crd
unicode
ပရိတ်သတ်ကြီးရေ သရုပ်ဆောင်ပြေတီဦးကကတော့အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့အတူကျရာ ဇာတ်ကောင်တွေမှာအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ တာကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားပါတယ်နော်။
သရုပ်ဆောင်ပြေတီဥိးကတော့ တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူလမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅က၊ဖြင့်အမှုဖွင့်ထားခြင်းခံရပြီးမတရားအဖမ်းဆီးထိန်းသိမ်းထားခံရပါတယ်နော်။
သူကပြီးခဲ့တဲ့မတ်လ၂ရက်နေ့မှာဆိုရင်မတရားအဖမ်းဆီးထိန်းသိမ်းခံထားရာမှ ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်နော်။ ယနေ့မှာတော့ညီမလေးဖြစ်သူ ငွေတီဦးကအကိုဖြစ်သူပြေတီဦးအကြောင်း ယခုလိုပဲပြောပြလာပါတယ်ပရိတ်သတ်ကြီးရေ။“ ဦးတီ က အေးအေးဆေးဆေး နဲ့ အဆင်ပြေပြေ ရှိနေပါတယ်။ ဦးတီ မှာ ကိုယ့်အတွက် စံပြ ဖြစ်စရာ အရာတွေ အများကြီး ရှိတယ်။ ဦးတီ က ပျော်ပျော်နေတတ် သူမို့ အရမ်း အစကြမ်းတယ်” လို့ ပြောပြလာပါတယ်ပရိတ်သတ်ကြီးရေ။
crd