မတူညီတဲ့ အိုက်တင်လေးတွေနဲ့ တမျိုးလေးဆွဲဆောင်မှုတွေပိုနေတဲ့ ပရိသတ်အချစ်တော်မလေး မေတိုးခိုင်

Posted on

ပရိသတ်ကြီးရေ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားလေးနဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူလေးကတော့ တက်သစ်စသရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲဖြစ်ပါတယ်မေတိုးခိုင်က အကယ်ဒမီများစွာရရှိထားပြီး မြန်မာနိုင်ငံရဲ့ ထိတ်တန်းမင်းသမီးတလက်ဖြစ်တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးပဲဖြစ်ပါတယ်။ အဒေါ်ဖြစ်သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားကျပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မေတိုးခိုင်က ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာလည်းဖြစ်ပါတယ်………။

မေတိုးခိုင်က ရွှေကြိုမယ်အဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ တွဲဖက်လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ မေတိုးခိုင်က လတ်တလောမှာတော့ ကြော်ငြာတွေနဲ့ Photo shootingတွေကို လက်ခံရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ မကြာသေးမီအချိန်က သူမရဲ့ မိသားစုတွေနဲ့အတူ ခရီးစဉ်တိုလေးတစ်ခုကိုလည်း ထွက်ခဲ့ပါသေးတယ်……..။

ယခုလက်ရှိမှာတော့ မေတိုးခိုင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ခရီးသွားရောက်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်ခေါင်မိုးပေါ်မှာ အထာကျကျဓာတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာပြီး ” လူက ရန်ကုန်မှာ ပုံတွေက ခရီးမှာ ရှိတုန်း ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ….ချစ်ရတဲ့ ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် မေတိုးခိုင်ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်………။

Photo credit – May Toe Khine – မေတိုးခိုင်’s FB page

Source – May Toe Khine – မေတိုးခိုင်’s FB page