ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕မွ ဝင္ေငြနည္းပါးသည့္ အိမ္ေထာင္စု တစ္စုလွ်င္ ေငြက်ပ္ ႏွစ္ေသာင္းကို ျပည္နယ္အစိုးရမွ ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း ရခိုင္ျပည္န ယ္၊ နယ္စပ္ေရးရာႏွင့္လုံၿခဳံေရးဝန္ႀကီး၊ ဗိုလ္မႉးႀကီး မင္းသန္းက မဇၩိမကို ေျပာသည္။ ဗိုလ္မႉးႀကီး မင္းသန္းက “ၿပီးခဲ့တဲ့ အပတ္တည္းက တို႔အစိုးရအဖြဲ႕ကေန ဝင္ေငြန ည္းတဲ့ လူေတြကို ေပးဖို႔ဆိုၿပီး အစည္းအေဝး လုပ္ၿပီးေတာ့ ဆုံးျဖတ္ခ်က္ခ်တယ္။ ဒီတနလၤာမွ စေပးလိုက္တာ။ Stay Home ဆိုေတာ့ အျပင္မထြက္ရ ဘူး။ ပိုက္ဆံ ရွာလို႔ မရဘူး တစ္ခ်ိဳ႕။ အဲ့ဒီေတာ့ အဲ့ဒီလိုအခ်ိန္မွာ သုံးလို႔ရေအာင္ ေပးတာပါ” ဟု ေျပာသည္။
ကိုဗစ္ေရာဂါျပည္တြင္းကူးစက္ခံရသူမ်ား ေတြ႕ရွိလာသည့္အတြက္ မိမိ အိမ္တြင္ေနထိုင္ေရး Stay at Home သတ္မွတ္ထားခ်ိန္ စစ္ေတြၿမိဳ႕မွ ဝင္ေငြနည္းပါးသည့္ အိမ္ေထာင္စုေပါင္းသုံးေသာင္းအတြက္ ေငြက်ပ္သိန္းေပါင္း ၅၇ဝဝ ဝန္းက်င္အသုံးျပဳကာ ေထာက္ပံ့သြားမည္ျဖစ္ေၾကာင္း သိရသည္။ ယခင်လျမား က ကိုဗဈ – ၁၉ ေထာက်ပံ့ေကြးေပးအပ်ရန် ဗဟို အစိုးရကေပးအပ်ခဲ့သည်႕စာရင်းျမား အရ ဝင်ငွေနည်းပါးသည်ံအိမ်ေထာင်စုျမားအား သြဂုတ်လ ၂၅ ရက်ေန႔ကစပြီး ရပ်ကွက်အု ပ်ျခဳပ်ေရးမႉးျ မားမွတဈဆင်႕ေပးအပ်နေခြ င်းဖြဈသည်။
စစ္ေတြၿမိဳ႕နယ္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေဇာ္ဦးက “မေန႔က ညေနကမွ စၿပီးေထာက္ပံ့တာပါ။ အေျခခံအိမ္ေထာင္စုေတြကို ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကိုယ္တိုင္ လိုက္လံေထာက္ပံ့တာပါ။ ေငြသားပါ” ဟု ေျပာသည္။ ၾသဂုတ္လ ၁၆ ရက္ေန႔မွ ၾသဂုတ္လ ၂၅ ရက္ေန႔ မနက္အထိ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁၁ ၿမိဳ႕နယ္မွ ပိုးေတြ႕လူနာစုစုေပါင္း ၁၇၈ ဦးရွိေနၿပီး စစ္ေတြၿမိဳ႕မွ ၁၁၅ ဦးရွိေနသည္။
စစ္ေတြၿမိဳ႕နယ္အပါအဝင္ ေက်ာက္ျဖဴၿမိဳ႕နယ္၊ အမ္းၿမိဳ႕နယ္၊ ေတာင္ကုတ္ ၿမိဳ႕နယ္ႏွင့္ သံတြဲၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ကိုလည္း မိမိအိမ္တြင္ ေနထိုင္ေရး Stay Home အစီစဥ္တြင္ အက်ဳံးဝင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၾသဂုတ္လ ၂၅ ရက္ေန႔ ရက္စြဲျဖင့္ ထပ္မံထုတ္ျပန္ထားခဲ့သည္။
သတင္း – ဖူးအိအိႏြယ္
unicode
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် နှစ်သောင်းကို ပြည်နယ်အစိုးရမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်န ယ်၊ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး၊ ဗိုလ်မှူးကြီး မင်းသန်းက မဇ္ဈိမကို ပြောသည်။ ဗိုလ်မှူးကြီး မင်းသန်းက “ပြီးခဲ့တဲ့ အပတ်တည်းက တို့အစိုးရအဖွဲ့ကနေ ဝင်ငွေန ည်းတဲ့ လူတွေကို ပေးဖို့ဆိုပြီး အစည်းအဝေး လုပ်ပြီးတော့ ဆုံးဖြတ်ချက်ချတယ်။ ဒီတနင်္လာမှ စပေးလိုက်တာ။ Stay Home ဆိုတော့ အပြင်မထွက်ရ ဘူး။ ပိုက်ဆံ ရှာလို့ မရဘူး တစ်ချို့။ အဲ့ဒီတော့ အဲ့ဒီလိုအချိန်မှာ သုံးလို့ရအောင် ပေးတာပါ” ဟု ပြောသည်။
ကိုဗစ်ရောဂါပြည်တွင်းကူးစက်ခံရသူများ တွေ့ရှိလာသည့်အတွက် မိမိ အိမ်တွင်နေထိုင်ရေး Stay at Home သတ်မှတ်ထားချိန် စစ်တွေမြို့မှ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုပေါင်းသုံးသောင်းအတွက် ငွေကျပ်သိန်းပေါင်း ၅၇ဝဝ ဝန်းကျင်အသုံးပြုကာ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ယခငျလမြား က ကိုဗဈ – ၁၉ ထောကျပံ့ကွေးပေးအပျရနျ ဗဟို အစိုးရကပေးအပျခဲ့သညျ့စာရငျးမြား အရ ဝငျငှနေညျးပါးသညျံအိမျထောငျစုမြားအား သွဂုတျလ ၂၅ ရကျနေ့ကစပွီး ရပျကှကျအု ပျခြုပျရေးမှူးြ မားမှတဈဆငျ့ပေးအပျနခွေ ငျးဖွဈသညျ။
စစ်တွေမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက “မနေ့က ညနေကမှ စပြီးထောက်ပံ့တာပါ။ အခြေခံအိမ်ထောင်စုတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် လိုက်လံထောက်ပံ့တာပါ။ ငွေသားပါ” ဟု ပြောသည်။ သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့ မနက်အထိ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ပိုးတွေ့လူနာစုစုပေါင်း ၁၇၈ ဦးရှိနေပြီး စစ်တွေမြို့မှ ၁၁၅ ဦးရှိနေသည်။
စစ်တွေမြို့နယ်အပါအဝင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ် မြို့နယ်နှင့် သံတွဲမြို့နယ် ၄ မြို့နယ်ကိုလည်း မိမိအိမ်တွင် နေထိုင်ရေး Stay Home အစီစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထပ်မံထုတ်ပြန်ထားခဲ့သည်။
သတင်း – ဖူးအိအိနွယ်