ကိုဗစ္ ကာလ မွာ အလြန္အ သုံးဝင္မ ယ့္ ပစၥည္း တစ္ခုကို တီထြင္ လိုက္တဲ့ ဗန္းေမာ္ၿမိဳ႕ က ေက်ာင္း သားမ်ား

Posted on

ဗန္းေမာ္ၿမိဳ႕တြင္ ကြန္ပ်ဴတာ တကၠသိုလ္(ဗန္းေမာ္)မွ ေက်ာင္း သားမ်ား တီထြင္ျပဳလုပ္ေသာ အပူခ်ိန္တိုင္းကင္မရာ တီထြင္မႈေအာင္ျမင္

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕တြင္ ကြန္ပ်ဴတာ တကၠသိုလ္(ဗန္းေမာ္)မွ ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာ ေမၿဖိဳးဦးက ဦးေဆာင္ႀကီးၾကပ္၍ ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသား(၆)ဦးတို႔သည္ ကိုဗစ္-၁၉ ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရး အေထာက္ အကူျပဳ အပူခ်ိန္တိုင္းကင္မရာကို အလြန္သက္သာေသာ ေဈးႏႈန္းျဖင့္ ဩဂု တ္ ၂၄ ရက္က တီထြင္ စမ္းသပ္ေ အာင္ျမင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အပူခ်ိန္တိုင္း ကင္မရာသည္ တယ္လီဖုန္းျဖင့္ လည္းေကာင္း၊ Smart TV ျဖင့္ လည္းေကာင္း၊ ေစာင့္ၾကည့္မွတ္တမ္းတင္ႏိုင္သည့္အျပင္ TV ႏွင့္ တယ္ လီဖု န္းမပါဘဲ ကင္မရာ၏ LCD ျဖင့္ တိုင္းတာမႈ ရလဒ္မ်ား၊ ပုံရိပ္မ်ားကို ၾကည့္ႏိုင္သည့္ အျပင္ ကင္မရာတြင္ ပါဝင္ေသာ SD Card ျဖင့္လည္း မွတ္တမ္းတ င္ႏိုင္ျခင္းတို႔ကို ေစာင့္ၾကည့္ႏို င္ေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ေရာဂါကာလအတြင္း ေက်ာင္းမ်ား၊ ႐ုံးအဖြဲ႕အစည္းမ်ားအတြင္း လူတစ္ဦးမွေန၍ ကင္မရာကို ကိုင္တြယ္၍ အပူခ်ိန္တိုင္းတာေနစရာမလိုဘဲ အပူခ်ိန္ တိုင္း ကင္မရာ ေရွ႕ရပ္႐ုံျဖင့္ ကိုယ္အပူခ်ိန္တိုင္းတာ မွတ္တမ္း တင္ႏိုင္ျခင္း၊ Internet ရရွိပါက ဖုန္းျဖင့္ ေစာင့္ၾကည့္စစ္ေဆးႏိုင္ျခင္း၊ လူလူျ ခင္းထိေတြ႕မႈ မရွိေစျခ င္း၊ အခ်ိန္ႏွင့္လုပ္သားအင္အား သက္သာေစျခင္း၊ ေငြအကုန္အက်သက္သာေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားရရွိေစၿပီး သတ္မွတ္အ ပူခ်ိန္ေ က်ာ္သြား ပါက Alarm ေပးႏိုင္သည့္ စနစ္လည္း ထည့္သြင္း ထားေၾကာင္း၊ လွ်ပ္စစ္မီးမရသည့္ ေနရာတြင္လည္း ဓာတ္ခဲျဖင့္ အသုံးျပဳႏိုင္ေၾကာင္း ကြန္ပ်ဴတာ တကၠသိုလ္ (ဗန္းေမာ္)မွ ဒုတိယ ပါေမာကၡခ်ဳပ္ ေဒါက္တာေမၿဖိဳးဦးထံမွ သိရသည္။

