crd
unicode
စစ်တွေကမ်းခြေမှာ တော့ ထူးထူးခြားခြား သဲချိုင့်ခွက်ကြီးတွေ စတင်ဖြစ်နေပြီလို့ ဒေသခံ တယောက်ကတင်ထားတယ်။ မုန်တိုင်း တနာရီ မိုင် (၁၀၀) လောက် နဲ့ ဝင်ဆောင့်တာ ခံရမယ့် စစ်တွေ နဲ့ ကျောက်ဖြူ က မိတ်ဆွေတွေ အတွက် စိတ်ပူတယ်? ဆူနာမီတုန်းက လဲ ခုလို ပုံမှန်မဟုတ်တဲ့ လဏ္ခာတွေ ပြတယ်။ အဲတုန်းက သတိမထိထားကြ အတွေ့အကြုံ မရှိကြသေးလို့။
ခုတခါကတော့ လူသာအဓိက လွတ်နိုင်သလောက်သာ ကမ်းခြေနဲ့ ဝေးဝေးပြေးပေတော့ အမြင့်ပေ အနည်းဆုံး ၃၀ ကျော်လောက် မြင့်မယ့်နေရာတွေ ခိုင်ခံတဲ့ အဆောက်အဉီးတွေ ဆီ ကြိုရှောင်ထားကြပါ။ လေ့လာမိသလောက် လိုက်ရှာကြည့်တာ စစ်တွေ ကမ်းခြေနားကို ရိုက်ခတ်မယ့် ဒီလှိုင်း အမြင့်က ၁၉ ပေ ၂၀ နီးပါး ရှိပါတယ်။ (၂) ထပ်တိုက် အမြင့်နီးပါး ရှိပါတယ် ခြောက်တာ လှန့်တာ မဟုတ်ပါ။ အားလုံးအတွက် စိုးရိမ်ရလို့ပါ။
ခုပုံတွေ ရိုက်တင်ပေးလိုက်တဲ့ MMK ဆိုတဲ့ ညီလေးကတော့ ရှောင်စရာ သွားစရာလဲ နေရာ မရှိလို့ မုန်တိုင်း ကို ရင်ဆိုင်လိုက် မယ်တဲ့ စိတ်မကောင်းစရာပဲ။ ကမ်းခြေမှာ ဆက်နေမယ့်အစား အရေးကြီးတာလေး သယ်ပြီး ကုန်းတွင်းပိုင်းဆီ လမ်းလျှောက်သွားရင် တရက်ခရီးဆိုရင် ဆိုသလောက် ခိုလို့ ရမယ့် တနေရာရာတော့ တွေ့နိုင်ပါတယ် ညီရေ။ အသက် ဉာဏ်စောင့်ပါတယ်။
crd