ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ ငိုယို တောင်းပန်ခဲ့ပြီး Hotel Q ပါရစေလို့‌ပြောခဲ့ပါတယ် … ၁၁ ရက်နေ့ ညနေပိုင်းမှာ အုပ် ချုပ်ရေးမှုးက ကားလွှတ်ပေးမယ် ဟိုတယ် ကတော့ သူတို့ရွေးတာပဲ ပို့ရမယ်တဲ့ … ကျမတို့ လက်ခံခဲ့ပါတယ် … ကျေးဇူးလဲ အထူးတင်ပါတယ် … ဟိုတယ် ရောက်ပြီး နောက်တရက် ကျမ အနံ့‌‌ရော အရသာရော ပျောက်ပါတယ် … ချောင်းဆိုးပါတယ် … အကြီးမ ဖျားပါတယ် … ဟိုတယ်ကကျန်းမာရေးမှူးကို အကြောင်းကြားပါတယ် … ပါရာပဲ တိုက်ပါတယ် … ဟိုတယ်ရောက်ပြီး ၃ ရက်မြောက်နေ့မှာ မာမား အောက်ဆီဂျင် စကျပါတယ် … 90/91 ဖြစ်လို့ ကျမ swab မြန်မြန်ယူပေးဖို့ အကြောင်းထပ်ကြားပါတယ် …

အဖြေကတော့ အထက်ကလာယူမှ ယူပေးပါတယ် ဆိုတဲ့ အဖြေပဲရပါတယ် … အိုကေဟုတ်ပြီ …ဒါဆို ကျမတို့ ကိုယ့်အားကိုယ်ကိုးမှ ရပါ‌တော့မယ်ဆိုပြီး ကျမတို့ ချက်ချင်း မာမားအတွက် အောက်ဆီဂျင်စက် 5 liter တလုံး ဟိုတယ်ပို့ဖို့ စီစဉ်ပါတယ် … အစက မရဘူးပြောပါတယ် … ဒါဆို ဟိုတယ်မှာ ရှိလား အရေးပေါ်ဆို ရမလား ဆိုတော့လဲ မရှိပါဘူးတဲ့လေ … ဩ … ရှင် တို့က swab လဲ လာမယူ၊ အရေးပေါ်လဲမစီစဉ်ထားဘူး ဆိုတော့ ကျမအ‌‌မေတခုခုဆို ရှင်တို့ တာဝန်ယူမလား ဆိုတော့မှ စက်က အရမ်းမကြီးရင် အခန်းထဲ ပေးယူပါ့မယ်တဲ့ … ကျ န်းမာေ ရးမှူးက 5 liter O2 စက်ကို မမြင်ဘူးတာလားရှင့်??? မာမားကို စက်နဲ့ တောက်လျှောက်ပဲ ရှူခိုင်းရပါတယ် … စက်နဲ့မှ သူက 98 အထိတက်တာပါ … 5 ရက်မြောက် နေ့မှာ swab ယူပါတယ် … အဲ့ရက် ညမှာ အိမ်သာထသွားပြီး မာမား အောက်ဆီဂျင် 88 အထိ ကျပါတယ် … တခြားကျန်တာအကုန် ဘာမှမဖြစ်ပါဘူး …6 ရက်‌ မြောက်နေ့မနက် အဖြေထွ က် ပါတယ် …

မာမားအဖြေက Positive ထွက်ပြီး ကျမတို့ ညီအမ သုံးယောက်က Negative ထွက်ပါတယ် … ညနေ လာခေါ်မယ် ဆိုတော့ ကျမ ဒီက ကျန်းမာရေးမှူးကို‌ သေချာပြောခဲ့ပါတယ် … ကျမ အမေက သွေးတိုး၊ ဆီးချိုနဲ့မို့ ညကလဲ အောက် ဆီဂျင်က 88 အထိ ကျလို့ပါဆိုတော့၊ အဲ့ဒါ ကျမက ဘာလုပ်ပေးရမှာလဲတဲ့လေ … ကျမလဲ ဘာမှ မလုပ်ခိုင်းပါဘူး …သူတို့ ပြေြာေ ပာနေတဲ့ အထက်ကို သိအောင် ပြောချင်တာလေးပါ … အထက်ကများသိရင် မာမားကို ICU ရတဲ့‌‌ နေရာလေး ထားပေးမလား … အမေ့ကို လာခေါ်ရင် အောက်ဆီဂျင်ပါတဲ့ ကားလေးများ ရမလားလို့ပါ … ကျမတို့ ဝယ်ထားတဲ့စက်က ပလတ်ထိုး သုံးရတာမို့ ကားပေါ်ဆို အဆင်မပြေလို့ပါ …

