ငပိရည်စားတာမြင်ရင် အန်ချင်တယ် လို့ပြောတဲ့ မင်းသမီး ရဲ့ စာကိုတွေ့ပြီး တော်တော် စိတ်ပျက်စရာကောင်းတယ်လို့ ဒဲ့ပြောလာတဲ့ “ဖြိုးသံသာချို”

Posted on





unicode

ဒီကနေ့ စက်တင်ဘာလ (၁၆) ရက်နေ့မှာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတာ ကတော့ တိုင်းသိပြည်သိ မင်းသမီးတစ်ယောက်က ငပိရည်ကို ရွံတယ်လို့ ပြောတဲ့ Status ပဲ ဖြစ် ပါတ ယ်။ ထိုမင်းသမီးက ငပိရည်စားတာမြင်ရင် အန်ချင်တယ်လို့ပြောခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန်ခံနေရတာပဲ ဖြစ်ပါတယ်။ MRTV 4 မင်းသမီးတစ်ေ ယာ က်ဖြ စ်တဲ့ ဖြိုးသံသာချိုကလည်း ငပိရည်မုန်းတယ်ဆိုတဲ့ ထို မင်းသမီးရဲ့ စိတ်ထားနဲ့ ပက်သတ်ပြီး အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောဆိုလာပါတယ်။

“သူများငပိရည်ကြိုက်လို့စားတာပါ ဘာလို့ရွံတယ်တို့ အန်ချင်တယ် တို့ ချက်ချင်းကြီး status ကြီးတင်ရတာလဲကွယ်။ ငပိရည်ကမြန်မာလူမျိုးတိုင်းကြိုက်တာနော်ညီမရေ။ ညီမအဲ့လိုရေ က်ေ တာ့ လူတိုင်းကညီမကိုဝိုင်းပြောကြတော့မှာပေါ့ စိတ်မကောင်းလိုက်တာ။ စိတ်ထားလေးကိုလှအောင်ထား ပါကွယ် အခုတော့လူတိုင်းဝိုင်းပြောတော့ ရေးထားတဲ့ စာကိုချက်ချ င်းပြန်ပြင်ရတယ် ရှက် လိုက်တာကွယ်။ ကိုယ့်ရဲ့အတွင်းစိတ်ကလေးလုံပါစေလို့ ဆုတောင်းပေးပါတယ် ဘယ်သူ့ကိုမှမဝုန်းပါဘူး။ အစ်မကငပိရည်ကြိုက်တော့ ညီမလေးစာကိုတွေ့လိုက်ရတာ စိတ်ပျက် စရာ တော်တော်ကောင်းမှန်း သိလိုက်ရတယ် ရွံတယ်လို့ရေးလို့လဲ ညီမကိုမမုန်းပါဘူး ဒါပေမဲ့ကိုယ်ရွံတဲ့အရာကိုစိတ်ထဲမှာထားရင် လူမုန်းမခံရတော့ဘူးပေါ့ကွယ် အခုတော့” ဆိုပြီး ပြောလာပါတယ်။

ဖြိုးသံသာချိုလိုပဲ ပရိသတ်တော်တော်များများက ငပိရည်ကို ရွံစရာအဖြစ်ပြောတဲ့ ထိုမင်းသမီး အကြောင်းကို ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသ တ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Phyo Thanthar Cho’s fb
Bilie – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *