ချစ်စရာကောင်းတဲ့ ဖက်ရှင်အမိုက်စားလေးနဲ့ လှရက်လွန်းနေတဲ့ ယုသန္တာတင်

Posted on

ချစ်ပရိသတ်ကြီးရေ…အပြုံးချိုချိုလေး နဲ့ အေးချမ်းတဲ့ မျက်နှာလေး ကို ပိုင်ဆိုင်ထားပြီး မြင်လိုက်ရုံ နဲ့တင် အချစ်ပိုသွားရလောက်အောင်ကို ရိုးရိုးရှင်းရှင်းအလှနဲ့ ဖမ်းစားညို့ယူနိုင်တဲ့ မင်းသမီးလေးကတော့ ယုသန္တာတင်ပဲဖြစ်ပါတယ်နော်။သူမဟာ အနုပညာလောကမှာနေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင် ရရှိထားပြီးတော့ ပရိသတ်တွေလည်း အခိုင်မာ ရရှိထားတာဖြစ်ပါတယ်။

သူမကတော့မကြာခဏ ပြည်တွင်းပြည်ပ ခရီးစဉ်တွေ ထွက်ကာ အေးဆေး အနားယူတတ်သူလေးလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ မြင်နေကျပုံစံတွေနဲ့မတူပဲ ဖက်ရှင်အမိုက်စားလေးနဲ့ လှရက်လွန်းနေတဲ့ ပုံလေးတွေကို သူရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ဆွဲဆောင်မှုရှိရှိနဲ့ လှရက် လွန်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။

ယုရဲ့ ဆွဲဆောင်မှုရှိပြီး လှရက်လွန်းနေတဲ့ မျက်နှာလေး ကို ပုံရိပ်လေး တွေ ထဲမှာ အထင်းသားမြင်တွေ့ရပါတယ်နော်။ ယုရဲ့ ခေတ်ဆန်ဆန် ဖက်ရှင်ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။ယုလည်း ဒီထက်မက အောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Sourcr & Photo Credit : Yu Thandar Tin Facebook
shwethit