ထုံးစံအတိုင်း အဖြေက တိုင်းကျန်းမာရေးရုံးက စီစဉ်ပေးတာမို့ တိုင်း အဲ့ကို အကြောင်းကြားပါတဲ့လေ … ဟုတ်ကဲ့ … ကျမရဲ့ ဖုန်းဆက်တောင်းပန်ရတဲ့ အစီအစဉ်က တစ်ကနေ ပြန်စပါတယ် … ရပ်ကွက်အုပ်ချုပ်ရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေး၊ နောက်ဆုံး အဲ့ တိုင်းကျန်းမာရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ပဲ အဆုံးသတ်ပါတယ် … လူများလို့နေရာလွတ်ပဲ ရောက်ရမယ် ဆို တာ နားလည်ပါတယ် … ဒါပေမဲ့ လူနာကကျမအမေပါ … ကျမပါပါး မရှိတော့လို့ နောက်ဆုံး ကျမမာမားကိုတော့တကယ် ဖြစ်သလို ကျမ မထည့်နိုင်မလွှတ်နိုင်ပါဘူးရှင် …

ညနေ ၃ နာရီဆေးရုံကား ရောက်လာပါပြီတဲ့ ဟုတ်ပြီ နေရာမေးလိုက်ပါတယ် … အောင်မြင့်မိုရ်တဲ့ … ကျမတကယ် မကြားဖူးတဲ့နေရာပါ … အိုကေ အောက်ဆီဂျင်ပါလားဆိုတော့ မပါပါ ဘူး တဲ့ … လူ ၁၅ ယောက်လုံး ပြွတ်သိပ်ထည့်ပြီး အဲ့ကားနဲ့ပဲ လိုက်ရပါမယ်တဲ့ … ကျေးဇူးတွေ တအားတင်ပါတယ် … ကျမအမေကို လုံးဝ မထည့်ပေးနိုင်ပါဘူးလို့ … မထည့်လို့ မရပါဘူးတဲ့ … တိုင်းကျန်းမာရေးရုံးက စီစဉ်တာပါတဲ့ … ကျမ ဒီလောက်အကြိမ်ကြိမ် တောင်းပန်ထားတာအောက်ဆီဂျင်မပါတဲ့ကားနဲ့ ကျမ မထည့်နိုင်ပါဘူးရှင် … ရှင်တို့ ရိုက်ပြီးကားပေါ်တင်ရဲရင် တင်‌လိုက် ပြောတော့မှ မကျေမနပ်နဲ့ ဒါဆို အမတိုင်းကျန်းမာရေးကို အကြောင်းကြားပါတဲ့လေ …

