ကိုယ္တိုင္ခ်က္ျပဳတ္ၿပီး သားမီးေလးေတြကို ကိုယ္တိုင္ထမင္းခြံ႕ေကြၽးေနတဲ့ ၾကည္ႏူးစရာ ပုံရိပ္ေလးေတြကို ျပသလာတဲ့ “ႏိုင္ႏိုင္း”

Posted on

သ႐ုပ္ေဆာင္ ႏိုင္းႏိုင္းကေတာ့ အႏုပညာအလုပ္ေတြကို ငယ္စဥ္ အခါတည္းက လုပ္ေဆာင္ခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ႏိုင္းႏိုင္းက တိက်ပိုင္ႏိုင္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ သူရဲ႕ဇာတ္ကားေတြဟာဆိုရင္ ပရိတ္သတ္ေတြရဲ႕ အားေပးျခင္းကို ခံရပါတယ္ေနာ္။ႏိုင္းႏိုင္း ရဲ႕ ႐ူပကေတာ့ အရမ္းေျဖာင့္ၿပီး ခန႔္ညား လြန္းလို႔ ပ်ိဳတိုင္းႀကိဳက္တဲ့ ႏွင္းဆီခိုင္ေလးပဲျဖစ္ပါတယ္။

ႏိုင္းႏိုင္းက ခ်စ္ရတဲ့မိန္းကေလး စႏၵီခ်ိဳနဲ႔ အတူတူ ႏွစ္ေယာက္ တစ္ဘဝကို တည္ေဆာက္ လိုက္ၿပီး သာယာခ်မ္းေျမ့တဲ့ အိမ္ေထာင္ေရးေလးကို ပိုင္ဆိုင္ထားပါတယ္ေနာ္။ႏိုင္ႏိုင္းက အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္သာ လုပ္ေဆာင္ေနၿပီ ဇနီးရွိတဲ့ႏိုင္ငံကို သြားလိုက္ျပန္လိုက္လုပ္ေနပါတယ္။အခုဆိုရင္ေတာ့ ႏိုင္ႏိုင္းက ခ်စ္စရာ သားသားမီးမီးေလး ၄ေယာက္ကို ပိုင္ဆိုင္ထားၿပီး သိုက္သိုက္ဝန္းဝန္း နဲ႔ အရမ္းကို ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးပဲျဖစ္ပါတယ္။ႏိုင္းႏိုင္းက ဇနီးသည္နဲ႔ကေလး၄ေယာက္ကို အရမ္းခ်စ္ လို႔ အစစအရာအရာ လိုေလေစ့မရွိေအာင္ ဂ႐ုစိုက္ၿပီး ပံ့ပိုးေနတဲ့ ခင္ပြန္းေကာင္း ဖခင္ေကာင္းတစ္ေယာက္ျဖစ္ပါတယ္။

ဒီတစ္ခါမွာဆိုရင္လည္း သ႐ုပ္ေဆာင္ႏိုင္းႏိုင္းက သားေတြ သမီးေတြကို ကိုယ္တိုယ္ ခ်က္ေကြၽးၿပီး ထမင္းပါ ခြံ႕ေကြၽးတဲ့ အေဖမ်ိဳး မလိုခ်င္ဘူးလားလို႔ဆိုတဲ့ေမးခြန္းေလးနဲ႔အတူ သားသမိေလးေတြကို ကိုယ္တိုင္ထမင္းခြံ႕ေကြၽးေနတဲ့ပုံရိပ္ေလးေတြကို မွ်ေဝေပးလာခဲ့တာပဲျဖစ္ပါတယ္ေနာ္..။ခ်စ္စရာေကာင္းတဲ့ သားသမီးေလးေတြနဲ႔ေပ်ာ္႐ႊင္ေနတဲ့ ေဖေဖႏိုင္ႏိုင္း ရဲ႕ပုံရိပ္ေလးေတြကိုအခုလိုပဲတစ္ဆင့္ကူးယူတင္ဆက္ေပးလိုက္ပါတယ္ေနာ္.။

Credit

unicode

သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို ငယ်စဉ် အခါတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။နိုင်းနိုင်းက တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူရဲ့ဇာတ်ကားတွေဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ခံရပါတယ်နော်။နိုင်းနိုင်း ရဲ့ ရူပကတော့ အရမ်းဖြောင့်ပြီး ခန့်ညား လွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။

နိုင်းနိုင်းက ချစ်ရတဲ့မိန်းကလေး စန္ဒီချိုနဲ့ အတူတူ နှစ်ယောက် တစ်ဘဝကို တည်ဆောက် လိုက်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်နော်။နိုင်နိုင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီ ဇနီးရှိတဲ့နိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်နေပါတယ်။အခုဆိုရင်တော့ နိုင်နိုင်းက ချစ်စရာ သားသားမီးမီးလေး ၄ယောက်ကို ပိုင်ဆိုင်ထားပြီး သိုက်သိုက်ဝန်းဝန်း နဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။နိုင်းနိုင်းက ဇနီးသည်နဲ့ကလေး၄ယောက်ကို အရမ်းချစ် လို့ အစစအရာအရာ လိုလေစေ့မရှိအောင် ဂရုစိုက်ပြီး ပံ့ပိုးနေတဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

ဒီတစ်ခါမှာဆိုရင်လည်း သရုပ်ဆောင်နိုင်းနိုင်းက သားတွေ သမီးတွေကို ကိုယ်တိုယ် ချက်ကျွေးပြီး ထမင်းပါ ခွံ့ကျွေးတဲ့ အဖေမျိုး မလိုချင်ဘူးလားလို့ဆိုတဲ့မေးခွန်းလေးနဲ့အတူ သားသမိလေးတွေကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်နော်..။ချစ်စရာကောင်းတဲ့ သားသမီးလေးတွေနဲ့ပျော်ရွှင်နေတဲ့ ဖေဖေနိုင်နိုင်း ရဲ့ပုံရိပ်လေးတွေကိုအခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်နော်.။

Credit