ချစ်သူမမကြီးနဲ့ တွေ့တိုင်း စကားတွေ အရမ်းများလွန်းတဲ့အတွက် ပါးစပ်ကိုကော်နဲ့ကပ်ပြီး ဒဏ်ပေးခံလိုက်ရတဲ့ “မိုးအောင်ရင်”

Posted on




Credit ; Cele Thadin

unicode

ပရိသတ်ကြီးရေ သရုပ်ဆောင် မိုးအောင်ရင် ကတော့ တစ်ချိန်က နာမည်ကြီး မော်ဒယ် မြသ ဉ္ဇာလီနဲ့ ချစ်သူတွေ ဖြစ်နေကြတာ နှစ်အနည်းငယ်ရှိနေပါပြီနော်။ မိခင်ဖြစ်သူနဲ့ အသက်တူတဲ့သူကို ချစ်သူအဖြစ် ရွေးချယ်ခဲ့တဲ့အတွက်လည်း ပရိသတ်တွေရဲ့ဝေဖန်ခြင်းကို ခံခဲ့ရပါသေးတယ်။ မိုးအောင်ရင် ရဲ့ချစ်သူ မြသ ဉ္ဇာလီဟာ အသက်ကြီးသွားပေမယ့် သူမရဲ့ကိုယ်လုံးလေးကတော့ အပျိုတစ်ယောက်လို မိုက်နေဆဲပါပဲနော်။

မိုးအောင်ရင်တစ်ယောက် သူ့ထက် အသက်ကြီးတဲ့ ချစ်သူလေးနဲ့ လက်တွဲထားတဲ့အတွက် အနိုင်ကျင့်ခံနေရတာပါ။ ချစ်သူနဲ့ပတ်သက်တာတွေကိုလည်း တစ်ခါတစ်ရံမှသာ ဝေမျှပေးလေ့ရှိပါတယ်။ မကြာသေးခင်က မိုးအောင်ရင်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ အမေအရွယ်လောက်ရှိသော ချစ်သူနဲ့တွေ့တိုင်း စကားအရမ်းများလွန်းတဲ့အတွက် ပါးစပ်ကို ကော်နဲ့ကပ်ပြီး ဒဏ်ပေးခံလိုက်ရတာ ဖြစ်ပါတယ်။ သူကလည်း ” ကျွန်တော် စကားအရမ်းများလို့တဲ့..ပါးစပ်ကို အဲ့လိုအပိတ်ခံထားရတယ်..အရမ်း အနိုင်ကျင့်တာပဲဗျာ..😕” ဆိုပြီး ရေးသားထားတာ ဖြစ်တဲ့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit ; Cele Thadin