crd
unicode
အဆိုတော်လောကမှာကော ရုပ်ရှင်အနုပညာလောကမှာပါ နာမည်တစ်လုံးနဲ့ရပ်တည်နေခဲ့ပြီးတော့ အကယ်ဒမီဆုကြီးကို ထိုက်တန်စွာရရှိထားသူကတော့ မင်းသမီးချော ထွန်းအိန္ဒြာဗိုလ်ပဲဖြစ်ပါတယ်။ သူမဟာ လက်တလောမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိုသာ အချိန်ပေးနေခဲ့တာကို တွေ့ရပါတယ်။
အကယ်ဒမီဆုတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာအလုပ်တွေကို ယခုချိန်ထိ တစ်စိုက်မက်မက် လုပ်ဆောင်နေတဲ့ ဝါရင့်မင်းသမီးကြီး တစ်ယောက်ဖြစ်ပါတယ်။ဇာတ်ကားတွေ အများအပြားကို အပိုအလိုမရှိတဲ့ အိုင်တင်တွေနဲ့ သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ပရိတ်သတ်တွေကပေးတဲ့ အကယ်ဒမီဆုတွေကို ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။
မခိုင်လို့ ချစ်စနိုးခေါ်ကြပြီး သဘောကောင်းစိတ်ထားဖြူစင်လို့ လူချစ်လူခင်ပေါများနေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း နန်းတော်ကြီးအလား ထင်ရလောက်တဲ့ သူမရဲ့ခမ်းနားကြီးကျယ်လှတဲ့ အခန်းပြင်ဆင်မှုကိုပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
crd