အခက္အခဲေတြျခားက ႀကိဳးစားၿပီးေမြးထားရတဲ့ သမီးေလး တစ္ႏွစ္ျပည့္သြားၿပီျဖစ္ေၾကာင္း ေျပာလာတဲ့ “ေဒါက္တာျမဝတ္ရည္”

Posted on

ပရိသတ္ႀကီးေရ ေဒါက္တာျမဝတ္ရည္ကေတာ့ အေစာဆုံး CDM လႈပ္ရွားမႈမွာ ပါဝင္ခဲ့ၿပီး ျပည္သူဘက္ကရပ္တည္ခဲ့တညလည္း ျဖစ္ပါတယ္။ဒါေၾကာင့္ စစ္ေကာင္စီက ဖမ္းဝရမ္းထုတ္ခဲ့ၿပီး ေဒါက္တာ ျမဝတ္ရည္က ကိုယ္ဝန္ႀကီးကို လြတ္ေျမာက္နယ္ေျမကို ထြက္ေျပးတိမ္းေရွာင္ခဲ့ရတာလည္း ျဖစ္ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အခုဆိုရင္ အခက္အခဲေတြျခားက ႀကိဳးစားၿပီး ေမြးထားရတဲ့ သမီးေလး Mia တစ္ႏွစ္ျပည့္သြားၿပီျဖစ္ေၾကာင္း ေျပာျပလာတာလည္းျဖစ္ပါတယ္။ ျမဝတ္ရည္က Happy 1st birthday ပါ ေမေမ့သမီး Mia ေလးေရ (ကေလးကိုေတာ့ ေပ်ာ္ေစခ်င္တယ္) ေမြးကတည္းက အခက္အခဲေတြနဲ႔ ေမြးခဲ့ရေပမယ့္ ခုခ်ိန္ထိ ေမေမတို႔နဲ႔ တူတူ ႀကဳံလာသမွ် ေလာကဓံကို ႀကံ့ႀကံ့ခံၿပီး က်န္းက်န္းမာမာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရွိေနေပးလို႔ အရမ္းခ်စ္ရေက်းဇူးတင္ရပါတယ္။တစ္ႏွစ္ျပည့္ေမြးေန႔ကစလို႔ လိုအင္ဆႏၵေတြ ျပည့္ဝပါေစ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ထူးခြၽန္ထက္ျမက္တဲ့ အမွန္အမွား ခြဲျခားတတ္ၿပီး အမွန္တရားကို ျမတ္ႏိုးတဲ့ အမွန္တရားအတြက္ ရပ္တည္ရဲတဲ့ မတရားမႈေတြကို လက္ေရွာင္မေနတတ္တဲ့ ကိုယ့္အားကိုယ္ကိုးတတ္တဲ့ အမ်ားအက်ိဳး သယ္ပိုးႏိုင္တဲ့ လူပီသတဲ့ လူသားဆန္တဲ့ ကိုယ္ခ်င္းစာတရား ေမတၱာတရားႀကီးမားတဲ့ ေလာကႀကီးကို အက်ိဳးျပဳႏိုင္တဲ့ လူသားတစ္ေယာက္အျဖစ္ ဂုဏ္ရွိစြာ ရွင္သန္ေနထိုင္ႏိုင္ပါေစ သက္ရွည္က်န္းမာပါေစ လို႔ ခ်စ္ရတဲ့ ေမေမက ေမြးေန႔ ဆုေတာင္းေပးလိုက္ပါတယ္ သမီးေလးေရ

သမီးေလး Mia နာမည္ကိုလည္းေစာအမရာဉာဏ္လို႔ အမည္ေပး ေခၚထြင္လိုက္ပါၿပီ။သမီးေလး တစ္ႏွစ္ျပည့္အတြက္ ရည္႐ြယ္လႉဒါန္းထားတဲ့ အစုစုေတြလည္း အက်ိဳးလက္ငင္း ျဖစ္ထြန္းေပါက္ေျမာက္ၾကပါေစ။ Ps – အိပ္ခါနီး နက္ျဖန္ သူ႔ေမြးေန႔ဆိုတာ သိလို႔လား မသိဘူး ေတာ္ေတာ္နဲ႔ မအိပ္ဘဲ လက္ခုပ္ေတြတီးေနတယ္ သေဘာက Happy birthday song ဆိုေပးပါေပါ့ခုေတာ့ အေတာ္ အိပ္ေမာက်ေနရွာၿပီသဲတုံးေလးကေမေမ့သဲေလးက ဘယ္မွာလဲေမးရင္ သူ႔ရင္ဘတ္ကို ပုတ္ျပတတ္ေနၿပီဆိုၿပီးေျပာျပလာတာျဖစ္ပါတယ္။

crd

unicode

ပရိသတ်ကြီးရေ ဒေါက်တာမြဝတ်ရည်ကတော့ အစောဆုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ပြည်သူဘက်ကရပ်တည်ခဲ့တညလည်း ဖြစ်ပါတယ်။ဒါကြောင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဒေါက်တာ မြဝတ်ရည်က ကိုယ်ဝန်ကြီးကို လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အခုဆိုရင် အခက်အခဲတွေခြားက ကြိုးစားပြီး မွေးထားရတဲ့ သမီးလေး Mia တစ်နှစ်ပြည့်သွားပြီဖြစ်ကြောင်း ပြောပြလာတာလည်းဖြစ်ပါတယ်။ မြဝတ်ရည်က Happy 1st birthday ပါ မေမေ့သမီး Mia လေးရေ (ကလေးကိုတော့ ပျော်စေချင်တယ်) မွေးကတည်းက အခက်အခဲတွေနဲ့ မွေးခဲ့ရပေမယ့် ခုချိန်ထိ မေမေတို့နဲ့ တူတူ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေပေးလို့ အရမ်းချစ်ရကျေးဇူးတင်ရပါတယ်။တစ်နှစ်ပြည့်မွေးနေ့ကစလို့ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။

ထူးချွန်ထက်မြက်တဲ့ အမှန်အမှား ခွဲခြားတတ်ပြီး အမှန်တရားကို မြတ်နိုးတဲ့ အမှန်တရားအတွက် ရပ်တည်ရဲတဲ့ မတရားမှုတွေကို လက်ရှောင်မနေတတ်တဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အများအကျိုး သယ်ပိုးနိုင်တဲ့ လူပီသတဲ့ လူသားဆန်တဲ့ ကိုယ်ချင်းစာတရား မေတ္တာတရားကြီးမားတဲ့ လောကကြီးကို အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ် ဂုဏ်ရှိစွာ ရှင်သန်နေထိုင်နိုင်ပါစေ သက်ရှည်ကျန်းမာပါစေ လို့ ချစ်ရတဲ့ မေမေက မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ

သမီးလေး Mia နာမည်ကိုလည်းစောအမရာဉာဏ်လို့ အမည်ပေး ခေါ်ထွင်လိုက်ပါပြီ။သမီးလေး တစ်နှစ်ပြည့်အတွက် ရည်ရွယ်လှူဒါန်းထားတဲ့ အစုစုတွေလည်း အကျိုးလက်ငင်း ဖြစ်ထွန်းပေါက်မြောက်ကြပါစေ။ Ps – အိပ်ခါနီး နက်ဖြန် သူ့မွေးနေ့ဆိုတာ သိလို့လား မသိဘူး တော်တော်နဲ့ မအိပ်ဘဲ လက်ခုပ်တွေတီးနေတယ် သဘောက Happy birthday song ဆိုပေးပါပေါ့ခုတော့ အတော် အိပ်မောကျနေရှာပြီသဲတုံးလေးကမေမေ့သဲလေးက ဘယ်မှာလဲမေးရင် သူ့ရင်ဘတ်ကို ပုတ်ပြတတ်နေပြီဆိုပြီးပြောပြလာတာဖြစ်ပါတယ်။

crd