“လွှမ်းပိုင် နဲ့ Bobby Soxer” တို့ရဲ့ လမ်းခွဲမှုနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့ “အိစိကွေး”

Posted on




Credit

unicode

ကလေးသရုပ်ဆောင် အိစိကွေးဆိုပြီး ပရိသတ်တွေ အားပေး ခဲ့ရတဲ့ အိစိကွေးက အခုဆိုရင် ဆယ်ကျော်သက်အရွယ် လူပျိုဖားဖားကြီးတစ်ယောက်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက အနုပညာလောက ထဲမှာ ကျင်လည် ဖြတ်သန်းလာခဲ့သူပီပီ အိစိကွေးက အခုအချိန်ထိတိုင် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ပရိသတ် ချစ်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်နေဆဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ခြင်းအပြင် သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးဆိုတဲ့ အိစိကွေးက သူ့ရဲ့ သီချင်းတွေကိုလည်း ပရိသတ်တွေဆီ ချပြသူတစ်ယောက်လည်း ဖြစ်ပါတယ်။

လူငယ်လူရွယ်တစ်ယောက်ပီပီ အချစ်နဲ့ပတ်သက်ပြီးခံစားတတ်နေပြီဖြစ်တဲ့ အိစိကွေးဟာ ဒီကနေ့မှာတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ လမ်းခွဲမှုနဲ့ပတ်သက်ပြီး လူတစ်ယောက်ကရေးထားတဲ့ ယောကျာ်းလေးတွေက လမ်းခွဲမှုမှာ မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်တယ်ဆိုတဲ့ ရေးသားချက်ကို ငြင်းဆန်လာတာတွေ့ရပါတယ်။ အိစိကွေးက အဆိုပါ ပိုစ့်လေးကို Share ကာ “ယောက်ျားလေး တိုင်းတော့ မဟုတ်ပါဘူးကွာ ။ တစ်ချို့ကောင်တွေလည်း trauma ကြီးနဲ့ Time loop ထဲရောက်နေသလိုတွေ ရှိပါတယ် :)) အဓိကကတော့ တကယ်ချစ်တဲ့သူနဲ့ပဲ ဆိုင်ပါတယ်” ဆိုပြီး ပြောလာပါတယ်။

အိစိကွေးကတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ လမ်းခွဲမှုနဲ့ပတ်သက်ပြီး ယောကျာ်းတိုင်းက မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်တာမဟုတ်ဘူးလို့ သူ့ရဲ့ခံစားချက်နဲ့ယှဉ်ပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ အိစိကွေးကလည်း သူ့အနေနဲ့ အသည်းလည်းကွဲခဲ့ဖူးပြီမို့ အသည်းကွဲရတဲ့ခံစားချက်ကို နားလည်နေပြီပဲဖြစ်ပါတယ်။

Credit