ထူးထူး ခြားခြား ဂဏန်းလိုခြေထောက် နဲ့ ပုဇွန်လိုလက် ကို မွေးရာပါ ပိုင်ဆိုင်ခဲ့သူ စတန်း

Posted on

သူရဲ့ဘဝဟာ အဆုံးသတ်တော့မလှခဲ့တာ အမှန်ပါပဲ…..(အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

ဂရက်ဒီ ဖရက်ကလင်းစတန်း ဂျူနီယာ ဟာ အမေရိကန် ထူးထူြး ခားခြား ရှိုးပွဲ ဖျော်ဖြေသူနဲ့ လူသတ်သမား ဖြစ်ပါတယ်။ သူရဲ့ ပုံသဏ္ဍာန်ဟာ မျိုးရိုးလိုက်တဲ့ အခြေအနေဖြစ်ပြီး လက်ချောင်းများနဲ့ ခြေချောင်းများဟာ ကု တ်ခြစ်ထား သလို ဖြစ်ေ နပါတယ်။ ဒြါေ ကာင့် စတန်းဟာ “Lobster Boy” ဆိုတဲ့အမည်နဲ့ စင်ပေါ်မှာ ဖျော်ဖြေခဲ့ပါတယ်။ မြန်မာလိုဆို ကျောက်ပုဇွန် ကောင်လေးလို့ ခေါ်ပါတယ်။ ဂရက်ဒီ ရဲ့ဖခင်အဆိုအရ စတန်း မိသားစုဟာ 1840 ခုနှစ်ကစတင်ပြီး ectrodactyly ( ကျောက်ပုဇွန်လိုလက်နဲ့ ဂဏန်းလိုခြေေ ထာက် မျိုးဖြစ်တတ်တဲ့ ) မွေးရာပါဟာ ရှည်လျားတဲ့ သမိုင်းကြော င်းရှိခဲ့ပါတယ်။ ဂရက်ဒီစတန်း ဂျူနီယာ ဟာ ဂရက်ဒီ ဖရက်ကလင်းစတန်း စီနီယာနဲ့ သူရဲ့ဇနီး Edna တို့ရဲ့ စတုတ္ထမြောက် သားဖြစ်ပါတယ်။ သူ့ရဲ့ပုံစံကြောင့် ဂရက်ဒီစတန်း စီနီယာဟာ ခရီးသွား ပွဲတော်ကြီးမှာ ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခု ဖြစ်ခဲ့ပါတယ်။

ဂရက်ဒီ ဂျူနီယာ မွေးဖွားပြီးနောက် ခုနစ်နှစ်သားအရွယ်မှာ သူ့ဖခင်ရဲ့ ရှိုးတွေမှာ ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပါတယ်။ စတန်း ဂျူနီယာဟာ နှစ်ကြိမ်အိမ်ထောင်ကျပြီး သားသမီး လေးေ ယာက်ရှိကာ နှစ်‌ယောက်မှာလည်း ပုဇွန်လိုလက်များ နဲ့ ဂဏန်းလိုခြေထောက်များကို ပိုင်ဆိုင်ထားပါတယ်။ စတန်းနဲ့ သူ့ကလေး နှစ်ယောက်ဟာ ” ကျောက်ပုဇွန်မိသားစု ” ဆိုပြီး လှည့်လ ည်ဖျော်ဖြေခဲ့ကြပါတယ်။ ပွဲတော်ကြီးနဲ့အတူ ခရီးမသွားတဲ့အခါ စတန်း မိသားစုဟာ ဆောင်းရာသီမှာ အခြား ပွဲတော်ကျင်းပသူများစွာ နေထိုင်‌လေ့ရှိတဲ့ ဖလော်ရီဒါပြည်နယ် ဂစ်ဆန်တွန်မြို့မှာ နေထိုင်ခဲ့ကြပါတယ်။ စတန်းဟာ အရက်သမားဖြစ်ပြီး သူ့မိသားစုကို နှိပ်စက် စော်ကားခဲ့ပါတယ်။ သူရဲ့ မွေးရာပါ ရောဂါကြောင့် နောက်ပိုင်းမှာ လမ်းမလျှောက်နိုင်တော့ပါဘူး။

တစ်ခါတရံ ဘီးတပ်ကုလားထိုင်ကို အသုံးပြု‌ပေမယ့်လည်း အများအားဖြင့်တော့ လက်နှင့် လက်‌မောင်းများကိုပဲ နေရာရွှေ့ရန် အသုံးပြုတတ်ပါတယ်။ သူရဲ့အပေါ်ပိုင်း ခန္ဓာကိုယ်ကိုဟာ သန် မာတဲ့အပြင် သူရဲ့ဒေါသနဲ့ အရက်အလွန်အကျွံသောက်ခြင်းတို့‌ကြောင့် အခြားသူများကို အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ပန်ဆယ်ဗီနီယာပြည်နယ် ပစ်စဘတ်မြို့မှာ စတန်းဟာ သမီးရဲ့ မင်္ဂလာပွဲအကြိုမှာ အကြီးဆုံးသမီးနဲ့ စေ့စပ်ထားသူကို ပစ်သတ်ခဲ့ပါတယ်။ သူ့ကို တရားရုံး ခေါ်ဆောင်သွားခဲ့ပြီး သူဟာလည်း အဲဒီလူကို သတ်ခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန် ခံခဲ့တာမို့ တတိယအဆင့် လူသတ်မှုနဲ့ စွဲချက်တင်ခံခဲ့ရပါတယ်။ သူ့လို မွေးရာပါရောဂါနဲ့ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ အကျဉ်းသားတစ်ဦးကို ပြုစုဖို့အတွက် နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုမှ အဆ င်မပြေတာကြောင့် အကျဉ်းထောင်ထဲ မပို့ဖြစ်ခဲ့ကြပါဘူး။ အဲဒီအစား စတန်းကို နေအိမ်အကျယ်ချုပ်နဲ့ ဆယ့်ငါးနှစ် ချခဲ့ပါတယ်။

အဲ့နောက်မှာ စတန်းဟာ အရက်မသောက်တော့ဘဲ အဲ့ဒီကာလအတွင်း သူရဲ့ပထမဇနီး မေရီထရီဇာနဲ့ ပြန်လည်‌ပေါင်းသင်းခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူဟာ အရက်တွေ ပြန်ေ သာက်လာပြီး သူ့မိသားစုက သူဟာ အရင်ကထက် ပိုလို့တောင် ရိုင်းစိုင်းလာတယ်လို့ ပြောပါတယ်။ ၁၉၉၂ ခုနှစ်မှာ ထရီဇာဟာ ယခင်အိမ်ထောင်မှ သားဖြစ်သူ ဟယ်ရီဂလန်း နယူမန်း ဂျူ နီယာ နဲ့အတူ စတန်းကို သတ်ဖို့ ခရစ်စ် ဝိုင်းရမ် လို့ခေါ်တဲ့ အသက် ဆယ့်ခုနစ်နှစ်အရွယ် ရှိုးဖျော်ဖြေသူကို ဒေါ်လာ ၁၅၀၀ ဖြင့် ငှားရမ်းခဲ့ပါတယ်။ ဝိုင်းရမ်ဟာ ဒုတိယအဆင့် လူသတ်မှုနဲ့ ထော င်ဒဏ် ၂၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဟယ်ရီနယူးမန်းဟာ နောက်ပိုင်းမှာ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချခံရပြီး လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနဲ့ ငှားရမ်းခဲ့တဲ့ ထရီဇာကိုတော့ ထော င်ဒဏ် ၄၃ နှစ် ချမှတ်ခဲ့ပါတယ်။

crd