အပူခ်ိန္တိုင္းကင္မရာကို (၂)လခြဲၾကာ တီထြင္ ျပဳလုပ္ခဲ့ၾကကာ အလြန္သက္သာေသာ ေဈးႏႈန္း ေျခာက္ေသာင္းက်ပ္ျဖင့္ တီထြင္ဖန္တီးႏိုင္ခဲ့ၿပီး ယခုလအတြင္း အပူခ်ိန္တိုင္းကင္မရာ (၁ဝ)လုံးခန႔္ ျပဳလုပ္သြားမည္ျဖစ္ၿပီး ဗန္းေမာ္ၿမိဳ႕ရွိ တကၠသိုလ္မ်ား၊ အေျခခံပညာေက်ာင္းမ်ားႏွင့္ ဗန္းေမာ္ၿမိဳ႕ အဝင္အထြက္ေနရာမ်ားသို႔ အခမဲ့ တပ္ဆင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကိန္းျဖဴ(ျပန္/ဆက္)

Credit – Myanmar Digital News

unicode

ကိုဗစ် ကာလ မှာ အလွန်အ သုံးဝင်မ ယ့် ပစ္စည်း တစ်ခုကို တီထွင် လိုက်တဲ့ ဗန်းမော်မြို့ က ကျောင်း သားများ

ဗန်းမော်မြို့တွင် ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)မှ ကျောင်း သားများ တီထွင်ပြုလုပ်သော အပူချိန်တိုင်းကင်မရာ တီထွင်မှုအောင်မြင်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကွန်ပျူတာ တက္ကသိုလ်(ဗန်းမော်)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ မေဖြိုးဦးက ဦးဆောင်ကြီးကြပ်၍ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား(၆)ဦးတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး အထောက် အကူပြု အပူချိန်တိုင်းကင်မရာကို အလွန်သက်သာသော ဈေးနှုန်းဖြင့် ဩဂု တ် ၂၄ ရက်က တီထွင် စမ်းသပ်ေ အာင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပူချိန်တိုင်း ကင်မရာသည် တယ်လီဖုန်းဖြင့် လည်းကောင်း၊ Smart TV ဖြင့် လည်းကောင်း၊ စောင့်ကြည့်မှတ်တမ်းတင်နိုင်သည့်အပြင် TV နှင့် တယ် လီဖု န်းမပါဘဲ ကင်မရာ၏ LCD ဖြင့် တိုင်းတာမှု ရလဒ်များ၊ ပုံရိပ်များကို ကြည့်နိုင်သည့် အပြင် ကင်မရာတွင် ပါဝင်သော SD Card ဖြင့်လည်း မှတ်တမ်းတ င်နိုင်ခြင်းတို့ကို စောင့်ကြည့်နို င်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျောင်းများ၊ ရုံးအဖွဲ့အစည်းများအတွင်း လူတစ်ဦးမှနေ၍ ကင်မရာကို ကိုင်တွယ်၍ အပူချိန်တိုင်းတာနေစရာမလိုဘဲ အပူချိန် တိုင်း ကင်မရာ ရှေ့ရပ်ရုံဖြင့် ကိုယ်အပူချိန်တိုင်းတာ မှတ်တမ်း တင်နိုင်ခြင်း၊ Internet ရရှိပါက ဖုန်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ လူလူြ ခင်းထိတွေ့မှု မရှိစေခြ င်း၊ အချိန်နှင့်လုပ်သားအင်အား သက်သာစေခြင်း၊ ငွေအကုန်အကျသက်သာစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပြီး သတ်မှတ်အ ပူချိန်ေ ကျာ်သွား ပါက Alarm ပေးနိုင်သည့် စနစ်လည်း ထည့်သွင်း ထားကြောင်း၊ လျှပ်စစ်မီးမရသည့် နေရာတွင်လည်း ဓာတ်ခဲဖြင့် အသုံးပြုနိုင်ကြောင်း ကွန်ပျူတာ တက္ကသိုလ် (ဗန်းမော်)မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦးထံမှ သိရသည်။

အပူချိန်တိုင်းကင်မရာကို (၂)လခွဲကြာ တီထွင် ပြုလုပ်ခဲ့ကြကာ အလွန်သက်သာသော ဈေးနှုန်း ခြောက်သောင်းကျပ်ဖြင့် တီထွင်ဖန်တီးနိုင်ခဲ့ပြီး ယခုလအတွင်း အပူချိန်တိုင်းကင်မရာ (၁ဝ)လုံးခန့် ပြုလုပ်သွားမည်ဖြစ်ပြီး ဗန်းမော်မြို့ရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ဗန်းမော်မြို့ အဝင်အထွက်နေရာများသို့ အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)

Credit – Myanmar Digital News

Leave a Reply

Your email address will not be published. Required fields are marked *