အမ်ိဳးသမီးတစ္ဦးရဲ႕ ကိုယ္ဝန္ဟာ ကိုယ္ဝန္မဟုတ္ပဲ ေဘာလုံးအ႐ြယ္အစားရွိတဲ့ Cyst အလုံးႀကီးျဖစ္ေနခဲ့ပါတယ္။ အသက္ 21 ႏွစ္အ႐ြယ္ ဟိုလီ ဝဲလ္ဟမ္ ဟာ တစ္ရက္ ပ်ိဳ႕အန္ ခ်င္လာၿပီး ဝမ္းဗိုက္က ႀကီးလာတာကို သတိျပဳမိၿပီးေနာက္ သူမ ေမွ်ာ္လင့္ထားသလို ျဖစ္လာၿပီးလို႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ စစ္ေဆးမႈအားလုံးမွာ အႏုတ္လကၡဏာျပၿပီး ျပင္းထန္စြာ ႂကြက္တ က္ျခင္း၊ ေသြးထြက္ျခင္းႏွင့္ ခါးနာျခင္း အပါအဝင္ သူမရဲ႕ လကၡဏာမ်ားဟာ ဆက္လ က္ဆိုး႐ြားလာ တဲ့အခါ သူမကို အာထရာေဆာင္း႐ိုက္ဖို႔ ဆရာဝန္က အႀကံေပးခဲ့ပါတယ္။
ဆရာဝန္ေတြက အာထရာေဆာင္း ႐ိုက္ၿပီးခ်ိန္မွာ သိလိုက္ရတာက သူမဟာ ကိုယ္ဝန္ရွိေနတာမ်ိဳးမဟုတ္ပဲ သူမရဲ႕ ညာဘက္ သားဥအိမ္မွာ Cyst အလုံးႀကီး ရွိေနတာပါ။ Cyst ဆိုတာ ကေတာ့ ျပည္ အျမစ္တစ္ခုပါ။ သူနာျပဳ တစ္ေယာက္ျဖစ္တဲ့ ဟိုလီက “ကြၽန္မဗိုက္က ဘယ္ေလာက္ႀကီးတယ္ဆိုတာ မယုံႏိုင္စရာပါပဲ၊ ကိုးလေလာက္ရွိသြားပီမို႔ ကေလးရတယ္ပဲထင္ခဲ့တာပါ။ ကြၽန္မအရမ္း အဆင္မေျပပါဘူး ဒါေပမယ့္ သူတို႔က ျပည္အျမစ္ႀကီးကိုေတြ႕ၿပီး ဖယ္ရွားႏိုင္ခဲ့လို႔ ဝမ္းသာမိပါတယ္” ခြဲစိတ္မႈကို ေစာင့္ဆိုင္းေနစဥ္ ဟိုလီဟာ သူမရဲ႕အစာအိမ္ ေန႔တိုင္း ႀကီး ထြား လာသထက္ ႀကီးထြားလာတာကို ၾကည့္ေနခဲ့ရပါတယ္။
သူမရဲ႕ ျပည္ အျမစ္ႀကီးဟာ ေဘာလုံးတစ္လုံးထက္ ၂၇ စင္တီမီတာ ပိုႀကီးတာေၾကာင့္ သူမဟာ ကိုယ္ဝန္ရွိတယ္လို႔ ထင္ေနခဲ့မိတာပါ။ ခြဲစိတ္ဆရာဝန္တစ္ေယာက္ဟာ သူမရဲ႕ ညာဘ က္သားဥအိမ္နဲ႔ သားဥႁပြန္ အတူ ျပည္အျမစ္ႀကီးကို ေအာင္ျမင္စြာ ဖယ္ရွားႏိုင္ခဲ့ပါတယ္။ ဖယ္ရွာၿပီးေနာက္မွာေတာ့ ဟိုလီဟာ ေတာ္ေတာ္ကို ျပန္က်ဳံ႕သြားပါတယ္။ သူမက “ကြၽန္မရဲ႕ သားဥ အိမ္ကိုလည္း ဖယ္ရပါတယ္။ အေၾကာင္းကေတာ့ အဲဒီအထဲမွာ ျပည္ အျမစ္က ႀကီးလာလို႔ပါပဲ။ ကြၽန္မရဲ႕ မိသားစုနဲ႔ ကြၽန္မ ေကာင္ေလး အိုင္ဆက္တို႔က ေကာင္းေကာင္းႀကီးအားေပးခဲ့ၾကလို႔ ကြၽန္ မေပ်ာ္မိပါတယ္။ ဒီလိုဖယ္လိုက္တာေၾကာင့္ ကြၽန္မရဲ႕ မ်ိဳးပြားမႈကို မထိခိုက္ပါဘူး။ သားဥအိမ္တစ္လုံးတည္းနဲ႔လည္း ကေလးရႏိုင္ပါေသးတယ္၊ ဒါေပမယ့္ ပိုေတာ့ၾကာႏိုင္ပါတယ္။ ” လို႔ေျပာျပခဲ့ပါတယ္။
crd
unicode
အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ဝန်ဟာ ကိုယ်ဝန်မဟုတ်ပဲ ဘောလုံးအရွယ်အစားရှိတဲ့ Cyst အလုံးကြီးဖြစ်နေခဲ့ပါတယ်။ အသက် 21 နှစ်အရွယ် ဟိုလီ ဝဲလ်ဟမ် ဟာ တစ်ရက် ပျို့အန် ချင်လာပြီး ဝမ်းဗိုက်က ကြီးလာတာကို သတိပြုမိပြီးနောက် သူမ မျှော်လင့်ထားသလို ဖြစ်လာပြီးလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုအားလုံးမှာ အနုတ်လက္ခဏာပြပြီး ပြင်းထန်စွာ ကြွက်တ က်ခြင်း၊ သွေးထွက်ခြင်းနှင့် ခါးနာခြင်း အပါအဝင် သူမရဲ့ လက္ခဏာများဟာ ဆက်လ က်ဆိုးရွားလာ တဲ့အခါ သူမကို အာထရာဆောင်းရိုက်ဖို့ ဆရာဝန်က အကြံပေးခဲ့ပါတယ်။
ဆရာဝန်တွေက အာထရာဆောင်း ရိုက်ပြီးချိန်မှာ သိလိုက်ရတာက သူမဟာ ကိုယ်ဝန်ရှိနေတာမျိုးမဟုတ်ပဲ သူမရဲ့ ညာဘက် သားဥအိမ်မှာ Cyst အလုံးကြီး ရှိနေတာပါ။ Cyst ဆိုတာ ကတော့ ပြည် အမြစ်တစ်ခုပါ။ သူနာပြု တစ်ယောက်ဖြစ်တဲ့ ဟိုလီက “ကျွန်မဗိုက်က ဘယ်လောက်ကြီးတယ်ဆိုတာ မယုံနိုင်စရာပါပဲ၊ ကိုးလလောက်ရှိသွားပီမို့ ကလေးရတယ်ပဲထင်ခဲ့တာပါ။ ကျွန်မအရမ်း အဆင်မပြေပါဘူး ဒါပေမယ့် သူတို့က ပြည်အမြစ်ကြီးကိုတွေ့ပြီး ဖယ်ရှားနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်” ခွဲစိတ်မှုကို စောင့်ဆိုင်းနေစဉ် ဟိုလီဟာ သူမရဲ့အစာအိမ် နေ့တိုင်း ကြီး ထွား လာသထက် ကြီးထွားလာတာကို ကြည့်နေခဲ့ရပါတယ်။
သူမရဲ့ ပြည် အမြစ်ကြီးဟာ ဘောလုံးတစ်လုံးထက် ၂၇ စင်တီမီတာ ပိုကြီးတာကြောင့် သူမဟာ ကိုယ်ဝန်ရှိတယ်လို့ ထင်နေခဲ့မိတာပါ။ ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ သူမရဲ့ ညာဘ က်သားဥအိမ်နဲ့ သားဥပြွန် အတူ ပြည်အမြစ်ကြီးကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဖယ်ရှာပြီးနောက်မှာတော့ ဟိုလီဟာ တော်တော်ကို ပြန်ကျုံ့သွားပါတယ်။ သူမက “ကျွန်မရဲ့ သားဥ အိမ်ကိုလည်း ဖယ်ရပါတယ်။ အကြောင်းကတော့ အဲဒီအထဲမှာ ပြည် အမြစ်က ကြီးလာလို့ပါပဲ။ ကျွန်မရဲ့ မိသားစုနဲ့ ကျွန်မ ကောင်လေး အိုင်ဆက်တို့က ကောင်းကောင်းကြီးအားပေးခဲ့ကြလို့ ကျွန် မပျော်မိပါတယ်။ ဒီလိုဖယ်လိုက်တာကြောင့် ကျွန်မရဲ့ မျိုးပွားမှုကို မထိခိုက်ပါဘူး။ သားဥအိမ်တစ်လုံးတည်းနဲ့လည်း ကလေးရနိုင်ပါသေးတယ်၊ ဒါပေမယ့် ပိုတော့ကြာနိုင်ပါတယ်။ ” လို့ပြောပြခဲ့ပါတယ်။
crd