Credit
Unicode
ပရိသတ်ကြီးရေ အသက် (၃၀) ကျော်တဲ့အထိ နုပျိုလှပပြီး မြင်သူတကာ ငေးမောရလောက်အောင် ဆွဲဆောင်မှု ရှိနေ သူလေ းကတော့ မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။ သူမကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်လက် ဖြစ်ပါတယ်။ ဇာတ်ကားတိုင်းလိုလို အပိုလိုမရှိ ကွက်တိသရုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ပရိသတ်တွေက ချစ်နေကြတာ ဖြစ်ပါတယ်။
မမြတ်လေးမှာ ချစ်သူကောင်လေးရှိပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍန် ကိုတော့ တော်ရုံ ထုတ်ပြလေ့ မရှိပါ ဘူးနော်။ မကြာခင်မှာ လက်ထပ် တော့မယ်လို့ ကြေငြာနေတာကြောင့် ပရိသတ်တွေက အေးမြတ်သူရဲ့ ချစ်သူလေးကို အရမ်းသိချင်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်က အေးမြတ်သူရဲ့ Instagram story တွင် ဗီဒီယိုလေး တစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ လူတိုင်းနီးပါး သိချင်နေကြတဲ့ သူမရဲ့ချစ်သူကောင်လေးကို တရားဝင် ထုတ်ပြလိုက်တဲ့ အေးမြတ်သူရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ မမြတ်လေးကတော့ ဆာရီဝတ်စုံနဲ့ကားပေါ်မှာ ဗီဒီယိုရိုက်ရင်း သူမရဲ့ ချစ်သူလေးကိုပါ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း အေးမြတ်သူတို့ချစ်သူနှစ်ဦးရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးကြပါဦးနော်။
Credit