ကျစ်လျစ် သွယ်လျ တဲ့ ခန္ဓာကိုယ် မိုက်မိုက်လေး ကို ပိုင်ဆိုင်ထားပြီး အခါခါ ပြန်ကြည့်ချင်အောင် ဆွဲဆောင်မှုပိုနေတဲ့ နန်းခင်ဇေယျာ

Posted on





unicode

ပရိသတ်ကြီးရေ…..ချစ်စရာ ဟန်ပန် အမူအရာလေးတွေ၊ အပြုံးချိုချိုလေးတွေ နဲ့ အမိုက်စားဘော်ဒီအချိုးအစားလေးကို ပိုင်ဆိုင်ထားတဲ့ နန်းခင်ဇေယျာ ကတော့ ပရိသတ်တွေရဲ့ အသည်းနှလုံးထဲမှာ နေရာ အခို င်အမာရရှိထားတဲ့သူလေးပါနော်……။ သူမကတော့ Miss Internationalတစ်ယောက်အနေနဲ့ ပရိသတ်တွေ အားပေးမှုရရှိပြီး အောင်မြင် လာခဲ့သူလေး လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး…..။

နန်းခင်ဟာ ဗီဒီယိုကားတွေ ရုပ်ရှင်ကားတွေပါ အများအပြား ရိုက်ကူးထားတဲ့သူဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝတဲ့သူလည်းဖြစ်ပါတယ်။ နန်းခင်ဇေယျာဟာ အနုပညာအလုပ်တွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ အားတက်သရောလုပ်ဆောင်တတ်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ပြင်အခုလက်ရှိမှာဆိုရင်လည်း နန်းခင်ဟာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင် နေတာလည်းဖြစ်ပြီး မာလာရှမ်းကော၊ အချဉ်ပေါင်းနဲ့ အသုပ်စုံဗန်း တို့ ကိုေ ရာင်းချပေးနေတာလည်းဖြစ်ပါတယ်။

နန်းခင်ဟာ စီးပွားရေးတစ်ဖက် အနုပညာအလုပ်တွေ တစ်ဖက်လုပ်ဆောင်နေတာကြောင့် ပရိသတ်ကြီးတွေနဲ့ အဆက်ပြတ်မသွားရအောင်လည်း သူမရဲ့ပုံလေးတွေကို မကြာခဏတင်ပေးလေ့ရှိသူဖြစ်ပါတယ်။ အခု ဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ “ငါ့ကိုမချစ်ဘူး……” ဆိုတဲ့ captionလေးနဲ့ ခပ်မိုက်မိုက်ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit- Nang Khin Zay Yar- နန်းခင်ဇေယျာ’s Facebook page