ထပ်ဆင့် ကျေးဇူး တင်ပါတယ် သမ္မတကိုဆက်ပါ ဆိုတောင်ကျမ မဆက်တော့ပါဘူးရှင် … နောက်ဆုံး ကျမရုံးက ဥက္ကဌက တဆင့်ပဲ အန်ကယ်ဦးဇော်ဇော်ရဲ့ AYA Foundation မှာ မာ မား အတွက် တနေရာရဖို့ အကူအညီ တောင်းခဲ့ရပါတယ် … အခု မာမား AYA HDU အဆောင်ထဲမှာပါ … ကူညီပေးတဲ့ ဥက္ကဌဦးအိုက်ထွေးနဲ့ ဒုဥက္ကဌဦးအောင်မြင့်၊ ဦးစိန်ဝင်း၊ ဦးစိုင်းေ အာ င်ကျော်၊ ဦးဇော်ဇော်၊ ကျန်တဲ့ ကျမရုံးက လူကြီးအပေါင်းကို ကျမ ဒီကနေလက်အုပ်ချီ ကန်တော့ပါတယ် သူတို့ကြောင့် ကျမ အခုထိ မပြိုလဲသွားသေးဘဲ တောင့်ခံ နေနိုင်တာပါ … ကျမရုံး သာမရှိရင် ကျမ ဘယ်လိုမှ ခံနိုင်ရည် ရှိမှာမဟုတ်ပါဘူး …

အခု မာမားက အောက်ဆီဂျင်တော့ဖြုတ်မရသေးပါဘူး … ကျန်တာအကုန် နေကောင်းပါတယ်လို့ ပြောပါတယ်… မာမားနဲ့လဲ ဖုန်းအဆက်အသွယ် ရပါတယ် … အန်ကယ်ဦးဇော်ဇော်ရဲ့ စေတ နာေ တွကိုလဲ ကျမ တကယ် အံ့မခန်းေ လာက်အောင်ပါပဲ ကျမတို့ညီအမ ၃ ယောက် ကတော့ ဒုတိ ယအကြိမ် ထပ်စစ်ဖို့ ဟိုတယ်မှာဆက် နေနေဆဲပါ … ကိုယ်တိုင်ကြုံတော့မှ လူတွေ အေြ ကာင်း နားလည်ရပါတယ် … ကိုဗစ်က ကြောက်ဖို့ကောင်းပါတယ် … ကျမအဖေ အသက်နဲ့ ရင်းပြီး ကျမတို့လဲ သင်ခန်းစာ ကောင်းကောင်း ရပါတယ် … တကယ်ဖြစ်ရင် ဘယ်သူမှ ကိုယ်ချ င်းစာပြီး လုပ်ပေးမယ်လို့ မထင်ပါနဲ့ …

ဒီကြားထဲ အပြောအဆို ခံရတာတွေတခြား အဆင်မပြေတာတွေ ကျမထည့်မရေးတော့ပါဘူး … ကျမ ဒီစာရေးရတာ အားလုံးကိုဂရုစိုက်စေချင်လို့ပါ … ဘယ်သူ ကောင်းတယ် ဆိုးတယ် ကျမ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး … အကုန်လုံး ကျမတို့ကံနဲ့ ကျမတို့ပေါ့ဆမှုကြောင့်ပဲ သတ်မှတ်ပါတယ် … ထပ်ပြောပါ့မယ် … ကျမအမေနဲ့ ပတ်သက်တာမို့ ကျမ တကိုယ်ကောင်း ဆန် ပါ တယ် … ကျမ တတ်နိုင်တဲ့ဘက်က ကျမ မာမားအတွက် အကောင်းဆုံး လုပ်ပေးနေရမှာ ကျမတာဝန်ပါ ကျမ အသက်ရှိသရွေ့ ကျမမိဘနဲ့ပတ်သက်ရင် ကျမ တကိုယ်ကောင်းဆန်ပါတယ်…

အခုချိန် မာမားအတွက် လူသတ်ပါ ဆိုရင်တောင် ကျမ သတ်ဖို့ ဝန်မလေးတဲ့အထိ ကျမ တကိုယ်ကောင်း ဆန်ပါတယ် ထပ်ဆင့် သတိပေးပါတယ် … ကိုဗစ်က ကြောက်ဖို့ကောင်းပါတယ် … ကျမအတွက် စိတ်ပူပေးကြတဲ့ အားပေးကြတဲ့သူ အပေါင်းကိုလဲတကယ် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ် … ကျမမာမားအတွက် ကျမ ခံနိုင်ပါသေးတယ် … ကျမ တောင့်ခံ ထား ပါတယ်

Yu Yu Yun

Leave a Reply

Your email address will not be published. Required fields are marked *