
Posted on




Yin Khat Pan ( Writer – LLA )

unicode

ကိုဗစ်ကာလ မှာ မင်းသား ကြီး ဝေဠုကျော် ရဲ့ လေးစား စရာ လုပ်ရပ် တစ် ခု

တစ်ချိန် က အနုပညာလောက ရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ ဝေဠုကျော်ကတော့ ပရဟိတတွေလုပ်ရင်း အချိန်ကုန်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဝေဠုကျော်ဟာ သူ့ရဲ့ဖော င်ေ ဒးရှင်း က အဖွဲ့သားတွေနဲ့အတူ အများမလုပ်နိုင်တဲ့ Q ဝင်မယ့်သူတွေ၊ သံသယလူနာတွေကို Q Center တွေကို လိုက်လံပို့ဆောင်ပေးနေတာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားကတည်းကပါပဲ။

ဒုတိယလှိုင်းမှာလည်း အခြေအနေတော်တော်ဆိုးဝါးနေပေမဲ့ ပရိဟိတအဖွဲ့တွေ ကတော့ ကိုယ့်အသက်အန္တရာယ်ထက် အများဘေးအန္တရာယ်မဖြစ်အောင်ဦးစားပေးနေကြဆဲပါ။ မင်းသားေ ဝဠုေ ကျာ် ကိုယ်တိုင်ကလည်း လူနာတွေကို ၁၄ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့လူနာ ကျား/မ စုစုပေါင်း ၃၆ဦးတို့ကို ရိုးမရိပ်သာQ.C မှ ရိုးမဆေးရုံသို့ လူနာတင်ယာဉ် ၅စီးနဲ့ ပို့ဆော င်ေ ပးခဲ့ ပါတယ်။ ဒီလိုရောဂါကပ်ဘေးရဲ့အလယ်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူညီနေကြတဲ့ ပရဟိတ သမားတွေဟာ သိပ်ကိုလေးစားစရာကောင်းသူတွေပါပဲ။

ဝေဠုကျော်ကတော့ ဒီလိုကူညီနေရုံသာမက ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါအတွက်လည်း မင်းသားကြီးနေထက်လင်းနဲ့လက်တွဲပြီး ထောက်ပံ့ကူညီဖို့ကြိုးစားနေတယ်လို့လည်း သိရ ပါတယ်။ ပရိသတ်ကြီးလည်း အများမလုပ်နိုင်တဲ့ အရာတွေကို လေးစားဖွယ်လုပ်နေတဲ့ မင်းသားဝေဠုကျော်အပါအဝင် ပရဟိတမောင်မယ်တွေအကုန်လည်း ဒီရောဂါဘေးမှ ကင်းဝေးကြပါစေလို့ ဆုေ တာင်းပေး လိုက်ရအောင်နော်။

Yin Khat Pan ( Writer – LLA )

Leave a Reply

Your email address will not be published. Required fields are marked *