Posted on
unicode
Mask တပ်ရမဲ့ အစား မြွေကိုလည်ပင်း နဲ့ ပါးစပ်မှာ ရစ်ပတ်ပြီး ဘတ်စ်ကားစီးခဲ့တဲ့ အမျိုးသား (ရုပ်သံ)
နိုင်ငံအတော်များများက ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် ပြည်သူတွေကို အပြင်သွားတဲ့အချိန်တွေတိုင်း mask တပ်ခိုင်းလေ့ရှိပါတယ် ။ အချို့နိုင်ငံဆိုရင် Mask မတပ်တဲ့သူတွေကို အပြစ်ပေး အရေးယူတာမျိုးလည်းရှိပါတယ် ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အင်္ဂလန်နိုင်ငံကအမျိုးသားတစ်ဦးဟာ ဆိုရင် mask မတပ်ချင်လို့ လည်ပင်းနဲ့ပါးစပ်မှာ မြွေကိုရစ် ပတ်ခိုင်း ထား ပြီး ဘတ်စ် ကားစီးနင်ခဲ့ပါတယ် ။ အဆိုပါအမျိုးသားရဲ့လုပ်ရပ်ကြောင့် September 5 ရက်နေ့မှာပဲ အင်္ဂလန်နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးတာဝန်ရှိ သူများက
ခရီးသည်တွေအကုန် mask တပ်ကြဖို့ စည်းမျဉ်း စည်းကမ်း ထပ်မံထုတ်ခဲ့ရပြန်ပါတယ် ။ပြီးခဲ့တဲ့ September 14 ရက်နေ့က အဆိုပါအမျိုးသားက ဘတ်စ်ကားစီးနင်နေတုန်း သူ၏လည် ပင်းနှင့်မ ပါ်မှာ ဖုံးအုပ်ထားတဲ့အရာလေးက အသက်ဝင်လှုပ်ရှားနေတာကိုအခြားခရီးသည်တွေက ရိပ်မိခဲ့ပါတယ် ။ မျက်မြင်တစ်ဦးရဲ့ပြောပြချက်အရ ‘ အစပိုင်းကတော့ သူက ထူးဆန်းတဲ့ mask မျိုးတပ် ထားတယ်လို့ထင်ထားခဲ့တာ ၊ နောက်မှ အဲ့ဟာရီးက သူ့ရဲ့လက်မောင်းပေါ်ကို တွားသွားနေခဲ့တာပါ ၊
ကားပေါ်ကလူတွေ သူ့ကိုလုံးဝမနှောက်ယှက်ရဲခဲ့ကြပါဘူး ၊ ဒါပေမဲ့ ကျွန်တော့်အနောက်ကလူတစ်ယောက်က သူ့ကို video ရိုက်ကူးထားခဲ့တာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။အဆိုပါ အမျိုး သား ဟာ အဖြူရောင်တီရှပ် နှင့် ဂျင်းဘောင်းဘီတို့ကိုဝတ်ဆင်ထားပြီး သူ၏မျက်နှာ နှင့် လည်ပင်းတို့ကို မြွေဖြင့်ရစ်ပတ်ခိုင်းထားခဲ့တာပါ ။ ရောဂါကူးစက်မှုတွေ ကျဆင်းသွားပေမဲ့လည်း ယခု လိုပေါ့ ဆတဲ့လုပ်ရပ်မျိုး လူစုလူဝေးများတဲ့နေရာမျိုးမှာ မပြုလုပ်သင့်ကြောင်း လူအများကဝေဖန်ပြောဆိုခဲ့ကြပါတယ် ။
Leave a Reply
Your email address will not be published. Required fields are marked *